
မျက်စိ လုံးဝကွယ်သွားပြီဖြစ်တဲ့ လက်ဝဲကုန်းဘုန်းဘုန်းရဲ့ ဒုက္ခ က မသေးလှပါဘူး
ဘုန်းဘုန်း လုပ်ချင်တဲ့မိန့်ထားတာလေးတွေ သွားပို့တယ်
ဆွမ်းချိုင့် ပါသွားတော့ ဘုန်းပေးနှင့်ပီးပီတဲ့
ဆွမ်းဟင်းကိုကြည့်လိုက်တော့ ပဲပုတ်ထောင်းနဲ့ခဝဲသီး (2)မယ်ပြန်ဘုန်းပေးအုန်းမယ်မိန့်လို့ ပါလာတဲ့ဆွမ်းချိုင့် အချိုပွဲကပ် နေတုန်း ရွာသားတစ်ယောက်ရောက်လာတယ်
မနက်က ဘုန်းဘုန်းရယ် အနောက်ကြမ်းပြင်းက ကျမလိုဖြစ်တယ်တဲ့ ကျောင်းထဲစမ်းဝင်တာ အကာကွါနေတဲ့ ဘက်ကိုသွားမိပြီး လေထဲ ခြေတောက်တစ်ချောင်းရောက်သွားတာ သူမြင်လိုက်တဲ့ချိန် ကျတော့မလိုဖြစ်နေပြီတဲ့ ပြေးပြီး ခါးကိုဖက် အတင်းဆွဲပလိုက်လို့ မကျတာတဲ့
မနေ့ကတော့ ကုဋီက အပြန် ကျောင်းပေါ်တက်တာ ကားလမ်းမကိုရောက်သွားပြီး လမ်းမပေါ်မှာခြေကားယားလက်ကားယားစမ်းနေတာ ခရစ်ယာန်အမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီး မေးတော့ ကျောင်းပေါ်တက်မလို့ လို့ပြောသတဲ့အဲဒါနဲ့ အဲဒီအမျိုးသမီးကပဲ ကျောင်းပေါ်တင်ပေးထားခဲ့ရတယ်တဲ့
စိတ်မကောင်းလွန်းလို့ မျက်ရည်ပါ ကျမိတယ်
ဒါနဲ့ ချက်ချင်း ရွာကိုဖုန်းဆက် သံယူလာခဲ့ပါဆိုတော့ ကျောင်းကြီးဘုန်းဘုန်းပါ လိုက်လာပြီး..ပျဉ်ပြားနဲ့ အကာတွေရိုက် ရေပိုက်ပျက်တာပြင် မီးသီးပျက်တာတွေပြင် ကျောင်းသန့်ရှင်းရေးတွေလုပ် ထားခဲ့တယ်
ဘုန်းဘုန်းနဲ့စကားတွေပြောရင်း ကျန်းမာရေးအရ အောက်ထပ်မှာ ပြောင်းပြီးသီတင်သုံးရင် ကောင်းမယ် ဆိုတော့ ပြောင်းချင်တယ်တဲ့…ကျောင်းစောင့်လေးရှိရင်ကောင်းပေမဲ့ လူနည်းစုဆိုတော့အဆင်မပြေတဲ့..ညအိပ်စောင့်ပေးတဲ့သူတော့ လာတယ်တဲ့
အရင်က ရိပ်ရိပ်လေးမြင်တယ်တဲ့…ခု ဘာမှကိုမမြင်ရတော့တာတဲ့
မင်းဘူး ကလေးမြို့ ထီးဆောင်းတွေလည်း သွားကုပြီးပြီ….မင်းဘူးကတော့ မရတော့ဘူးလို့ပြောလိုက်တာတဲ့
သက်တော် (73)နှစ်၊ ဗုဒ္ဓဘာသာ (9)အိမ်သာရှိတဲ့ရွာလေးမှာ မျက်စိမမြင်ပဲ..တစ်ပါးတည်းသီတင်းသုံးရတာ တော်တော်ကို အဆင်မပြေဖြစ်နေတယ် ရှင်
ကျောင်းအောက်ထပ်ကို ပြုပြင်ပြီး ရေချိုး ကုဋီတက် အိပ်ရေး နေရေး စားရေး အဆင်ပြေအောင် စီစဉ်ပေးချင်ပါတယ်ရှင်
အကြံဥာဏ်လေး အကူညီလေးပေးကြပါအုန်းရှင်
ကျမတော့လေ စိတ်အကြီးကြီးတွေ ညစ်လာခဲ့တော့တာရှင်
ဆရာတော်ကို လှူဒါန်းချင်တယ် ဆိုရင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာအုပ်စု လက်ဝဲကုန်းရွာ မှာ သီတင်းသုံးနေပါတယ်ရှင်. . .လှူချင်တဲ့သူတွေ တွေ့ရအောင် ရှယ်ပေးပါဦးရှင်Ma Zin Zin – ဖုန်း – 09 – 457733359