အတိတ္ကအခ်စ္ေရးနဲ႔ပတ္သက္ၿပီး လက္ရွိခံစားေနရတဲ့ ခံစားခ်က္ေတြက္ိုေျပာျပလာတဲ့ သူရိယ

ပရိသတ္ေတြရဲ႕ အားေပးလက္ခံျခင္းကို ခံခဲ့ရတဲ့ သရုပ္ေဆာင္ သူရိယဟာ မၾကာေသးခင္ကမွ ရံုတင္ျပသခဲ့ၿ႔ပီးျဖစ္တဲ့ အထက္တန္းစားဆိုတဲ့ရုပ္ရွင္ဇာတ္ကားၾကီးမွာလဲပါ၀င္သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ သူဟာ တိုင္းသိျပည္သိ အခ်စ္ေရးတစ္ခုကို တရား၀င္ျပတ္ဆဲခဲ့ၿပီး ေအးခ်မ္းတည္ၿငိမ္စြာ ေနထိုင္ေနတာကိုလဲ ျဖစ္ပါတယ္။ သူက အဆိုပါ အတိတ္က အခ်စ္ေရးကိစၥနဲ႕ ပတ္သက္ၿပီး သူ႔အေနနဲ႕ ျပန္မေျပာခ်င္ေတာ့ဘူး လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ေတြ ဆက္လက္လုပ္ေဆာင္သြားဖို႔ ရွိတယ္ဆိုတဲ့ အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

သူေျပာခဲ့တာကေတာ့ “ အခ်စ္ေရးကတည္တည္ၿငိမ္ၿငိမ္ေနတာဘဲေကာင္းပါတယ္။ အရမ္းၾကီး အရင္လိုမ်ိဳးမေနေတာ့ဘူး ။ဘ၀ကို ေအးေအးခ်မ္းခ်မ္းဘဲ ေနခ်င္ေတာ့တယ္ ။ အတိတ္ကၿပီးခဲ့ၿပီ ဆိုေတာ့ ျပန္မေျပာခ်င္ေတာ့ပါဘူး ။ လက္ရွိ ပစၥဳပၸန္ကိုေကာင္းေအာင္ေနမွာပါ ပစၥဳပၸန္ကေန အနာဂတ္ကို ေကာင္းေအာင္ဆက္သြားမွာပါ။ ကၽြန္ေတာ္အေနနဲ႕ကေတာ့ အဲ့ကိစၥနဲ႕ ပတ္သက္ၿပီး ဘာမွကိုမေျပာလိုေတာ့ပါဘူး ။ေျပာတဲ့သူကလဲေျပာမွာလဲ တခါတေလေတာ့လဲ ကၽြန္ေတာ္တို႔ကဆူးၾကားမွာဘူးသီးသီးရသလိုဘဲ ဟိုဘက္ကိုလႈပ္ေတာ့လဲ မလြတ္ဘူး ဒီဘက္ကိုလႈပ္ေတာ့လဲ မလြတ္ဘူး အဲ့လိုေပါ့”

“ေအးေအးခ်မ္းခ်မ္းနဲ႕ ဘ၀ကိုျဖတ္သန္းမယ္ ေအးေအးခ်မ္းခ်မ္းနဲ႔ လုပ္စရာရွိတာေတြလုပ္သင့္တာေတြ လုပ္ရမယ္ေလ။ တျခားအရာေတြကေတာ့ မေတြးဘူး ျပႆနာေတြကေတာ့ေပါင္းစံုဘဲ ရွိတာေပါ့ အဲ့ျပႆနာေတြကိုလိုက္ေျပာေနရင္ တစ္ေယာက္နဲ႕ တစ္ေယာက္မၿပီးဘူး ဟိုဘက္မွာလဲ ျပႆနာရွိတယ္ ကၽြန္ေတာ့္မွာလဲျပႆနာရွိတယ္ အဲ့ဒါေတြ ကို ဒါျဖစ္လို႔ ဟိုဟာျဖစ္လို႔နဲ႕ ေျပာေနမယ္ဆိုရင္ၿပီးမယ့္ကိစၥေတြမဟုတ္ဘူး အာ့ေၾကာင့္အေကာင္း ဆံုးကိုယ့္အလုပ္ကို ယ္လုပ္တာေကာင္းပါတယ္”

