You are here
Home > အနုပညာ > ကိုရီးယားဝတ်စုံလေးနဲ့ ကိုရီးယားမလေးလို အရမ်းချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ပွဲတက်ပုံရိပ်များ

ကိုရီးယားဝတ်စုံလေးနဲ့ ကိုရီးယားမလေးလို အရမ်းချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ပွဲတက်ပုံရိပ်များ




UNICODE

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးဟာဆိုရင် အခုနောက်ပိုင်းမှာ ပရိသတ်တွေအများအပြားရရှိလာပြီး အနုပညာလောကမှာ နာမည်လေးရရှိလာပါပြီနော်။ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းသူဘဝကနေ ဆိုရှယ်မီဒီယာမှာ အနုပညာအလုပ်တွေကို ဝါသနာအရလုပ်ဆောင်ရင်း ပရိသတ်တွေက စတင်သတိထားမိလာကာ အနူပညာလောကထဲကို ကျယ်ကျယ်ပြန့်ပြန့်ခြေလှမ်းခဲ့ပါတယ်နော်။

ဖြူဖြူထွေးက လက်တလောမှာ ပွဲအခမ်းအနားတွေများစွာတက်ရောက်နေရပြီး ဖျော်ဖြေပွဲတွေနဲ့ကြော်ငြာရိုက်ကူးရေးတွေလည်း ဆက်တိုက်ရှိနေပါတယ်။ဖြူဖြူထွေးက အရင်ကထက်လည်း အများကြီးပြင်ဆင်တတ်လာပြီး တစ်နေ့တစ်ခြား ပိုပိုလှလာကာ အရုပ်မလေးနဲ့တောင်တူပါတယ်နော်။ဖြူဖြူထွေးရဲ့စိတ်ထားလေးကလည်း ဖြူစင်ရိုးသားပြီး သဘောမနောကောင်းလို့ လူချစ်လူခင်ပေါများပါတယ်နော်။

ဖြူဖြူထွေးက သူမရဲ့အနုပညာကြေးလေးတွေနဲ့လည်း မိသားစုအပေါ်မှာ လိုလေသေးမရှိအောင်ထားပေးနိုင်တဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ စိတ်ထားလေးကို သိလာရချိန်မှာတော့ ပရိသတ်တွေက ပိုပိုချစ်လာရပါတယ်နော်။အခုဆိုရင်လည်း ဖြူဖြူထွေးက “Mi Mi Korea Comestic”ဆိုင်ဖွင့်ပွဲလေးကို ကိုရီးယားဝတ်စုံလေးဝတ်ပြီး တက်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Source:Phyu Phyu Htwe’s facebook,CRD-Myanmar Load

Top
//potsaglu.net/4/3018672