You are here
Home > အနုပညာ > Mitsubishi ရဲ့ Brand Amabassador အဖြစ် မိသားစုလိုက် ခန့်အပ်ခံခဲ့ရတဲ့ ဂရေဟမ်

Mitsubishi ရဲ့ Brand Amabassador အဖြစ် မိသားစုလိုက် ခန့်အပ်ခံခဲ့ရတဲ့ ဂရေဟမ်

ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ ဂရေဟမ်တို့မိသားစုလေးဟာ အရမ်းကိုချစ်စရာကောင်းပြီး သမီးတွေကြောင့်လဲ အဆိုတော် ဂရေဟမ်တစ်ယောက် အရမ်းကို မျက်နှာပွင့်လန်နေတာလဲ ဖြစ်ပါတယ်။

ဂရေဟမ်ဟာ သမီးလေးနှစ်ယောက် မွေးထားပြီး ပန်းရောင်ခြယ် ကတော့ အဖေ့ခြေရာကို နင်းနိုင်တဲ့ သမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ သီချင်းခွေ တစ်ခွေထဲနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုရရှိခဲ့တာလဲ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနောက်ပိုင်းမှာတော့ ပွဲတက်တွေ၊ ကြော်ငြာတွေမှာ ပန်းရောင်ခြယ်တစ်ယော က်ထဲမဟုတ်ဘဲ ပန်းသွေးခြယ် ကိုပါအနုပညာအလုပ်တွေ ပူးတွဲလုပ်ကိုင်လာတာကို တွေ့ရပါတယ်။

သူတို့ ညီအစ်မနှစ်ယောက်လုံးကိုလဲ အားပေးတဲ့ ပရိသတ်တွေများစွာ ရှိခဲ့ပြီး နောက်ပိုင်းအနု ပညာလုပ်ငန်းတွေမှာလဲ အားပေးကြပါဦးနော်။

ယခုအခါမှာလဲ စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၁၁ နာရီက မြန်မာပလာဇာ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mitsubishi Xpander ကားအသစ်မိတ်ဆက် ပွဲ အခမ်းအနားမှာ အဆိုတော်ဂရေဟမ်မိသားစုကို Mitsubishi ရဲ့ Brand Amabassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးက ဂရေဟမ်တို့ မိသားစုလေးကို ဂုဏ်ပြုစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှု့ပေးတဲ့ အယောက်စီတိုင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Top
//whairtoa.com/4/3018672