
လူငယ်ကြိုက် အနုပညာရှင်များဖြစ်တဲ့ လွှမ်းပိုင်၊ Bobby Soxer နဲ့ ကျော်ထွဋ်ဆွေတို့က ဂီတနယ်ပယ်မှာတော့ ပြိုင်စံရှား အောင်မြင်သူတွေ ဖြစ်ပါတယ်။ နန်းသူဇာကလည်း မော်ဒယ်လောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေက သူတို့ရဲ့ အနုပညာအပြင်သူတို့ရဲ့ သာယာပြီး နှစ်ရှည်လများ တည်တံတဲ့ အချစ်ရေးလေးကိုလည်း အားကျကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့မှာတော့ လွှမ်းပိုင်၊ Bobby Soxer၊ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့က အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးလေး Scarlett ရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်လာတာ တွေ့ရပါတယ်။
Scarlett ရဲ့ မွေးနေ့ပွဲမှာ လွှမ်းပိုင်နဲ့ Bobby Soxer က Toy Story ကာတွန်းကားထဲက Sheriff Woodey နဲ့ Little Bo-Peep ကာရိုက်တာပုံစံအတိုင်း ဝတ်ဆင်လာပါတယ်။
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာကတော့ Beauty And The Beast ကာတွန်းကားထဲက Belle နဲ့ တောရိုင်းကောင်ကြီးအသွင် ဝတ်ဆင်လာတာပဲ ဖြစ်ပါတယ်။
ကလေးမွေးနေ့ဆိုတော့ ကာတွန်းဇာတ်ကောင်တွေ ပုံစံအတိုင်း ဝတ်ဆင်လာတာ သဘောကျစရာပဲနော်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer နဲ့ နန်းသူဇာတို့ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။
Credit MOMO LAY
Source: Bo Paing Gyi’s fb