You are here
Home > အနုပညာ > ” ဟက္ကာေတြကို အေကာင့္မဟက္ဖို႕ ေတာင္းပန္လိုက္တဲ့ ေျပတီဦး “

” ဟက္ကာေတြကို အေကာင့္မဟက္ဖို႕ ေတာင္းပန္လိုက္တဲ့ ေျပတီဦး “

ေျပတီဦးကေတာ့ ဆယ္စုႏွစ္တစ္ခုအၾကာထဲက ေအာင္ျမင္လာတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ထပ္ဆင့္အကယ္ဒမီဆုပိုင္ရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ လတ္တေလာမွာလည္း သ႐ုပ္ေဆာင္ဒါ႐ိုက္တာ လူမင္းကိုယ္တိုင္႐ိုက္ကူးထားတာျဖစ္တဲ့ ” ညစ္တြန္း ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ လူမင္း ၊ အိျႏၵာေက်ာ္ဇင္ ၊ ခိုင္သင္းၾကည္ ၊ ထက္ထက္ထြန္း တိုနဲ႔အတူ ပါဝင္ထားတာပဲ ျဖစ္ပါတယ္။ ” ညစ္တြန္း ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေျပတီဦးကေတာ့ ” စိုးရကိုကို ” ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပါဝင္ထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအထူးစိတ္ဝင္စားျခင္းခံေနရတဲ့ ဇာတ္ကားတစ္ကားလို႕ဆိုရမွာပါေနာ္။

ေျပတီဦးကေတာ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အူဝဲနဲ႔ သာယာေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးကို တည္ေဆာက္ထားၿပီး ေျပသုျဒာ ၊ ေျပဒီရ ဆိုတဲ႕ ခ်စ္စရာေကာင္းတဲ့ သမီးနဲ႕ သားေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့မိသားစုပံုရိပ္ေလးေတြကိုလည္း မၾကာမၾကာသူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ေလ့ရွိတာပဲ ျဖစ္ပါတယ္။ထို႕ျပင္ ေျပတီဦးေဖာင္ေဒးရွင္းကိုလည္း ဦးစီးတည္ေထာင္ထားၿပီး ဆရာဝန္ေကာင္းေတြေပၚထြက္လာေအာင္လည္း ကူညီေထာက္ပံံ့ေနတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အႏုပညာရွင္ ေတြရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြကို ဟက္ကာ တိုက္ခိုက္ေနတာေတြ ျဖစ္ေပၚေနတာပဲ ျဖစ္ၿပီး အခေၾကးေငြေတြပါ ေတာင္းခံျခင္းမ်ားျပဳလုပ္လာၾကတာပဲ ျဖစ္ပါတယ္။ထိုသို႕တိုက္ခိုက္မႈေတြထဲမွ ေျပတီဦးကလည္း ယေန႕မွာ ” က်ြန္ေတာ့္အေကာင့္ေလးကို မဟက္ျကပါနဲ့ဗ်ာ..ေတာင္းပန္ဆိုျကိဳျပီးေတာင္းပန္ပါတယ္….ဘာဆိုဘာမွလဲမရွိပါဘူးဗ်ာ..တကယ္ပါ…” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန ရင္ဖြင့္ေျပာဆိုလာတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေျပတီဦးရဲ႕ အေကာင့္ အဟက္မခံရဖို႕ ဆုေတာင္းေပးခဲ့ပါဦးေနာ္။

Source : Pyay Ti Oo
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဟက်ကာတွေကို အကောင့်မဟက်ဖို့ တောင်းပန်လိုက်တဲ့ ပြေတီဦး ”

ပြေတီဦးကတော့ ဆယ်စုနှစ်တစ်ခုအကြာထဲက အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သရုပ်ဆောင်ဒါရိုက်တာ လူမင်းကိုယ်တိုင်ရိုက်ကူးထားတာဖြစ်တဲ့ ” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း ၊ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည် ၊ ထက်ထက်ထွန်း တိုနဲ့အတူ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ ” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦးကတော့ ” စိုးရကိုကို ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအထူးစိတ်ဝင်စားခြင်းခံနေရတဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာပါနော်။

ပြေတီဦးကတော့ ရုပ်ရှင်သရုပ်ဆောင် အူဝဲနဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ပြေသုဒြာ ၊ ပြေဒီရ ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးနဲ့ သားလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုပုံရိပ်လေးတွေကိုလည်း မကြာမကြာသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှလေ့ရှိတာပဲ ဖြစ်ပါတယ်။ထို့ပြင် ပြေတီဦးဖောင်ဒေးရှင်းကိုလည်း ဦးစီးတည်ထောင်ထားပြီး ဆရာဝန်ကောင်းတွေပေါ်ထွက်လာအောင်လည်း ကူညီထောက်ပံံ့နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာရှင် တွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေကို ဟက်ကာ တိုက်ခိုက်နေတာတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပြီး အခကြေးငွေတွေပါ တောင်းခံခြင်းများပြုလုပ်လာကြတာပဲ ဖြစ်ပါတယ်။ထိုသို့တိုက်ခိုက်မှုတွေထဲမှ ပြေတီဦးကလည်း ယနေ့မှာ ” ကျွန်တော့်အကောင့်လေးကို မဟက်ကြပါနဲ့ဗျာ..တောင်းပန်ဆိုကြိုပြီးတောင်းပန်ပါတယ်….ဘာဆိုဘာမှလဲမရှိပါဘူးဗျာ..တကယ်ပါ…” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ပြေတီဦးရဲ့ အကောင့် အဟက်မခံရဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Source : Pyay Ti Oo
Shwe Poe – CeleGabar

Top
//potsaglu.net/4/3018672