သမီးေလး Scarlett ရဲ႕ေမြးေန႔ပြဲကို Disney ကာတြန္႕ဇာတ္ေကာင္ေတြနဲ႔ ပံုေဖာ္ဖန္တီးခဲ့ၾကတဲ့ ေဖေဖနဲ႔ေမေမ

ေၾကြရုပ္ေလးလိုခ်စ္ဖို႔ေကာင္းလြန္းတဲ့ ေဖေဖ Ah Boy နဲ႔ ေမေမျမတ္ရတနာေက်ာ္တို႔ရဲ႕သမီးေလး Scarlett ရဲ႕ တစ္ႏွစ္ျပည့္ေမြးေန႔ပြဲေလးဟာ တကယ့္ကိုထူးထူးျခားျခားအစီအစဥ္ေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးဖန္တီးခဲ့တာပဲျဖစ္ပါတယ္။ ေမြးေန႔ပြဲမွာ Disney ဇာတ္ေကာင္ေတြလိုဝတ္ဆင္ျပီး ကာတြန္႕ကမၻာထဲေရာက္သြားသလို ဖန္တီးထားပံုေလးက အရမ္းကိုကဗ်ာဆန္ျပီး ကေလးတစ္ေယာက္ရဲ႕ရင္ထဲမွာ မွတ္မွတ္ရရစြဲထင္ေနမယ့္ အမွတ္တရတစ္ခုအျဖစ္ရွိေနခဲ့မွာ အေသအခ်ာပါပဲ။

အသက္တစ္ႏွစ္သာရွိေသးတဲ့ Scarlett ေလးကလည္း အရမ္းကိုခ်စ္ဖို႔ေကာင္းလြန္းလို႔ ျမင္သူတိုင္း အသည္းယားခ်င္စဖြယ္ပါပဲ။ Scarlett ေလးရဲ႕ အမႏွစ္ေယာက္လည္း ဒီပြဲေလးကိုတက္ေရာက္ခဲ့ျပီး ညီမသံုးေယာက္ရဲ႕ ခ်စ္စဖြယ္ဆံုေတြ႕မႈေလးပါပဲပရိသတ္ၾကီးေရ။ Disney ဇာတ္ေကာင္ေတြအတိုင္း ဝတ္ဆင္ထားျပီး ေမြးေန႔ပြဲေလးကေန ကာတြန္႔ကမၻာၾကီးထဲေရာက္သြားသလိုခံစားရမွာေတာ့ အေသအခ်ာပါပဲ။

သမီးေလးရဲ႕ပထမဆံုး တစ္ႏွစ္ျပည့္ေမြးေန႔ေလးမွာ ဒီလိုခမ္းခမ္းနားနားလုပ္ေပးတဲ့ ေဖေဖနဲ႔ ေမေမရဲ႕ ရင္ထဲကေမတၱာကေတာ့ ႏိႈင္းဆစရာစကားလံုးရွာမေတြ႕ႏိုင္ေအာင္ပါပဲ။ ခမ္းနားၾကီးက်ယ္မႈေတြထက္ ခ်စ္သမီးေလးရဲ႕ဘဝမွာ မွတ္မွတ္ထင္ထင္ျဖစ္က်န္ေနေစမယ့္ အမွတ္တရေလးေတြကို အေကာင္းဆံုးျဖစ္ေအာင္ဖန္တီးေပးတတ္တဲ့ စံျပမိဘေတြဆိုလည္း မမွားပါဘူး။ ေပ်ာ္စရာေကာင္းတဲ့ပြဲေလးဟာ အေပ်ာ္ေလးေတြနဲ႔ပဲအဆံုးသတ္ခဲ့ပါတယ္။

Photo – Our Travel Diaries
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” သမီးလေး Scarlett ရဲ့မွေးနေ့ပွဲကို Disney ကာတွန့်ဇာတ်ကောင်တွေနဲ့ ပုံဖော်ဖန်တီးခဲ့ကြတဲ့ ဖေဖေနဲ့မေမေ ”

ကြွေရုပ်လေးလိုချစ်ဖို့ကောင်းလွန်းတဲ့ ဖေဖေ Ah Boy နဲ့ မေမေမြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett ရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလေးဟာ တကယ့်ကိုထူးထူးခြားခြားအစီအစဉ်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့ပွဲမှာ Disney ဇာတ်ကောင်တွေလိုဝတ်ဆင်ပြီး ကာတွန့်ကမ္ဘာထဲရောက်သွားသလို ဖန်တီးထားပုံလေးက အရမ်းကိုကဗျာဆန်ပြီး ကလေးတစ်ယောက်ရဲ့ရင်ထဲမှာ မှတ်မှတ်ရရစွဲထင်နေမယ့် အမှတ်တရတစ်ခုအဖြစ်ရှိနေခဲ့မှာ အသေအချာပါပဲ။

အသက်တစ်နှစ်သာရှိသေးတဲ့ Scarlett လေးကလည်း အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ မြင်သူတိုင်း အသည်းယားချင်စဖွယ်ပါပဲ။ Scarlett လေးရဲ့ အမနှစ်ယောက်လည်း ဒီပွဲလေးကိုတက်ရောက်ခဲ့ပြီး ညီမသုံးယောက်ရဲ့ ချစ်စဖွယ်ဆုံတွေ့မှုလေးပါပဲပရိသတ်ကြီးရေ။ Disney ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ထားပြီး မွေးနေ့ပွဲလေးကနေ ကာတွန့်ကမ္ဘာကြီးထဲရောက်သွားသလိုခံစားရမှာတော့ အသေအချာပါပဲ။

သမီးလေးရဲ့ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့လေးမှာ ဒီလိုခမ်းခမ်းနားနားလုပ်ပေးတဲ့ ဖေဖေနဲ့ မေမေရဲ့ ရင်ထဲကမေတ္တာကတော့ နှိုင်းဆစရာစကားလုံးရှာမတွေ့နိုင်အောင်ပါပဲ။ ခမ်းနားကြီးကျယ်မှုတွေထက် ချစ်သမီးလေးရဲ့ဘဝမှာ မှတ်မှတ်ထင်ထင်ဖြစ်ကျန်နေစေမယ့် အမှတ်တရလေးတွေကို အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးတတ်တဲ့ စံပြမိဘတွေဆိုလည်း မမှားပါဘူး။ ပျော်စရာကောင်းတဲ့ပွဲလေးဟာ အပျော်လေးတွေနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်။

Photo – Our Travel Diaries
Happy – Cele Gabar