
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခင်ဇာခြည်ကျော် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ခင်ဇာခြည်ကျော်က သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော် တို့ သားအမိနှစ်ယောက် ရဲ့ ပွဲတက် ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်ဇာခြည်ကျော် ရဲ့သမီးလေး ထင်သစ္စာက အနုပညာလောကထဲကို လောလောဆယ်ဝင်ရောက်ဖို့ မရှိပေမယ့် သီချင်းဆိုရတာကို ၀ါသနာပါပြီး အဆိုတော် တစ်ဦးဖြစ်ချင်တယ်လို့ သိရပါတယ်။ မိခင်နဲ့ အစ်ကို ဖြစ်သူတို့နဲ့ အတူ Photo Shotting များကိုလည်း ရိုက်ကူးထားတာတွေ့ရပါတယ်။
ထင်သစ္စာက သူမသီဆိုထားတဲ့ သီချင်း Cover Song များကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြပေးထားပါသေးတယ်။ ထင်သစ္စာက ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း ချစ်ခင်တဲ့ ပရိသတ်များစွာကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ခင်ဇာခြည်ကျော် နဲ့ သမီးလေး ထင်သစ္စာ တို့က Shwe FM ရဲ့ နှစ်၁၀ ပြည့် နှစ်ပတ်လည်ပွဲကို အတူတွဲတက်ခဲ့တာပါ။
သရုပ်ဆောင် ခင်ဇာခြည်ကျော် နဲ့ သမီးလေး ထင်သစ္စာ တို့ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source : momolay