
အာဆီယံကစားသမားအများစုအနေနဲ့ နောက်ပိုင်းတွင် ဂျေလိဂ်သို့ ပြောင်းရွှေ့ကစားမှုတွေရှိနေခဲ့ ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းကို အနိုင်ရရှိခဲ့တဲ့ ဂျပန်အသင်းအနေနဲ့ ရာသီဥတုအခြေအ နေအရ လေ့ကျင့်မှုကောင်းကောင်းမပြုလုပ်နိုင်ခဲ့လို့ အခက်အခဲအချို့ရှိခဲ့သလို နောက်တစ်ချိန်မှာ မြန် မာကစားသမားတွေကို ဂျေလိဂ်မှာ မြင်တွေ့ရနိုင်ပါတယ်လို့ နည်းပြမိုရီယာဆုက ပွဲအပြီးသတင်းစာရှင်း လင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။
လက်ရှိထိုင်းလိဂ်မှာ မြန်မာ့လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ အောင်သူ၊ ဇော် မင်း ထွန်း၊ သန်းထက်အောင်တို့ကစားနေခဲ့ပြီး အခြားလက်ရွေးစင်ကစားသမားအချို့လည်း ပြည်ပထွ က်ကစားမှုတွေရှိခဲ့ပါတယ်။
လက်ရှိမှာ မြန်မာကစားသမားအချို့လည်း အာဆီယံမှာထွက်ကစားနေတယ်။ နောင်တစ်ချိန်ေ ဂျ လိဂ်လိုနေရာမျိုးမှာ မြန်မာကစားသမားတွေကိုမြင်တွေ့ရမယ်လို့ထင်ပါတယ်။ ဂျေလိဂ်မှာကစားနိုင်တဲ့ ကစားသမားအချို့ရှိနေပါတယ် ” လို့ ဂျပန်နည်းပြမိုရီယာဆုက ဆိုပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ တီမော၊ ဗီယက်နမ်က ကစားသမားအများ စု ဂျေ လိဂ်တွင် ကစားခွင့်ရရှိနေခဲ့ပြီး ထိုင်းလက်ရွေးစင်ကစားသမားတွေအနေနဲ့ ၁၆ဦးအထိ သွားရော က်ကစားခွင့်ရရှိခဲ့တယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိထိုင်းလက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ချာနာသစ်၊ သီရာသွန်တို့မှာ ဂျေလိဂ်တွင် ကစားေ န ခဲ့သလို လူငယ်ကစားသမားတွေဖြစ်တဲ့ ဂျန်တာဝမ်၊ နာတဝပ်ဆမ်ဆန်၊ ချာကစ်လပ်ထရာကူတို့မှာလ ည်း ဂျပန်အသင်းတွေမှာ နေရာရနေတာဖြစ်ပါတယ်။
Credit to Duwun Sport