မေမေချစ်သုဝေ ကိတ်မုန့်ဖုတ်နေတာကို ဘေးကနေ ဝိုင်းကူပေးနေတဲ့ ခေတ်နဲ့သစ်

အဆိုကောင်းရုံ သာမကပဲ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေချီးကျူးနေရသူကတော့ ချစ်သုဝေပါ။ သူမဟာ ဆယ်စုနှစ်တစ်ခုတိုင်အောင် အနုပညာအလုပ်တွေကို ဝါသနာကို အရင်းခံကာကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ ချစ်ခင်ပွန်းလင်းလင်၊ သမီးလေးတွေ နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။

သူတို့မိသားစု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်ကြီးကသူတို့မိသားစုပုံရိပ်လေးတွေတိုင်းကိုအားကျနေရတာပါ ။ လင်းလင်းနဲ့ချစ်သုဝေတို့ကလည်း အနုပညာလောကမှာအောင်မြင်နေတဲ့သူတွေပီပီ ချစ်ဖို့ကောင်းတဲ့သမီးလေးတွေပါပိုင်ဆိုင်ထားတာကြောင့်ပြီးပြည့်စုံသောနေ့ရက်လေးတွေဖြတ်သန်းနေတာပါ ။ သမီးလေးနှစ်ယောက်ကတော့ပရိသတ်တွေသာမကအနုပညာရှင်တွေကပါဝိုင်းပြီးချစ်နေရတာပါ။

အခုတစ်ခေါက်မှာလည်း မေမေကိတ်မုန့်ဖုတ်နေတာ ကိုဘေးကနေ ဝိုင်းကူပြီးလုပ်ပေးနေတဲ့ ခေတ်နဲ့သစ်ရဲ့ ပုံရိပ်လေးကို ချစ်သုဝေရဲ့ Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် သိတတ်လိမ္မာလွန်းတဲ့ ခေတ်နဲ့သစ်ရဲ့ ပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေး လိုက်ပါတယ်။

Photo Credit – Chit-Thu-Wai’s Instagram Account,CRD-Myanmar Load