You are here
Home > အနုပညာ > ညစ္တြန္းဇာတ္ကားရဲ႕ကုန္က်စာရိတ္က က်န္စစ္မင္း႐ုပ္ရွင္ကို မမီေသးဘူးဆိုတဲ့ လူမင္း

ညစ္တြန္းဇာတ္ကားရဲ႕ကုန္က်စာရိတ္က က်န္စစ္မင္း႐ုပ္ရွင္ကို မမီေသးဘူးဆိုတဲ့ လူမင္း

လူမင္းကေတာ့ ‘’ညစ္တြန္း’’႐ုပ္ရွင္ဇာတ္ကားႀကီးကို ေငြေၾကးအကုန္အက် မ်ားမ်ားနဲ႔႐ိုက္ကူးခဲ့တယ္လို႔ဆိုပါတယ္။ ဒီဇာတ္ကားဟာ အိႏၵိယႏိုင္ငံကေန မူရင္းဇာတ္ၫႊန္းကို ဝယ္ၿပီး ႐ုပ္ရွင္အျဖစ္႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္လူမင္းကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ‘’ညစ္တြန္း’’႐ုပ္ရွင္ကားႀကီးကိုေတာ့ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာပါ။ ဒီဇာတ္ကားကို ႐ိုက္ကူးေနတဲ့ အခ်ိန္မွာေတာ့ သိန္း ၂၀၀၀ အကုန္က်ခံခဲ့ရတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’ အခုဆိုရင္ ထုတ္လုပ္သူေတြကအစ၊ သ႐ုပ္ေဆာင္ေတြေရာ၊ ဒါ႐ိုက္တာေတြေရာ၊ ႐ိုက္ၾကမယ္ဆိုတာနဲ႔ ေပါေပါတန္တန္ မ႐ိုက္ရဲၾကေတာ့ဘူး။ ပရိသတ္ႀကိဳက္တာ မႀကိဳက္တာက ေနာက္ထား အရည္အေသြးေကာင္းေကာင္း႐ိုက္မွ ႐ုံရွင္ကလည္း ေ႐ြးမယ္။ ပရိသတ္ေတြကလည္း အရမ္းေဝဖန္ေထာက္ျပလာၾကၿပီဆိုေတာ့ေလ။ ဒီဇာတ္ကား႐ိုက္တာ သိန္း ၂၀၀၀ ေက်ာ္ပါတယ္။ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က ႐ိုက္တဲ့ က်န္စစ္မင္း ဇာတ္ကားကို မမီေသးဘူး။ အဲဒီတုန္းက ႐ုပ္ရွင္ကားတစ္ကား သိန္း ၅၀၀ ကုန္တဲ့အခ်ိန္မွာ အစ္ကိုက သိန္း ၂၅၀၀ သုံးၿပီး႐ိုက္ခဲ့တာပါ’’ လို႔ သူကဆိုပါတယ္။

‘’ညစ္တြန္း’’႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ဇာတ္ၫႊန္းကိုေတာ့ အိႏၵိယႏိုင္ငံက ႐ုပ္ရွင္ဇာတ္ၫႊန္းေရးဆရာဆီက တိုက္႐ိုက္ဝယ္ယူခဲ့တာလို႔ သိရပါတယ္။ အိႏၵိယ ဇာတ္ၫႊန္းကို ႐ုပ္ရွင္႐ိုက္ကူးရတဲ့အခ်ိန္က ခံစားခ်က္ကိုလည္း လူမင္းကေျပာျပလာပါတယ္။

‘’ဒီဇာတ္ကားဆိုရင္လည္း ဇာတ္လမ္းအမ်ိဳးအစားက ဘာေျပာရမွန္း မသိဘူးေပါ့ေနာ္။ အက္ရွင္လား၊ ဒရာမာလား၊ ဖန္စီလားေပါ့။ အဓိက ကေတာ့ အိႏၵိယ ဇာတ္ၫႊန္းကို ဝယ္႐ိုက္တယ္ဆိုတာ သူတို႔ ဇာတ္ၫႊန္းကို ေလ့လာခ်င္လို႔၊ အစ္ကို ဒါ႐ိုက္တာအေနနဲ႔႐ိုက္ၾကည့္ရင္ ဘယ္ေလာက္ခက္မလဲေပါ့ေနာ္။ ဘယ္ေလာက္ပညာရမလဲ၊ ၿပီးေတာ့ အစ္ကို႐ိုက္ေနၾက ပုံစံေလးမဟုတ္ေတာ့ ပရိသတ္အတြက္ အျမင္ဆန္းမယ့္ ရသေလး ရေစခ်င္တဲ့ စိတ္ကူးနဲ႔ ဒီဇာတ္ၫႊန္းေလးကို ဝယ္႐ိုက္လိုက္တာပါ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၁၃ ရက္ေန႔က ‘’ညစ္တြန္း’’႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္းေျဖဆိုခဲ့တာပါ။

