သူသွားစားတဲ့ လမ်းဘေး စမူဆာသုတ်ဆိုင်လေး သန့်ပြီးစားကောင်းလို့ ကြော်ငြာပေးလိုက်တဲ့ လွင်မိုး




CRD-Momolay

UNICODE

နိုင်ငံကျော်သရုပ်ဆောင် မင်းသားကြီး လွင်မိုးဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ လွင်မိုးက ခုနောက်ပိုင်းမှ သူသရုပ်ဆောင် ရိုက်ကူးထားတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် လွင်မိုး က သူသွားစားတဲ့ စမူဆာသုတ် ဆိုင်လေး ကြော်ငြာပေးလိုက်တဲ့ အကြောင်းကို ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

လွင်မိုးက လက်ရှိမှာ မြေးလေး Liam ကို အချစ်ပိုနေရတာဖြစ်ကြောင်းသိရပါတယ်။ Liam လေးနဲ့ ပတ်သက်ပြီး ပုံလေးတွေကို လည်းဖော်ပြပေးလေ့ရှိပါတယ်။ဒီတစ်ခါမှာတော့ လွင်မိုးက သူသွားစားတဲ့ လမ်းဘေး စမူဆာသုတ်ဆိုင်လေး သန့်ပြီးစားကောင်းလို့ စေတနာအပြည့်နဲ့ ကြော်ငြာပေးထားတာတွေ့ရပါတယ်။

လွင်မိုး က ” ဝိုင်ယာလစ်3လမ်းထိပ်ကစမူဆာသုတ် တကယ်ကောင်းပါ၏သန့်လည်းသန့်ပါ၏ ” ဆိုပြီး ကြော်ငြာပေးထားတာကြောင့် ခုလက်ရှိမှာ စမူဆာသုတ် ဆိုင်လေးက နာမည်ကြီးနေပြီပဲ ဖြစ်ပါတယ်။စမူဆာဆိုင်လေးကို ဆီသန့်ပြီး သန့်ရှင်းတာကြောင့် ပိုကောင်းတဲ့ ဆိုင်ကြီးတွေ တိုးချဲ့ ဖွင့်နိုင်ရင် ပိုကောင်းမယ်လို့လည်းပြောထားပါတယ်။သရုပ်ဆောင်လွင်မိုး က စမူဆာ သုတ်ဆိုင်လေးကြော်ငြာပေးတဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။