“အတိုက္အခိုက္ေတြကေတာ့ ကၽြန္ေတာ္ရယ္မွမဟုတ္ဘူး လူတိုင္းတုိင္း လူတိုင္းမွာရွိတယ္ အတိုက္အခိုက္ေတြက အေကာင္းနဲ႕ အဆိုးလူတိုင္းမွာရွိတယ္ နည္းတာနဲ႕ မ်ားတာဘဲကြာတယ္ ေပါ့။ အျမဲတမ္းၾကီးေတာ့ အေျပာခံေနရတာမဟုတ္ဘူး ကဲ့ရဲ႕ခံေနရတာလဲမဟုတ္ဘူး ခ်ီးမြန္းခံေနရတာလဲ မဟုတ္ဘူး ကဲ့ရဲ႕ရင္လဲ စိတ္ဓာတ္က်မသြားနဲ႕ ခ်ီးမြန္းရင္လဲ အရမ္းၾကီးေျမွာက္မသြားနဲ႕ေပါ့ ေအးေအးခ်မ္းခ်မ္းနဲ႕ စိတ္ကို ပံုမွန္ထားၿပီး ျဖတ္သန္းတာေကာင္းပါတယ္”

“မိဘကေတာ့လဲ လက္ဦီးဆရာဘဲေပါ့ေနာ္ အားေပးစကားဘဲေျပာတာေပါ့၊ မိဘမွမဟုတ္ပါဘူး ။ဆရာေတြ မိတ္ေဆြအေပါင္းအသင္းေတြက အားလံုး၀န္းရံၾကပါတယ္ အားေပးစကားကလဲ လူတစ္ေယာက္ဆီမွာလိုအပ္ပါတယ္။ လူတိုင္းလူတိုင္းမွာလိုအပ္ ။ေ၀ဖန္ေနသူေတြေရးေနသူေတြကိုလဲ ကၽြန္ေတာ္က ဘာမွေျပာလို႔မရပါဘူး။ အရမ္းၾကီးမေျပာလိုပါဘူး ။ သူတို႔လုပ္ပိုင္ခြင့္နဲ႕ သူတို႔ လုပ္ေနၾကတာဘဲေလ ဘာမွမေျပာလိုပါဘူး” လို႔ ဆိုကာ ေျပာၾကားခဲ့ပါတယ္။

ပရိိသတ္ၾကီးကိုလဲ လိုရာဆႏၵေတြျပည့္စံုၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။ အားလံုးကိုေက်းဇူးတင္ပါတယ္ လို႔ ဆိုၿပီး ဆုေတာင္းေပးခဲ့ပါတယ္။ ဖတ္ရႈ႕ေပးၾကတဲ့ ခ်စ္ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Unicode ျဖင့္ဖတ္ရန္

ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ခံခဲ့ရတဲ့ သရုပ်ဆောင် သူရိယဟာ မကြာသေးခင်ကမှ ရုံတင်ပြသခဲ့ြ့ပီးဖြစ်တဲ့ အထက်တန်းစားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလဲပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ တိုင်းသိပြည်သိ အချစ်ရေးတစ်ခုကို တရားဝင်ပြတ်ဆဲခဲ့ပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင်နေတာကိုလဲ ဖြစ်ပါတယ်။ သူက အဆိုပါ အတိတ်က အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြန်မပြောချင်တော့ဘူး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

 

