You are here
Home > အနုပညာ > သစ္တံခါး ဆရာေတာ္ဘုရားႀကီးအားအမွဴးထားျပီး အလွဴအတန္းေတြျပဳလုပ္ခဲ့တဲ့ သုသု

သစ္တံခါး ဆရာေတာ္ဘုရားႀကီးအားအမွဴးထားျပီး အလွဴအတန္းေတြျပဳလုပ္ခဲ့တဲ့ သုသု

သုသုကေတာ့ “က်ားက်ားႀကိဳက္ႀကိဳက္”ရုပ္ရွင္ဇာတ္ကားကေန ပရိသတ္အားေပးမႈကို တခဲနက္ပိုင္ဆိုင္ရရွိထားတဲ့ အနုပညာရွင္တစ္ေယာက္ပါ။ သုသုဟာ မိတ္ကပ္ေလာကမွာ ထူးခၽြန္ထက္ျမတ္သူတစ္ေယာက္ျဖစ္ျပီး ပထဦးဆံုးအေနနဲ႕ “က်ားက်ားႀကိဳက္ႀကိဳက္”ရုပ္ရွင္ဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားေလးဟာဆိုရင္ ပရိသတ္ေတြအတြက္ ဘ၀အေမာေတြကို ေျပေပ်ာက္ေစတဲ့ ဇာတ္ကားေလးတစ္ကားျဖစ္တာေၾကာင့္ ရံုျပည့္ရံုလွ်ံျဖစ္တဲ့ အထိ ပရိသတ္အားေပးမႈကို ရရွိခဲ့တာျဖစ္ပါတယ္။

လတ္တေလာမွာလည္း သုသုက ရဲေနာင္ရဲ႕” သိပ္ခ်စ္လို႔ ” ဆိုတဲ့သီခ်င္းေလးမွာ မိန္းကေေလးတစ္ေယာက္ပံုစံနဲ႕မဟုတ္ဘဲ ေယာက္က်ာ္းႀကီးတစ္ေယာက္ပံုစံနဲ႕ ပါ၀င္ပံုေဖာ္သရုပ္ေဆာင္ထားတယ္လို႕ သိရပါတယ္။အနုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေနျပီျဖစ္တဲ့ သုသုကေတာ့ စိတ္သေဘာထားျဖဴစင္သူတစ္ေယာက္ျဖစ္ျပီး ရိုးသားပြင့္လင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒါ့အျပင္ အလွဴအတန္းလုပ္တဲ့ ေနရာမွာလည္း သဒါၵတရား ထက္သန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုင္ဆိုင္ရရွိေနတာဆိုလည္း မမွားပါဘူး။

လက္ရွိမွာလည္း သစ္တံခါး ဆရာေတာ္ ဘုရားႀကီးအမႉးထား၍ သစ္တံခါး သားသမီးမ်ားနဲ႕အတူ အလွဴအတန္း(၃)ခု ျပဳလုပ္ေနတာျဖစ္ပါတယ္။ အဲဒီအလွဴေတြကိုေတာ့ ” သစ္တံခါး သားသမီးမ်ား ထမင္း ဝက္သားဟင္း ငါးေျခာက္ေၾကာ္ သရက္ခ်ဥ္သုပ္ စတုဒီသာအလွဴ၊ (၆၇) ႀကိမ္ အဘ ေအာင္မင္းေခါင္ထြက္ပြဲ ပြဲကပ္အလွဴ၊ေရာက္ေလရာ ေမ်ာက္စာေကၽြးတဲ့ ကၽြန္မ အလွဴ”လို႕ သုသုက သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နွာမွာ ေရးသားထားတာျဖစ္ပါတယ္။ဆယ္လီကမၻာပရိသတ္ႀကီးေရ သုသုရဲ႕ မြန္ျမတ္လွတဲ့ အလွဴေတြအတြက္ သာဓုေခၚခဲ့ပါဦးေနာ္…..။

Source :Nyi Nyi Maung
ခ်စ္သဲေမ – CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“သစ်တံခါး ဆရာတော်ဘုရားကြီးအားအမှူးထားပြီး အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ သုသု”

သုသုကတော့ “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သုသုဟာ မိတ်ကပ်လောကမှာ ထူးချွန်ထက်မြတ်သူတစ်ယောက်ဖြစ်ပြီး ပထဦးဆုံးအနေနဲ့ “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် ပရိသတ်တွေအတွက် ဘဝအမောတွေကို ပြေပျောက်စေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုံပြည့်ရုံလျှံဖြစ်တဲ့ အထိ ပရိသတ်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာလည်း သုသုက ရဲနောင်ရဲ့” သိပ်ချစ်လို့ ” ဆိုတဲ့သီချင်းလေးမှာ မိန်းကေလေးတစ်ယောက်ပုံစံနဲ့မဟုတ်ဘဲ ယောက်ကျာ်းကြီးတစ်ယောက်ပုံစံနဲ့ ပါဝင်ပုံဖော်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီဖြစ်တဲ့ သုသုကတော့ စိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်ပြီး ရိုးသားပွင့်လင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းလုပ်တဲ့ နေရာမှာလည်း သဒါ္ဒတရား ထက်သန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိနေတာဆိုလည်း မမှားပါဘူး။

လက်ရှိမှာလည်း သစ်တံခါး ဆရာတော် ဘုရားကြီးအမှူးထား၍ သစ်တံခါး သားသမီးများနဲ့အတူ အလှူအတန်း(၃)ခု ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီအလှူတွေကိုတော့ ” သစ်တံခါး သားသမီးများ ထမင်း ဝက်သားဟင်း ငါးခြောက်ကြော် သရက်ချဉ်သုပ် စတုဒီသာအလှူ၊ (၆၇) ကြိမ် အဘ အောင်မင်းခေါင်ထွက်ပွဲ ပွဲကပ်အလှူ၊ရောက်လေရာ မျောက်စာကျွေးတဲ့ ကျွန်မ အလှူ”လို့ သုသုက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သုသုရဲ့ မွန်မြတ်လှတဲ့ အလှူတွေအတွက် သာဓုခေါ်ခဲ့ပါဦးနော်…..။
Source :Nyi Nyi Maung
ချစ်သဲမေ – CeleGabar

Top
//meenetiy.com/4/3018672