You are here
Home > Facebook သတင္းစံု > ထုိင္းနုိင္ငံရွိ ပုိင္ရွင္မဲ့ ျမန္မာအေလာင္း ၆၀၀ ခန္႔ကုိုျပန္လည္သယ္ေဆာင္လုိပါကဆက္သြယ္နုိင္ေၾကာင္း ထုိင္းအထူးစုံစမ္းေရးေျပာၾကား

ထုိင္းနုိင္ငံရွိ ပုိင္ရွင္မဲ့ ျမန္မာအေလာင္း ၆၀၀ ခန္႔ကုိုျပန္လည္သယ္ေဆာင္လုိပါကဆက္သြယ္နုိင္ေၾကာင္း ထုိင္းအထူးစုံစမ္းေရးေျပာၾကား

ထုိင္းႏုိင္ငံ မဟာခ်ိဳင္ေဒသမွာ ၿပီးခဲ့တဲ့ ရက္ပုိင္းက ျမန္မာသတင္းေထာက္မ်ားႏွင့္ေတြပဆံုစဥ္မွာ ထိုင္းႏိုင္ငံ အထူးစုံစမ္းစစ္ေဆး ေရးဌာန DSI အႀကီးတန္းအရာရွိ မစၥနာတာပြန္ဘြန္ယာခြန္က မိမိတုိ႔ႏုိင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆံုးၿပီး ပုိင္ရွင္မဲ့ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံသား အေလာင္း ၆၀၀ ခန္႔ရွိေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ယင္းရုပ္အေလာင္းမ်ားႏွင့္ ပတ္သတ္ၿပီး မိသားဝင္မ်ားမွ ျပန္လည္သယ္ေဆာင္လုိပါက ဆက္သြယ္ႏုိင္ေၾကာင္း၊ ယင္းအျပင္ ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ မိမိတုိ႔ မိသားစုဝင္မ်ား ထုိင္းႏုိင္ငံတြင္ ေပ်ာက္ဆံုးေနသည္ဟု ယူဆပါက ဆက္သြယ္ႏုိင္ေၾကာင္း ေျပာခဲ့ပါတယ္။

၂၀၀၄ ခုႏွစ္က ဆူနာမီမုန္တုိင္းေၾကာင့္ ေသဆံုးခဲ့သည့္ ႐ုပ္အေလာင္း ၁၀၀၀ ခန႔္ရွိၿပီး ျမန္မာႏုိင္ငံသား ပုိင္ရွင္မဲ့ ရုပ္အေလာင္း ၆၀၀ ခန႔္ပါဝင္ေၾကာင္း၊ ယင္းရုပ္အေလာင္းမ်ားအား DNA စစ္ေဆးထားၿပီး၊ ယခုအခ်ိန္ထိ သိမ္းဆည္းထားေၾကာင္း၊ ယင္းႏွင့္ပတ္သတ္၍ LPN ရံုးကုိ ဆက္သြယ္ႏုိင္ေၾကာင္း၊ DNA ျဖင့္ စစ္ေဆးၿပီး ကုိက္ညီမႈရွိတဲ့ ရုပ္အေလာင္းေတြကုိ ျပန္လည္ သယ္ယူသြားေစလုိေၾကာင္း၊

အေလာင္းမ်ားအား ဒီအတုိင္းထိန္းသိမ္းထားတာထက္စာရင္ ဗုဒၶဘာသာအရ ကုိယ့္ႏုိင္ငံကုိ ျပန္ေခၚသြားတာ ပိုမုိအဆင္ေျပေၾကာင္း၊ ေသဆံုးသူမ်ားရဲ႕ မိသားဝင္မ်ား အကူအညီေထာင္းခံပါက အခမဲ့ DNA စစ္ေပးၿပီး အေလာင္းမ်ားကုိ ေနရပ္သုိ႔ ျပန္လည္ယူေဆာင္ႏုိင္ရန္ ကူညီေပးမည္ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ မိသားစုမ်ားအေနျဖင့္ စံုစမ္းလုိပါက ထုိင္းႏုိင္ငံ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရးအဖဲြ႔ LPN မွ 034-434726,086-1631390,083-7438956 ဖုန္းမ်ားသုိ႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း LPN အဖဲြ႔မွ ဆုိပါတယ္။

Writer – ME( Shwe Yaung Lan )

Unicode Version

ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာသတင်းထောက်များနှင့်တွေပဆုံစဉ်မှာ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေး ရေးဌာန DSI အကြီးတန်းအရာရှိ မစ္စနာတာပွန်ဘွန်ယာခွန်က မိမိတို့နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးပြီး ပိုင်ရှင်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသား အလောင်း ၆၀၀ ခန့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ယင်းရုပ်အလောင်းများနှင့် ပတ်သတ်ပြီး မိသားဝင်များမှ ပြန်လည်သယ်ဆောင်လိုပါက ဆက်သွယ်နိုင်ကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မိသားစုဝင်များ ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေသည်ဟု ယူဆပါက ဆက်သွယ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က ဆူနာမီမုန်တိုင်းကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်း ၁၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံသား ပိုင်ရှင်မဲ့ ရုပ်အလောင်း ၆၀၀ ခန့်ပါဝင်ကြောင်း၊ ယင်းရုပ်အလောင်းများအား DNA စစ်ဆေးထားပြီး၊ ယခုအချိန်ထိ သိမ်းဆည်းထားကြောင်း၊ ယင်းနှင့်ပတ်သတ်၍ LPN ရုံးကို ဆက်သွယ်နိုင်ကြောင်း၊ DNA ဖြင့် စစ်ဆေးပြီး ကိုက်ညီမှုရှိတဲ့ ရုပ်အလောင်းတွေကို ပြန်လည် သယ်ယူသွားစေလိုကြောင်း၊

အလောင်းများအား ဒီအတိုင်းထိန်းသိမ်းထားတာထက်စာရင် ဗုဒ္ဓဘာသာအရ ကိုယ့်နိုင်ငံကို ပြန်ခေါ်သွားတာ ပိုမိုအဆင်ပြေကြောင်း၊ သေဆုံးသူများရဲ့ မိသားဝင်များ အကူအညီထောင်းခံပါက အခမဲ့ DNA စစ်ပေးပြီး အလောင်းများကို နေရပ်သို့ ပြန်လည်ယူဆောင်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မိသားစုများအနေဖြင့် စုံစမ်းလိုပါက ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ LPN မှ 034-434726,086-1631390,083-7438956 ဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း LPN အဖွဲ့မှ ဆိုပါတယ်။

Writer – ME( Shwe Yaung Lan )

Top
//grunoaph.net/4/3018672