သူပြောခဲ့တာကတော့ “ အချစ်ရေးကတည်တည်ငြိမ်ငြိမ်နေတာဘဲကောင်းပါတယ်။ အရမ်းကြီး အရင်လိုမျိုးမနေတော့ဘူး ။ဘဝကို အေးအေးချမ်းချမ်းဘဲ နေချင်တော့တယ် ။ အတိတ်ကပြီးခဲ့ပြီ ဆိုတော့ ပြန်မပြောချင်တော့ပါဘူး ။ လက်ရှိ ပစ္စုပ္ပန်ကိုကောင်းအောင်နေမှာပါ ပစ္စုပ္ပန်ကနေ အနာဂတ်ကို ကောင်းအောင်ဆက်သွားမှာပါ။ ကျွန်တော်အနေနဲ့ကတော့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှကိုမပြောလိုတော့ပါဘူး ။ပြောတဲ့သူကလဲပြောမှာလဲ တခါတလေတော့လဲ ကျွန်တော်တို့ကဆူးကြားမှာဘူးသီးသီးရသလိုဘဲ ဟိုဘက်ကိုလှုပ်တော့လဲ မလွတ်ဘူး ဒီဘက်ကိုလှုပ်တော့လဲ မလွတ်ဘူး အဲ့လိုပေါ့”

 

“အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းမယ် အေးအေးချမ်းချမ်းနဲ့ လုပ်စရာရှိတာတွေလုပ်သင့်တာတွေ လုပ်ရမယ်လေ။ တခြားအရာတွေကတော့ မတွေးဘူး ပြဿနာတွေကတော့ပေါင်းစုံဘဲ ရှိတာပေါ့ အဲ့ပြဿနာတွေကိုလိုက်ပြောနေရင် တစ်ယောက်နဲ့ တစ်ယောက်မပြီးဘူး ဟိုဘက်မှာလဲ ပြဿနာရှိတယ် ကျွန်တော့်မှာလဲပြဿနာရှိတယ် အဲ့ဒါတွေ ကို ဒါဖြစ်လို့ ဟိုဟာဖြစ်လို့နဲ့ ပြောနေမယ်ဆိုရင်ပြီးမယ့်ကိစ္စတွေမဟုတ်ဘူး အာ့ကြောင့်အကောင်း ဆုံးကိုယ့်အလုပ်ကို ယ်လုပ်တာကောင်းပါတယ်”

 

“အတိုက်အခိုက်တွေကတော့ ကျွန်တော်ရယ်မှမဟုတ်ဘူး လူတိုင်းတိုင်း လူတိုင်းမှာရှိတယ် အတိုက်အခိုက်တွေက အကောင်းနဲ့ အဆိုးလူတိုင်းမှာရှိတယ် နည်းတာနဲ့ များတာဘဲကွာတယ် ပေါ့။ အမြဲတမ်းကြီးတော့ အပြောခံနေရတာမဟုတ်ဘူး ကဲ့ရဲ့ခံနေရတာလဲမဟုတ်ဘူး ချီးမွန်းခံနေရတာလဲ မဟုတ်ဘူး ကဲ့ရဲ့ရင်လဲ စိတ်ဓာတ်ကျမသွားနဲ့ ချီးမွန်းရင်လဲ အရမ်းကြီးမြှောက်မသွားနဲ့ပေါ့ အေးအေးချမ်းချမ်းနဲ့ စိတ်ကို ပုံမှန်ထားပြီး ဖြတ်သန်းတာကောင်းပါတယ်”

 

“မိဘကတော့လဲ လက်ဦးဆရာဘဲပေါ့နော် အားပေးစကားဘဲပြောတာပေါ့၊ မိဘမှမဟုတ်ပါဘူး ။ဆရာတွေ မိတ်ဆွေအပေါင်းအသင်းတွေက အားလုံးဝန်းရံကြပါတယ် အားပေးစကားကလဲ လူတစ်ယောက်ဆီမှာလိုအပ်ပါတယ်။ လူတိုင်းလူတိုင်းမှာလိုအပ် ။ဝေဖန်နေသူတွေရေးနေသူတွေကိုလဲ ကျွန်တော်က ဘာမှပြောလို့မရပါဘူး။ အရမ်းကြီးမပြောလိုပါဘူး ။ သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့ လုပ်နေကြတာဘဲလေ ဘာမှမပြောလိုပါဘူး” လို့ ဆိုကာ ပြောကြားခဲ့ပါတယ်။

 

ပရိသတ်ကြီးကိုလဲ လိုရာဆန္ဒတွေပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် လို့ ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Momolay