You are here
Home > အနုပညာ > အားပေးနေတဲ့ We Love မိသားစုအတွက်ဆက်ကြိုးစားသွားမယ်ဆိုတဲ့ Shwe FM သီချင်းအတောင်းခံရဆုံးဆုရှင် ဖြိုးမြတ်အောင်
အားပေးနေတဲ့ We Love မိသားစုအတွက်ဆက်ကြိုးစားသွားမယ်ဆိုတဲ့ Shwe FM သီချင်းအတောင်းခံရဆုံးဆုရှင် ဖြိုးမြတ်အောင်
တင်နေပါတယ်။
Unicode Version
Myanmar Idol Season 3 ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ အဆိုတော် ဖြိုးမြတ်အောင် ကို အားလုံး သိကြမှာပါ။ သူ့ရဲ့ ရိုးသားမှု ၊ အသံပါဝါကောင်း
မှုတွေကြောင့် ပရိသတ်ရဲ့ အားပေးနှစ်သက်မှု ၊ ချစ်ခင်ကြင်နာ မှုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။
အဆိုတော် ဖြိုးမြတ်အောင်ဟာ ပွဲတွေကို လိုက်သီဆိုရင်းနည်း ကိုယ်ပိုင် တစ်ကိုယ်တော် တေးစီးတီးကိုလည်း မကြာခင်မှာ ထုတ်သွားမယ်လို့ သိရပါတယ်။
အခုအခါမှာတော့ အဆိုတော် ဖြိုးမြတ်အောင်ဟာ Shwe FM က ဆုချီးမြှင့်တဲ့ Shwe FM Facebook Page ကနေ သီချင်းတောင်းခံရမှု အများဆုံး အမျိုးသား အဖြစ် ‘’သင့်အတွက် မနက်ဖြန်’’ ဆိုတဲ့ သီချင်းနဲ့ ဆုရရှိခဲ့ပြန်ပါတယ်။ သူဟာ မျှော်လင့်မထားပဲ ရရှိခဲ့တဲ့ ဆုကြောင့် အပျော်ကြီး ပျော်နေသလို ၊ အခုလို
သူ့ကို ဆုရစေခဲ့တဲ့ ပရိသတ်ကိုလည်း အရမ်းကို ကျေးဇူးတင်နေပါတယ်။ ထို့အတူ ဒီသီချင်းကို ရေးသားပေးခဲ့တဲ့ တေးရေးဝေကြီးကိုလည်း အထူးကျေးဇူး
တင်နေပါတယ်။
သူဟာ Myanmar Idol က winner အဖြစ် လူသိများလာကြပေမယ့် သူဟာ ဂီတ လမ်းကို လျှောက်လမ်းနေတာဟာ အသက် ၁၄ နှစ်သားကတည်းက
ဖြစ်တယ်လို့ သိရပါတယ်။ နောက်နောင်လည်း ဒီထက်ကောင်းအောင်လို့ အားပေးနေတဲ့ we love မိသားစုတွေအတွက် ဆက်ပြီး ကြိုးစားသွားမယ်လို့လည်း
သူက ကတိပေး ပြောဆိုလိုက်ပါတယ်။
Writer- SMT(Shwe Yaung Lan )
Top
//whoursie.com/4/3018672