(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” မွေးနေ့လက်ဆောင်အဖြစ် သိန်း (၃၀၀) ကျော်တန် ကားသစ်ကြီးကို လက်ဆောင်ရခဲ့တဲ့ ယုန်လေး ”
ပျော်စရာကောင်းတဲ့ ယုန်လေးရဲ့မွေးနေ့မှာ ချစ်သူခင်သူတွေက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ Birthday Party လေးတောင် လုပ်ခဲ့ကြပါသေးတယ်။ အမြဲတမ်းစိတ်သဘော ကောင်းပြီးကူညီတတ်တဲ့ ယုန်လေးကတော့ စေတနာရောင်ပြန်ဟပ်တယ်လို့ပဲဆိုရတော့မှာပါ ပရိသတ်ကြီးရေ။ မွေးနေ့မှာ Car Showroom တစ်ခုက သိန်း ၄၀၀ နီးပါး ကားသစ်ကြီးတစ်စီးကို လက်ဆောင်အဖြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ့်ကိုအမိုက်စားကားကြီးက ကြွေချင်စရာပါ။
မွေးနေ့လက်ဆောင်ပေးလို့ ယုန်လေးက ” BAIC ကို အထူးကျေးဇူးပါ။ မွေးနေ့မှာ 2019 . O ကီလို .X55 Sub BAIC ကို လက်ဆောင်ပေးတဲ့ အတွက် Special Thank အစောကြီးထဲက လိုချင်နေတာ . ပိုက်ဆံနည်းနေလို့ ဒီတိုင်းလည်းတန်ပါတယ် 2019 အသစ်ကို 386 သိန်း။ Sky Line လေးလည်း ရောင်းစရာမလိုတော့ဘူး ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ မင်္ဂလာရှိတဲ့မွေးနေ့လေးမှာ ပျော်စရာဆက်တိုက်ဖြစ်နေတော့ ထပ်ဆင့်မင်္ဂလာရှိသွားတာပေါ့နော်။
ခင်မင်ရသူတွေကလည်း အပြန်အလှန်စေနောက်ကြပြီး ပျော်စရာကောင်း ချစ်စရာကောင်းတဲ့ သူငယ်ချင်းခင်မင်မှုလေးကို အထင်းသားမြင်တွေ့ရပါတယ်။ ယုန်လေးတစ်ယောက် မွေးနေ့ လက်ဆောင်လေးကြောင့် ပြုံးပျော်နေတဲ့ပုံစံလေးကလည်း မြင်ရသူတိုင်း ထပ်တူဝမ်းသာချင်စရာပါ။ ကားသစ်ကြီးနဲ့ကွီးယုန်လေးရေ Happy Birthday ပါနော်။
Photo – Yone Lay
Happy – Cele Gabar