You are here
Home > Facebook သတင်းစုံ > ပျံလွန်တော်မူချိန်တွင် မည်သည့် ဈာပနပွဲမျှမလုပ်ခိုင်းဘဲ ရုပ်ကလပ်တော်ကို ဆေးတက္ကသိုလ်သို့ နေ့ချင်း လှူဒါန်းခိုင်းခဲ့သော ဆရာတော်

ပျံလွန်တော်မူချိန်တွင် မည်သည့် ဈာပနပွဲမျှမလုပ်ခိုင်းဘဲ ရုပ်ကလပ်တော်ကို ဆေးတက္ကသိုလ်သို့ နေ့ချင်း လှူဒါန်းခိုင်းခဲ့သော ဆရာတော်

ပျံလွန်တော်မူချိန်တွင် မည်သည့် ဈာပနပွဲမျှမလုပ်ခိုင်းဘဲ ရုပ်ကလပ်တော်ကို ဆေးတက္ကသိုလ်သို့ နေ့ချင်း လှူဒါန်းခိုင်းခဲ့သော ဆရာတော်

မနက်၉နာရီ၄၅ မိနစ်က ပျံလွန်တော်မူပြီး မွန်းလွဲပိုင်း ၂နာရီတွင် ဈာပနကိစ္စ အားလုံး အချိန်တိုအတွင်းပြီးစီးခဲ့ပါသည်။

ယနေ့ (၁၃၈၁-ခုနှစ် တော်သလင်းလပြည့်ကျော် (၂)ရက် တနင်္ဂနွေနေ့ (15-9-2019)

အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော် ဥုးဇနပ္ပတိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနာ့ဓဇသိရီပဝရဓမ္မာစရိယ အင်္ဂုတ္တရနိကာယပါဠိပါဂူ သက္ကတဆေက၊ ဂန္ထကာရက(ကျမ်းပြု) (မဟာဂန္ဓာရုံတရာတော်ကြီးနှင့်အတူ ဘာသာဋီကာကျမ်းစာ(၁၄)ကျမ်းကျော် အတူပြုစုပေးခဲ့ပါသည်။)


သံဃာအပါး(၁၃၀၀)ကျော်မှ လက်အုပ်ချီ၍ ကျောင်းမှထွက်ခွါမည့် ဆေးရုံကားပေါ်သို့ လိုက်ပါပို့ဆောင်ပေးကြပုံ

မဟာနာကယ၊နာယက၊အနုနာယကဆရာတော်များ အမရပူရမြို့မှ ပင့်သံဃာတော်များ ၊အနီးနားမှ ရောက်ရှိလာကြသော တပည့်များ၊မဟာဂန္ဓာရုံကျောင်းတိုက်မှသံဃာများနှင့်ဆွေမျိုးများ ၊ဒါယကာ ဒါယိကာမများ မှ အပြစ်များရှိက ဝန်ချကန်တော့ တောင်းပန်ကြပြီး။ အကျဉ်းချုပ် ဈာပန အခမ်းနားပြုလုပ် အမျှပေးဝေ။

သံဃာအပါး(၁၃၀၀)ကျော်မှ လက်အုပ်ချီ၍ ကျောင်းမှထွက်ခွါမည့် ဆေးရုံကားပေါ်သို့ လိုက်ပါပို့ဆောင်ပေးကြပုံ

မြို့နယ်သံဃမဟာနာယက

သက်တော် (၇၆-နှစ်) သိက္ခာတော် (၅၆)ဝါရှိ

ယခုလွန်တော်မူသည့် ဆန္ဒတော်အရ ဆေးတက္ကသိုလ်တွင် ရုပ်ကလာပ် လှူဒါန်းလိုက်ပါသည်။

သံဃာအပါး(၁၃၀၀)ကျော်မှ လက်အုပ်ချီ၍ ကျောင်းမှထွက်ခွါမည့် ဆေးရုံကားပေါ်သို့ လိုက်ပါပို့ဆောင်ပေးကြပုံ

ဘုန်းကြီးပျံပွဲ ၊ ဧရင်ကျူးပွဲ တွေ လုံးဝမလုပ်၊ ကိစ္စအားလုံး အကျဉ်းချုပ်၍ အချိန်တိုအတွင်း ဈာပနကိစ္စ ပြီးစီး ချုပ်ငြိမ်းသွားပါသည်။

လွယ်ကူစွာ အသက်မွေးခြင်းသည် ၊ မိမိကြောင့် တစ်ပါးသူတို့ တာဝန်မတက်စေခြင်းသည် သူတော်ကောင်းတို့ဂုဏ်ပါတည်း။

ရုပ်ကလာပ်တော်သယ်ဆောင်၍ ဤဘဝ ဤခန္ဓာ ကိစ္စအားလုံး ချုပ်ငြိမ်းတော်မူပါပြီ

ဝိနည်းလည်းလေးစား စာပေလည်းအလုံးစုံတတ်ပြီး မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျမ်းစာများကိုလည်း အတူရေးသားပြုစုပေးတော်မူခဲ့ သလို ကိုယ်ဝတ်သင်္ကန်းဆိုလို့လည်း နှစ်စုံမျှသာ အသုံးပြု ဝတ်ရုံတော်မူပြီး၊ ဘယ်သူက ဘာပစ္စည်းလှူလှူ ချက်ချင်း ကိုရင်တွေ သူတော်တွေ သံဃာ့ဝေယျာဝစ္စလုပ်ပေးသည့် သံဃာများကို ရလျင် ရချင်းပြန်လှူဒါန်းတော်မူပါသည်။

ဘာပစ္စည်းမှမသိုမှီးပါ။ ဘာကိုမှလည်း မငြိတွယ်ပါ။

အနေလည်းရိုးရှင်းတော်မူသလို ဈာပနကိစ္စကိုလည်း ဘယ်သူနဲ့မတူအောင် အလုံးစုံရိုးရှင်းတော်မူပါသည်။တကယ့် ကြည်ညိုဖွယ် သာသနာ့ အာဇာနည် ဟု ခေါ်ထိုက်ပါပေသည်။

Ashin Kavi Nanda0

Top
//nossairt.net/4/3018672