ကျွန်တော့်ဘဝမှာ မြန်မာ အဖြစ် မျက်နှာငယ်ရတာ ရှိခဲ့ပါပြီဗျာ

ကျွန်တော့် Facebook အကောင့်ထဲမှာ ဌာနဆိုင်ရာ လူကြီးတွေကနေ နယ်ပယ် အသီးသီးက ပညာရှင်တွေ လွှတ်တော် ကိုယ်စား လှယ်တွေ ပြည်ထောင်စု ဝန်ကြီးအဆင့်ထိ ပါရှိနေတော့ ဒီနေ့ ကျွန်တော်တို့ မြန်မာ အဖွဲ့တွေ ကြုံလိုက်ရတဲ့ စိတ်မကောင်းစရာ အဖြစ်လေးတစ်ခုကို မျှဝေရင်း အကြံတောင်းခံချင်ပါတယ်ဗျ။

စာလည်းဆုံးအောင်ဖတ်ပေး အကြံပေးပါဗျ။ ခရီးသွားနေသူတွေ အတွက် ဗဟုသုတ မျှဝေပေးချင်တာ လည်းပါပါတယ်ဗျ။
ဒီနေ့ ကျွန်တော်တို့ မြန်မာအဖွဲ့တွေ အစည်းဝေးလေးနား တုန်းအချိန်လေးရတုန်း လာအိုသွားလည်ကြမယ်ဆို ပြီး မြန်မာ ထိုင်းဗီယက်နမ် ကမ္ဘောဒီးယား လူငယ်တွေ ဟိုတယ်ကနေ ကားငှားပြီးသွားကြပါတယ်။ပျော်နေကြတာပေါ့ ။သွားတဲ့ လူငယ်တွေအားလုံးကုန်ကျငွေကို မျှခံကြမယ်သဘောတူပြီး နယ်စပ်ရောက်တော့ ကားပေါ်ကဆင်းကြပြီး ပတ်စပို့ကိုယ်စီကိုင်လို့ တုံးထုဖို့ ပြင်ဆင်ကြပါတယ်။

ဒီအချိန်မှာပဲ ထိုင်းလဝက တာဝန်ရှိသူက ပြောပါတော့တယ် မြန်မာတွေ လုံးဝသွားလို့ မရပါဘူး။ကျန်တဲ့ နိုင်ငံသားတွေ ဖြစ်တဲ့ ဗီယယ်နမ် ကမ္ဘောဒီးယား လာအိုတို့ သွားလို့ ရပါတယ်။ မြန်မာတွေ သွားမရပါဘူး ပြောတော့ ဘယ်လိုလည်းပေါ့ ငါ့တို့က ဘာလို့ သွားမရတာလဲ စိတ်တွေတိုလာသလို ရှက်လည်းရှက်တာပေါ့။

-Facebook

အခြားနိုင်ငံသားတွေ ကလည်း ကြည့်နေပါတယ် ဘာဖြစ်လဲပေါ့ ဒါနဲ့ ကိုယ်တွေ အဖွဲ့ ထိုင်းလဝက နဲ့ သွားတွေ့ပါတယ်။ဒီမှာ သူကရှင်းပြပါတယ် ကျန်တဲ့နိုင်ငံတွေ ရပေမဲ့ မြန်မာ မရပါဘူး ဘာလို့ဆိုတော့ ထိုင်းနိုင်ငံ နဲ့မြန်မာ နှစ်နိုင်ငံ သဘောတူထားတဲ့ MOU အရ ဗီဇာမယူလာရင် international ပေါက်တွေကနေသာ ၁၄ ရက်သွားလို့ရပါတယ်။ သံရုံးမှာ ဗီဇာမယူလာရင် လေယာဉ်နဲ့လာတဲ့ သူတွေဟာ ထိုင်းမှာ ၁၄ ရက် နေထိုင်ခွင့် ရပေမယ့် နယ်စပ်ပေါက်တွေကနေ ထွက်လို့ ဝင်လို့ မရပါဘူး။ဒါနဲ့ အခြားအာစီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ် ကမ္ဘောရီးယား လာအို တို့ဟာ ထိုင်းနဲ့ MOU မှာ သဘောတူလက်မှတ် ထိုးထားပြီး ဖြစ်တဲ့ အတွက် ဒီနယ်စပ်ကနေ ထွက်လို့ဝင်လို့ ရပါတယ်။

ဒီတော့ သူက စာရွက်စာတမ်း MOU ပါအချက်တွေ ပြတာနဲ့ကိုယ်လည်း အသိတွေဆက် သံရုံးက အကိုတစ်ယောက်စီဆက် မေးပါတယ်။သူရှင်းပြ တော့မှ သဘောပေါက်ပါတော့တယ်။ မြန်မာ နဲ့ ထိုင်းကြားမှာ အခုလို လေယာဉ်နဲ့ သံရုံးမှာ ဗီဇာမယူပဲ သွားလို့ ရအောင် ကြိုးစားခဲ့တာ ဟာ ၁၀နှစ်ကျော်ကြာမှ ရခဲ့တာဖြစ်ပါတယ်။ အခု နယ်စပ်ကိစ္စကိုလည်း MOU ထိုးခဲ့စဉ်က ကြိုးစားခဲ့ပေမယ့်ထိုင်း ဘက်က မလိုက်လျောခဲ့ပါဘူး။အဓိက ထိုင်းနိုင်ငံတွင်းမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားအရေ အတွက်ဟာ ၄သန်းကျော်နေပြီး ဒါဟာ လာအိုနိုင်ငံ လူဦးရေ နီးပါးရှိပါတယ်။

