You are here
Home > အနုပညာ > ထိုင်းမ​လေး​တွေရဲ့ ​မွေး​နေ့ Surprise ​ကြောင့်​ ​ပျော်​ခဲ့ရတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို





CRD-Momolay

UNICODE

ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ ကြင်နာတတ်တဲ့ စိတ်ထားတို့ကြောင့် မြန်မာနိုင်ငံကရော ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေပါ သဲသဲလှုပ်ချစ်ကြတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ ညို့အားပြင်းတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က ထိုင်းက ပရိသတ်တွေရဲ့ မွေးနေ့ Surprise ကြောင့် ကြည်နူးခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပိုင်တံခွန်ကတော့ မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့ ထိုင်းပရိသတ်တွေနဲ့ ကိုယ်တိုင်မတွေ့နိုင်တာကြောင့် video Call ခေါ်ပြီး တွေ့ဆုံခဲ့ကြတာလည်း တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ထိုင်းမလေးတွေရဲ့ မွေးနေ့ Surprise. ကြောင့် ပျော်ခဲ့ရတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို လေးကို ဝေမျှပေးလိုက်ပါတယ်နော်။ဘယ်နိုင်ငံက ပရိသတ်ပဲဖြစ်ဖြစ် တန်းတူ ချစ်ခင်တဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့ ထိုင်းပရိသတ်တွေနဲ့ Video Call ပြောပြီး အလွမ်းသည်နေကြတာပါနော်။ ထိုင်းနိုင်ငံမှာ တော်တော် အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ မကြာခဏဆိုသလို ထိုင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံလေ့ရှိပါတယ်။

ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေက ချောချောလေးတွေနော်…။ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ထိုင်းနိုင်ငံမှာ အရမ်းအောင် မြင်နေတဲ့ ပိုင်တံခွန်ကို အားပေးရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Top
//intorterraon.com/4/3018672