“ပပ၀တီစီရင္ခန္း” ရုပ္ရွင္ဇာတ္ကားၾကီးမွာ အေကာင္းဆံုး ဇာတ္ေတး သီခ်င္းေတြနဲ႔ ပံ့ပိုးထားတဲ့ ေ၀ႀကီးး “

ျမန္မာရုပ္ရွင္ေလာကမွာေတာ့ နိုင္ငံတကာအဆင့္မီ ရုပ္ရွင္ကားေကာင္းမ်ားကို စတင္ရိုက္ကူးလာၾကျပီး (၂၀၁၈) ခုႏွစ္ထဲမွာ ရုပ္ရွင္ဇာတ္ကားၾကီး (၁၀၀)ေက်ာ္ ထြက္ရိွခဲ့ျပီးေနာက္ ဒီႏွစ္ (၂၀၁၉)မွာလည္း ရုပ္ရွင္ဇာတ္ကားၾကီး(၂၀၀)ေက်ာ္(၃၀၀)ထြက္ရိွမယ္လို႕ ခန္႔မွန္းထားၾကပါတယ္။ထြက္ရိွတဲ့ ရုပ္ရွင္ကားအေရအတြက္မ်ားလာသလို ရုပ္ရွင္အရည္အေသြးေတြလဲ ျမင့္မားလာတာကို ေတြ့ရမွာပါ။အႏွစ္သာရ အျပည့္ရိွတဲ့ ဇာတ္လမ္းဇာတ္ညြန္းနဲ႔ အနုပညာရွင္ေတြရဲ႕ ၾကိဳးစားအားထုတ္မႈတို႔ေၾကာင့္ ထြက္ရိွလာတဲ့ ရုပ္ရွင္ကားၾကီးေတြကေတာ့ ရံုတင္ပတ္(၄)ပတ္၊(၅)ပတ္အထိ ပရိသတ္ေတြရဲ႕ ၾကိတ္ၾကိတ္တိုးအားေပးမႈကိုရရိွ ေနၾကပါတယ္။

ပရိသတ္ေတြရဲ႕ စိတ္၀င္တစား ေစာင့္ေမွ်ာ္ျခင္းခံေနရတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြထဲမွာ တစ္ကားအပါအ၀င္ျဖစ္တဲ့ “ပပ၀တီစီရင္ခန္း” ရုပ္ရွင္ဇာတ္ကားၾကီးမွာေတာ့ အနုပညာေျမာက္လက္ရာေတြကိုသာ ရိုက္ကူးတတ္တဲ့ ဒါရိုက္တာ ၀ိုင္း က ဇာတ္လမ္း၊ဇာတ္ညြန္း၊ဒါရိုက္တာ အျဖစ္ တာ၀န္ယူရိုက္ကူးထားပါတယ္။ရုပ္ရွင္ဇာတ္ကားၾကီးမွာေတာ့ နိုင္ငံေက်ာ္ ဒိတ္ဒိတ္ၾကဲမင္းသမီးေတြျဖစ္တဲ့ အကယ္ဒမီေဖြးေဖြးနဲ႕ မိုးေဟကိုတို႕ရဲ႕ အားျပိဳင္မႈကိုျမင္ေတြ႕ရမွာျဖစ္ျပီး နိုင္ငံေက်ာ္သရုပ္ေဆာင္မ်ားျဖစ္တဲ့ အကယ္ဒမီထြန္းထြန္းနဲ႔ အလင္းေရာင္တို႔က အဓိကပါ၀င္သရုပ္ေဆာင္ထားပါတယ္။