ကမ္ဘောဒီးယား အလုပ်သမားတွေရှိပေမယ့် သိန်းဂဏန်း လောက်ပါပဲ။ဗီယက်နမ် အလုပ်သမား ကလည်း အလွန်နည်းပါတယ်။ဒီတော့ နယ်စပ်ပေါက်တွေကနေ ဗီဇာမယူပဲ ဝင်ထွက်ခွင့် သာရရင် အလုပ်သမားတွေ လှိမ့်ဝင်လာမှာကြောက်တာပါ။ဒါကြောင့် မပေးသေးပဲ ဒါဟာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံထဲ အတွက် သဘောတူညီချက်ပါ လို့ ရှင်းပြလို့ နားလည် စိတ်လျှော့ပြန်ခဲ့ပါတယ်။

ကျွန်တော်တို့ သွားလို့မရဘူး မင်းတို့ပဲ သွားတော့လို့ ကျန်တဲ့ နိုင်ငံက သူငယ်ချင်းတွေ ကိုပြောပြတော့ သူတို့ အားလုံးလည်း မသွားတော့ပါဘူးဆိုပြီး အားပေးကြပေမယ့် အတော်လေး မျက်နှာငယ်သလိုပါပဲဗျာ။ ဒီတော့ ကျွန်တော်တို့တွေ ကျွန်တော်တို့ အစိုးရ ကျွန်တော်တို့ နိုင်ငံနိုင်ငံသားတွေ အတွက် ညီညွတ်စွာ ကြိုးစားကြဖို့ လိုပါပြီဗျာ။ ကျွန်တော်တို့ အချင်းချင်း တိုက်ခိုက်နေကြတုန်း ဘေးနိုင်ငံတွေ တိုးတက်လာကြပြီး ကျွန်တော်တို့ဟာ နိုင်ငံတစ်ကာမှာ အလုပ်သမားပို့တဲ့ အလုပ်သမားလူတန်းစား လုပ်သားတဲ့ အိမ်နီးချင်းနိုင်ငံတွေက တောင် အလုပ်သမားပို့တဲ့ နိုင်ငံအဖြစ်သာ လက်ခံပြီး ယုံကြည်မှုမပေးသေးတဲ့ မျက်နှာငယ်စရာ နိုင်ငံ အဖြစ်ရောက်နေပါပြီဗျာ။

-Facebook

ဥရောပ နိင်ငံ ထားဦး အိမ်နီးချင်းကတောင် အထင်သေးစရာအလုပ်သမားပို့တဲ့ တိုင်းပြည် အဖြစ်သာ လက်ခံထားတယ်ဆိုတာတော့ ဒီကိစ္စတွေဟာ သက်သေပါပဲ။လာအိုလို ကမ္ဘောဒီးယားလိုဗိယက်နမ်လို နိုင်ငံတွေ တောင် ယုံကြည်စွာအခွင့်အရေး ပေးထားပြီးမြန်မာဟာ လူပို့စားနေတဲ့ အလုပ်သမား နိုင်ငံအဖြစ်သာ လက်ခံပြီးမယုံကြည်သေးတဲ့ ဒီလိုအဖြစ်တွေ ကိုယ့်လူမျိုး အနှိမ်ခံရတာတွေမဖြစ်ချင်ရင် အိမ်ကြက်ချင်းခွပ်နေတာတွေရပ်ပြီး အတူပူးပေါင်း ကြိုးစားကြဖို့ လိုပါပြီ။

ခင်ဗျား မြန်မာပြည်က ဘာလူမျိုးပဲ ဖြစ်ဖြစ် အခြားနိုင်ငံရောက်ရင်ခင်ဗျားကို မြန်မာလူမျိုးလို့သာ အသိအမှတ်ပြုမှာ ဖြစ်တော့ မြန်မာနိုင်ငံတွင်း လူမျိုးရေးဘန်းပြ လုပ်စားနေတာတွေ ခွဲခြားဆက်ဆံနေတာတွေ ကိုယ်ပိုင် နိုင်ငံအိမ်မက်တွေ ခနထားပြီး ဒီပြည်ထောင်စုအတွက် ကြိုးစားကြပါစို့ဗျာ။မြန်မာ အချင်းချင်း သူများတိုးတက်ရင် မနာလို ဆွဲချချင်တဲ့ နာမည်
ဖျက်ချင်တဲ့ အားနည်း ချက်ရှာ ဖျက်စီးတတ်တဲ့ စိတ်ထားတွေ ဖျောက်ဒုက္ခသည် စခန်းမှာ စားစရာ နေစရာ မျော်နေတဲ့ သူများနိုင်ငံမှာ မျက်နှာငယ်ငယ် အလုပ်လုပ်နေရတဲ့ ကိုယ့်လူမျိုးတွေ အတွက် ကြိုးစားကြရအောင်ပါလို့ကျွန်တော်ကိုယ်တိုင် လည်း ပိုကြိုးစားတော့မယ် ပိုအလုပ်လုပ်တော့မယ် ပိုပြီး ဖိုက်တော့ ပါမယ်လို့။

လူကြီးမင်းများလည်း သိပါစေ နားလည်ပါစေ ဒီကိစ္စကိုလည်း ကူညီဖြေရှင်းနိုင်ပါစေလို့။

နေမိုးအောင်
9Generation Force