You are here
Home > အနုပညာ > ေအာင္ျမင္လာတဲ့သူတစ္ေယာက္ ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ေမေမ ကို ေက်းဇူးတင္စကားဆိုလိုက္တဲ့ ေရဝတီေလး

ေအာင္ျမင္လာတဲ့သူတစ္ေယာက္ ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ေမေမ ကို ေက်းဇူးတင္စကားဆိုလိုက္တဲ့ ေရဝတီေလး

နန္းစႏၵာလွထြန္းကေတာ့ ပရိသတ္ေတြက သဘာဝဇာတ္လမ္းတြဲ မင္းသမီးအျဖစ္သတ္မွတ္ထားတဲ့ ရွမ္းတိုင္းရင္းသူေလးတစ္ေယာက္ ျဖစ္ၿပီး Miss World Myanmar ( 2015 )Second Runner Up အလွမယ္တစ္ဦးျဖစ္ပါတယ္။ ေယာက်ာ္းေလးပရိသတ္ေတြ အသည္းစြဲ အားေပးၾကတဲ့အျပင္ မိန္းကေလးပရိသတ္ေတြကပါ သူ႔ရဲ႕ အျပဳအမူအေျပာေလးေတြကို ႏွစ္သက္သေဘာ က်ခံရတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။

ပထမဆုံးသူမ႐ိုက္ကူးခဲ့တဲ့ဇာတ္လမ္းတြဲ ျဖစ္တဲ့ ပၪၥလက္႐ြာ ဇာတ္လမ္းတြဲ မွ ေရဝတီ ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္ေတြတစ္ခဲနက္ အားေပးမႈကိုရရွိခဲ့သူေလးပဲ ျဖစ္ပါတယ္။ ထပ္မံ ၿပီး ”အရိပ္” ဇာတ္လမ္းတြဲမွာလည္း နာ့စ္ဆရာမေလး သက္သက္ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္အသည္းကို ထပ္မံေႁခြခဲ့သူေလးျဖစ္ပါတယ္။ ဘယ္ဇာတ္႐ုပ္မဆို သဘာဝက်က် ပီျပင္ေအာင္ စိတ္ႏွစ္ ႐ိုက္ကူးတတ္တာဟာ သူမရဲ႕ ပုံစံ ပါပဲေနာ္။”ဝကၤပါရွင္းတမ္း” ဇာတ္လမ္းတြဲ မွာလည္း ” ဟန္နီ” ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြကို ထပ္မံဆြဲေဆာင္ႏိုင္ခဲ့သူေလး ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နယ္ဘက္မွာ “ကၽြန္ေတာ္မုန္းတဲ့ကၽြန္ေတာ္ “ဇာတ္လမ္းတြဲရုက္ကူးခဲ့တာပဲ ျဖစ္ၿပီး သူမရဲ႕လႈပ္ရွားမႈေတြကို ပရိသတ္ေတြနဲ႔ အဆက္မျပတ္ေအာင္ အၿမဲမွ်ေဝေနတာပဲ ျဖစ္ပါတယ္။လက္ရွိမွာလည္း ” မာမားေရ …သမီးကိုခ်စ္တဲ့ သူတို႔ေလးေတြ လုပ္ထားေပးတာ ….သမီးကို အခုလိုမ်ိဳးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္လာေပးတဲ့ ” ေမေမ” ေက်းဇူးတင္ပါတယ္ဆိုတဲ့စကားကို ဘယ္လို စကားလံုးမ်ိဳးေရးၿပီး ေဖာ္ျပရမွန္းေတာင္ မသိပါဘူးမာမား ခ်စ္တယ္ေနာ္ ။အခုလိုမ်ိဳးကိုယ့္ကို ဂ႐ုတစိုက္နဲ႔ ခ်စ္ေပးတဲ့ ကိုယ့္ Nannies ေတြကိုလည္းခ်စ္တယ္လို ႔ “ဆိုကာ ပရိသတ္ေတြျပဳလုပ္ေပးထားတဲ့ သူမနဲ့သူမေမေမရဲ႕ ပံုရိပ္ေလးေတြရဲ႕ ဗီဒီယိုေလးကို တင္ထားခဲ့တာ႔ဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ ေရဝတီေလးလို အေမကို ေက်းဇူးတင္ခ်င္တဲ့သူေတြမ်ားရွိလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

” အောင်မြင်လာတဲ့သူတစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မေမေ ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ရေဝတီလေး ”

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး Miss World Myanmar ( 2015 )Second Runner Up အလှမယ်တစ်ဦးဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘော ကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ ပုံစံ ပါပဲနော်။”ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။

လက်ရှိမှာတော့ နယ်ဘက်မှာ “ကျွန်တော်မုန်းတဲ့ကျွန်တော် “ဇာတ်လမ်းတွဲရုက်ကူးခဲ့တာပဲ ဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အမြဲမျှဝေနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ” မာမားရေ …သမီးကိုချစ်တဲ့ သူတို့လေးတွေ လုပ်ထားပေးတာ ….သမီးကို အခုလိုမျိုးဖြစ်အောင် ပြုစုပျိုးထောင်လာပေးတဲ့ ” မေမေ” ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို ဘယ်လို စကားလုံးမျိုးရေးပြီး ဖော်ပြရမှန်းတောင် မသိပါဘူးမာမား ချစ်တယ်နော် ။အခုလိုမျိုးကိုယ့်ကို ဂရုတစိုက်နဲ့ ချစ်ပေးတဲ့ ကိုယ့် Nannies တွေကိုလည်းချစ်တယ်လို့ “ဆိုကာ ပရိသတ်တွေပြုလုပ်ပေးထားတဲ့ သူမနဲ့သူမမေမေရဲ့ ပုံရိပ်လေးတွေရဲ့ ဗီဒီယိုလေးကို တင်ထားခဲ့တာ့ဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရေဝတီလေးလို အမေကို ကျေးဇူးတင်ချင်တဲ့သူတွေများရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Nan Sandar Hla Htun
Shwe Poe – CeleGabar

Top
//meenetiy.com/4/3018672