ရုပ္ရွင္ဇာတ္ကားတစ္ကားမွာ မပါမျဖစ္လို႔ဆိုနိုင္တဲ့ ဇာတ္၀င္ေတးသီခ်င္းရဲ႕ ပံ့ပိုးကလည္း အေရးပါလြန္းပါတယ္။”ပပ၀တီစီရင္ခန္း” ရုပ္ရွင္ဇာတ္ကားၾကီး ထဲမွာ ပါ၀င္မည့္ ဇာတ္၀င္ေတးသီခ်င္း (၄)ပုဒ္ကိုေတာ့ အဆိုေတာ္ ေ၀ၾကီးမွာ ကိုယ္တိုင္ေရးဖြဲ႔ေပးခဲ့ပါတယ္။ ဇာတ္၀င္ေတးေတြကို ရုပ္ရွင္ကားၾကီးနဲ႔ တြဲလိုက္တဲ့အခ်ိန္မွာေတာ့ ကိုယ္ေရးလို႔ေရးထားမွန္းေတာင္မသိပဲ ပရိသတ္တစ္ေယာက္အျဖစ္ စီးေမ်ာသြားတယ္လို႔ ဆိုထားပါတယ္။ပရိသတ္ၾကီးေရ “ပပ၀တီစီရင္ခန္း” ရုပ္ရွင္ဇာတ္ကားၾကီးရဲ႕ ဇာတ္၀င္ေတးေတြကို အဆ္ိုေတာ္ ေ၀ၾကီး ကိုယ္တိုင္ေရးဖြဲ႔ထားတာေနာ္။

Source: ပပ၀တီစီရင္ခန္း,DarDar,CRD-CeleGabar

UNICODE

မြန်မာရုပ်ရှင်လောကမှာတော့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ကားကောင်းများကို စတင်ရိုက်ကူးလာကြပြီး (၂၀၁၈) ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီး (၁၀၀)ကျော် ထွက်ရှိခဲ့ပြီးနောက် ဒီနှစ် (၂၀၁၉)မှာလည်း ရုပ်ရှင်ဇာတ်ကားကြီး(၂၀၀)ကျော်(၃၀၀)ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ထွက်ရှိတဲ့ ရုပ်ရှင်ကားအရေအတွက်များလာသလို ရုပ်ရှင်အရည်အသွေးတွေလဲ မြင့်မားလာတာကို တွေ့ရမှာပါ။အနှစ်သာရ အပြည့်ရှိတဲ့ ဇာတ်လမ်းဇာတ်ညွန်းနဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့် ထွက်ရှိလာတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ ရုံတင်ပတ်(၄)ပတ်၊(၅)ပတ်အထိ ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုးအားပေးမှုကိုရရှိ နေကြပါတယ်။

ပရိသတ်တွေရဲ့ စိတ်ဝင်တစား စောင့်မျှော်ခြင်းခံနေရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ တစ်ကားအပါအဝင်ဖြစ်တဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အနုပညာမြောက်လက်ရာတွေကိုသာ ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ ဝိုင်း က ဇာတ်လမ်း၊ဇာတ်ညွန်း၊ဒါရိုက်တာ အဖြစ် တာဝန်ယူရိုက်ကူးထားပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးနဲ့ မိုးဟေကိုတို့ရဲ့ အားပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင်များဖြစ်တဲ့ အကယ်ဒမီထွန်းထွန်းနဲ့ အလင်းရောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ မပါမဖြစ်လို့ဆိုနိုင်တဲ့ ဇာတ်ဝင်တေးသီချင်းရဲ့ ပံ့ပိုးကလည်း အရေးပါလွန်းပါတယ်။”ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ ပါဝင်မည့် ဇာတ်ဝင်တေးသီချင်း (၄)ပုဒ်ကိုတော့ အဆိုတော် ဝေကြီးမှာ ကိုယ်တိုင်ရေးဖွဲ့ပေးခဲ့ပါတယ်။ ဇာတ်ဝင်တေးတွေကို ရုပ်ရှင်ကားကြီးနဲ့ တွဲလိုက်တဲ့အချိန်မှာတော့ ကိုယ်ရေးလို့ရေးထားမှန်းတောင်မသိပဲ ပရိသတ်တစ်ယောက်အဖြစ် စီးမျောသွားတယ်လို့ ဆိုထားပါတယ်။ပရိသတ်ကြီးရေ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးတွေကို အဆိုတော် ဝေကြီး ကိုယ်တိုင်ရေးဖွဲ့ထားတာနော်။

Source: ပပဝတီစီရင်ခန်း,DarDar,CRD-CeleGabar