အရမ္းခ်စ္စရာေကာင္းတဲ့ Roar Roarေလးရဲ႕၃ႏွစ္ျပည့္ေမြးေန႔ေလးမွာ အမွတ္တရေတြကို ေျပာျပလာတဲ့ ဆုပန္ထြာ

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး ဆုပန္ထြာကေတာ့ ေပ်ာ္႐ႊင္ေႏြးေထြးတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ထားၿပီး ဆုပန္ထြာရဲ႕မိသားစုေလးကိုလည္း ပရိသတ္ေတြက ခ်စ္ၾကပါတယ္ေနာ္။ဆုပန္ထြာရဲ႕ သားေလးRoar Roar ကလည္း အခုဆိုရင္ ၃ႏွစ္ျပည့္သြားၿပီျဖစ္လို႔ ေမေမဆုပန္ထြာက သားသားအတြက္ ေမြးေန႔ဆုမြန္ေကာင္းေလးကို ေတာင္းေပးကာ အမွတ္တရေလးေတြေျပာျပလာပါတယ္ေနာ္။

“15.9.2019 Happy Birthday My Lovely Son!မာမားရဲ႕ဒီဗိုက္ႀကီးထဲကထြက္လာခဲ့တာ ၃ ႏွစ္ျပည့္ပီေပါ့။ အခုဆိုေက်ာင္းေတာင္တက္တဲ့အ႐ြယ္ေရာက္ခဲ့ၿပီ။ က်န္းမာစြာ၊လိမၼာစြာ ေဖေဖ၊ေမေမ အေပၚသိတတ္စြာေနေပးတဲ့သားေလးမို႔ မာမားေက်းဇူးတင္မိတယ္။မားမား ကိုယ့္ကိုယ္ကိုက်န္းမာေအာင္ေနမယ္။ ခါးနာလို႔သားကိုေဒါင္းတိေမာင္းတိၾကာၾကာမခ်ီႏိုင္ေတာ့တာတစ္ခုေလးပါပဲ။(ဒါေပမယ့္လည္းခါးအနာခံၿပီးခ်ီတာပါပဲ) သားအေပၚေန႔တိုင္း စိတ္ေရာ၊ကိုယ္ေရာ ၂ခုလုံးမနားပဲျပဳစုပ်ိဳးေထာင္ရတာ ၃ႏွစ္ျပည့္ခဲ့ၿပီ။ေျပာရရင္အဓိက အပ်ိဳတုန္းကလိုအိပ္ေရးဝဝမအိပ္ရေတာ့တာ၊ေကာင္းေကာင္းမအိပ္ရေတာ့တာ ၃ႏွစ္ျပည့္ၿပီေပါ့။

Movies သိပ္ႀကိဳက္တဲ့ကြၽန္မ၊ ကားတစ္ကားကိုအစအဆုံးမၾကည့္ရေတာ့တာ၊ၾကည့္ခြင့္မရေတာ့တာ ၃ႏွစ္ျပည့္ၿပီေပါ့။ သီခ်င္းေတြနားေထာင္ခ်င္ရင္ေတာင္ အိမ္မွာ ကားေပၚမွာ ဖြင့္လိုက္ရင္ ကေလးသီခ်င္း Baby Song ေလးေတြပဲနားေထာင္ရင္းလိုက္ဆိုခဲ့ရတာလည္း ၃ႏွစ္ျပည့္ခဲ့ေပါ့။ဒူးၿပဲနဖူးကြဲမျဖစ္ေအာင္၊ျခင္မကိုက္ေအာင္၊ဖ်ားတာနာတာမျဖစ္ရေအာင္၊လက္သည္းေျခသည္းေတြရွည္မေနရေအာင္၊ ေနာက္ဆုံးထမင္းစားရင္ဘယ္ႏွစ္လုပ္စားလဲကအစ မားမားခုခ်ိန္ထိလိုက္ေရေနတုန္းမို႔…မာမားကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ ျပဳစုေစာင့္ေရွာက္ပါမယ္။သားေလးကိုခ်စ္တယ္လို႔။”ဆိုၿပီး ေရးသားထားပါတယ္ေနာ္။

Source:Supan Htwar’s Facebook/Photo Credit:Aung Zaw(Love Space)

UNICODE

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုပန်ထွာကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ဆုပန်ထွာရဲ့မိသားစုလေးကိုလည်း ပရိသတ်တွေက ချစ်ကြပါတယ်နော်။ဆုပန်ထွာရဲ့ သားလေးRoar Roar ကလည်း အခုဆိုရင် ၃နှစ်ပြည့်သွားပြီဖြစ်လို့ မေမေဆုပန်ထွာက သားသားအတွက် မွေးနေ့ဆုမွန်ကောင်းလေးကို တောင်းပေးကာ အမှတ်တရလေးတွေပြောပြလာပါတယ်နော်။

“15.9.2019 Happy Birthday My Lovely Son!မာမားရဲ့ဒီဗိုက်ကြီးထဲကထွက်လာခဲ့တာ ၃ နှစ်ပြည့်ပီပေါ့။ အခုဆိုကျောင်းတောင်တက်တဲ့အရွယ်ရောက်ခဲ့ပြီ။ ကျန်းမာစွာ၊လိမ္မာစွာ ဖေဖေ၊မေမေ အပေါ်သိတတ်စွာနေပေးတဲ့သားလေးမို့ မာမားကျေးဇူးတင်မိတယ်။မားမား ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေမယ်။ ခါးနာလို့သားကိုဒေါင်းတိမောင်းတိကြာကြာမချီနိုင်တော့တာတစ်ခုလေးပါပဲ။(ဒါပေမယ့်လည်းခါးအနာခံပြီးချီတာပါပဲ) သားအပေါ်နေ့တိုင်း စိတ်ရော၊ကိုယ်ရော ၂ခုလုံးမနားပဲပြုစုပျိုးထောင်ရတာ ၃နှစ်ပြည့်ခဲ့ပြီ။ပြောရရင်အဓိက အပျိုတုန်းကလိုအိပ်ရေးဝဝမအိပ်ရတော့တာ၊ကောင်းကောင်းမအိပ်ရတော့တာ ၃နှစ်ပြည့်ပြီပေါ့။

Movies သိပ်ကြိုက်တဲ့ကျွန်မ၊ ကားတစ်ကားကိုအစအဆုံးမကြည့်ရတော့တာ၊ကြည့်ခွင့်မရတော့တာ ၃နှစ်ပြည့်ပြီပေါ့။ သီချင်းတွေနားထောင်ချင်ရင်တောင် အိမ်မှာ ကားပေါ်မှာ ဖွင့်လိုက်ရင် ကလေးသီချင်း Baby Song လေးတွေပဲနားထောင်ရင်းလိုက်ဆိုခဲ့ရတာလည်း ၃နှစ်ပြည့်ခဲ့ပေါ့။ဒူးပြဲနဖူးကွဲမဖြစ်အောင်၊ခြင်မကိုက်အောင်၊ဖျားတာနာတာမဖြစ်ရအောင်၊လက်သည်းခြေသည်းတွေရှည်မနေရအောင်၊ နောက်ဆုံးထမင်းစားရင်ဘယ်နှစ်လုပ်စားလဲကအစ မားမားခုချိန်ထိလိုက်ရေနေတုန်းမို့…မာမားကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပြုစုစောင့်ရှောက်ပါမယ်။သားလေးကိုချစ်တယ်လို့။”ဆိုပြီး ရေးသားထားပါတယ်နော်။

Source:Supan Htwar’s Facebook/Photo Credit:Aung Zaw(Love Space)