
ပရိသတ်တွေရဲ့ရင်ထဲမှာ ခိုင်ခိုင်မာမာ စွဲမြဲစေတဲ့ သီချင်းကောင်းတွေရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရဲလေးကတော့ လက်ရှိမှာလည်း ပရိသတ်အတွက် သီချင်းတွေဆက်တိုက် ဖန်တီးဖြစ်နေတာပါ။ လတ်တလောမှာတော့ ရဲလေးက နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာနဲ့အတူ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့သီချင်းအသစ် နမူနာဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါဗီဒီယိုထဲမှာတော့ သက်ထားသူဇာလေးရဲ့ ပထမဦးဆုံး သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ရဲလေးနဲ့ သက်ထားသူဇာလေးတို့ သရုပ်ဆောင်ထားတဲ့ “ချစ်ချစ်တုံး” သီချင်းထဲကဗီဒီယိုအတိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရဲလေးကတော့ “YLJK ENTERTAINMENT ကနေဒီရက်ပိုင်းအတွင်းထပ်မံတင်ဆက်တော့မယ့်  ရကောက် ရဲ့  သီချင်းအသစ် ‘ချစ်ချစ်တုံး’ သီချင်း Teaser ထွက်ရှိ ” ဆိုပြီး သက်ထားသူဇာနဲ့အတူ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ သီချင်းအသစ် နမူနာဗီဒီယိုကို ဝေမျှပေးထားတာပါ။
သက်ထားသူဇာလေး စိတ်ကောက်နေတာ ချစ်စရာလေးနော်…။
ရဲလေးရဲ့ “ချစ်ချစ်တုံး” သီချင်း နမူနာဗီဒီယိုအတိုလေး
အားကစားမှာ အရမ်းထူးချွန်တဲ့ သက်ထားသူဇာကတော့ လက်ရှိမှာ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေပြီး မြန်မာနိုင်ငံအတွက်လည်း ဒီထက့်ပို ဂုဏ်ဆောင်နိုင်ဖို့ကြိုးစား နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေရော သက်ထားသူဇာလေးရဲ့ ပထမဦးဆုံး သရုပ်ဆောင်ချက်တွေကို ဘယ်လိုမြင်မိကြလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။
Source:Ye Tun Min’s Facebook
Credit to momolay