You are here
Home > အနုပညာ > စာနာစိတ္ကင္းမဲ့တဲ့ လူတစ္ေယာက္ေၾကာင့္ ေဒါသျဖစ္ခဲ့ရတဲ့ ေရႊမႈံရတီ

စာနာစိတ္ကင္းမဲ့တဲ့ လူတစ္ေယာက္ေၾကာင့္ ေဒါသျဖစ္ခဲ့ရတဲ့ ေရႊမႈံရတီ

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ေရႊမႈံရတီက ဆယ္ေက်ာ္သက္ အရြယ္ကတည္းက အႏုပညာပ်ိဳးခင္းမွတဆင့္ မင္းသမီးတစ္လက္ျဖစ္လာၿပီး အခ်ိန္တိုအတြင္း ေအာင္ျမင္မႈေတြ တစ္ဖြဲဖြဲရရိွလာသူ ျဖစ္ပါတယ္။ ေရႊမႈံရတီက အသက္(၂၀) ေက်ာ္အရြယ္မွာပဲ လ်ွမ္းလ်ွမ္းေတာက္ နာမည္ႀကီးလာၿပီး အကယ္ဒမီဆန္ကာတင္ မင္းသမီးတစ္လက္ျဖစ္လာပါတယ္။ ေရႊမႈံရတီက လက္ရိွမွာေတာ့ အဆိုေတာ္ ေရႊထူးနဲ႔အတူတူ သာယာတဲ့ အိမ္ေထာင္ေရးေလးကို တည္ေထာင္ၿပီး အႏုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ေနပါတယ္။

အေနတည္လို႔ ပရိသတ္ေတြက ေခ်တယ္လို႔ ထင္ၾကတဲ့ ေရႊမႈံရတီက လက္ေတြ႔မွာေတာ့ အားနည္းသူေတြ၊ ခ်ိဳ႕တဲ့သူေတြနဲ႔ တိရစၦာန္ေလးေတြကို ၾကင္နာသနားတတ္တဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ပါတယ္။ဒီတစ္ေခါက္မွာလည္း ေရႊမႈံရတီက စာနာစိတ္ကင္းမဲ့တဲ့ လူတစ္ေယာက္ေၾကာင့္ စိတ္ဆိုးေဒါသ ျဖစ္ခဲ့ရျပန္ပါတယ္။ ေခြးေလးတစ္ေကာင္က မုန္႔ေတာင္းေနတာကို မသိခ်င္ေယာင္မေဆာင္တဲ့လူေၾကာင့္ စိတ္ဆိုးခဲ့ရတာပဲ ျဖစ္ပါတယ္။

ေရႊမႈံရတီက ေခြးခ်စ္တတ္ၿပီး သူမကိုယ္တိုင္လည္း ေခြးေတြေမြးထားသလုိ ရံဖန္ရံခါမွာ လမ္းေဘးေခြးေလးေတြကိုလည္း အစားအစာေတြ လိုက္လံေကြၽးေမြးတတ္တဲ့ စိတ္ထားလွတဲ့ မင္းသမီးေလးတစ္ေယာက္ပါပဲ။ေရႊမႈံရတီကေတာ့ စာနာစိတ္ကင္းမဲ့တဲ့ လူတစ္ေယာက္ေၾကာင့္ ေတာ္ေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရပံုပါပဲ။ ပရိသတ္ႀကီးလည္း ေရႊမႈံေနရာမွာဆိုရင္ ဒီလိုပဲ စိတ္ဆိုးမိၾကမယ္ ထင္တယ္ေနာ္။

CRD-Momolay

UNICODE

နိုင်ငံကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေမှုံရတီက ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာပျိုးခင်းမှတဆင့် မင်းသမီးတစ်လက်ဖြစ်လာပြီး အချိန်တိုအတွင်း အောင်မြင်မှုတွေ တစ်ဖွဲဖွဲရရှိလာသူ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) ကျော်အရွယ်မှာပဲ လျှမ်းလျှမ်းတောက် နာမည်ကြီးလာပြီး အကယ်ဒမီဆန်ကာတင် မင်းသမီးတစ်လက်ဖြစ်လာပါတယ်။ ရွှေမှုံရတီက လက်ရှိမှာတော့ အဆိုတော် ရွှေထူးနဲ့အတူတူ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ထောင်ပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။

အနေတည်လို့ ပရိသတ်တွေက ချေတယ်လို့ ထင်ကြတဲ့ ရွှေမှုံရတီက လက်တွေ့မှာတော့ အားနည်းသူတွေ၊ ချို့တဲ့သူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကြင်နာသနားတတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ရွှေမှုံရတီက စာနာစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် စိတ်ဆိုးဒေါသ ဖြစ်ခဲ့ရပြန်ပါတယ်။ ခွေးလေးတစ်ကောင်က မုန့်တောင်းနေတာကို မသိချင်ယောင်မဆောင်တဲ့လူကြောင့် စိတ်ဆိုးခဲ့ရတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီက ခွေးချစ်တတ်ပြီး သူမကိုယ်တိုင်လည်း ခွေးတွေမွေးထားသလို ရံဖန်ရံခါမှာ လမ်းဘေးခွေးလေးတွေကိုလည်း အစားအစာတွေ လိုက်လံကျွေးမွေးတတ်တဲ့ စိတ်ထားလှတဲ့ မင်းသမီးလေးတစ်ယောက်ပါပဲ။ရွှေမှုံရတီကတော့ စာနာစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပုံပါပဲ။ ပရိသတ်ကြီးလည်း ရွှေမှုံနေရာမှာဆိုရင် ဒီလိုပဲ စိတ်ဆိုးမိကြမယ် ထင်တယ်နော်။

Top
//meenetiy.com/4/3018672