အဲဒီေနာက္ ‘’ညစ္တြန္း’’႐ုပ္ရွင္ဇာတ္ကားထဲကေန ပရိသတ္ကို ေပးခ်င္တဲ့ မက္ေဆ့ခ်္ေတြကိုလည္း လူမင္းက ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

‘’ ဇာတ္ကားပုံစံကေတာ့ သဘာဝဇာတ္ကားလို႔ပဲေျပာရမွာေပါ့ေနာ္။ ဘယ္ေလာက္ပဲ ခ်မ္းသာ၊ ခ်မ္းသာ၊ ဘယ္ေလာက္ပဲ ဆင္းရဲ ဆင္းရဲ၊ မေျပလည္မႈ စိတ္ညစ္စရာဆိုတာ လူတိုင္းမွာရွိတယ္။ စိတ္ညစ္တဲ့သူေတြကို ေတြ႕တဲ့အခါလည္း ပိုၿပီးေတာ့ စိတ္ညစ္စရာေတြ ေတြ႕လာတတ္တယ္ေပ့ါေနာ္။ အဲဒီေတာ့ ကိုယ္ေပးခ်င္တဲ့ မက္ေဆ့ခ်္က လူတိုင္းမွာ ညစ္စရာေတြရွိတယ္၊ ကိုယ္ညစ္တာေတြကို တတ္ႏိုင္သေလာက္ သည္းခံရမယ္၊ ဇြတ္တြန္းထုတ္မယ္ဆိုရင္ေတာ့ ပိုဆိုးတဲ့ အရာေတြ ျဖစ္လာႏိုင္တယ္’’ လို႔ ဆိုပါတယ္။

လူမင္းဟာ က်န္စစ္မင္း႐ုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ဒါ႐ိုက္တာအျဖစ္ ဇာတ္ကားေတြ႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။ သူက က်န္စစ္မင္း႐ုပ္ရွင္ဇာတ္ကား၊ Anubis ႐ုပ္ရွင္ဇာတ္ကား၊ ၾကတ္ဂူ ႐ုပ္ရွင္ဇာတ္ကား နဲ႔ ညစ္တြန္း ႐ုပ္ရွင္ဇာတ္ကားတို႔ကို ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးခဲ့သူပါ။ လူမင္းဟာ ၂၀၀၂ခုႏွစ္မွာ ေ႐ႊမႈံႀကဲတဲ့မိုးေကာင္ကင္ ႐ုပ္ရွင္ဇာတ္ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂၀၀၅ခုႏွစ္မွာေတာ့ က်န္စစ္မင္းနဲ႔ အကယ္ဒမီရရွိခဲ့ ၿပီး၂၀၁၆ခုႏွစ္မွာေတာ့ လူမင္းက ပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြားႏွင့္ၿမိဳင္ရာဇာတာေတ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ ဆုကို ရရွိခဲ့ပါေသးတယ္။ ၂၀၁၈ ခုႏွစ္အတြက္ Star Awards ဆုေပးပြဲမွာေတာ့ Actor In A Supporting Role Awardဆုကို ငယ္ကြၽန္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

CRD-CELE YATKWAT

UNICODE

လူမင်းကတော့ ‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားကြီးကို ငွေကြေးအကုန်အကျ များများနဲ့ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားဟာ အိန္ဒိယနိုင်ငံကနေ မူရင်းဇာတ်ညွှန်းကို ဝယ်ပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

သရုပ်ဆောင်လူမင်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီးကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားကို ရိုက်ကူးနေတဲ့ အချိန်မှာတော့ သိန်း ၂၀၀၀ အကုန်ကျခံခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အခုဆိုရင် ထုတ်လုပ်သူတွေကအစ၊ သရုပ်ဆောင်တွေရော၊ ဒါရိုက်တာတွေရော၊ ရိုက်ကြမယ်ဆိုတာနဲ့ ပေါပေါတန်တန် မရိုက်ရဲကြတော့ဘူး။ ပရိသတ်ကြိုက်တာ မကြိုက်တာက နောက်ထား အရည်အသွေးကောင်းကောင်းရိုက်မှ ရုံရှင်ကလည်း ရွေးမယ်။ ပရိသတ်တွေကလည်း အရမ်းဝေဖန်ထောက်ပြလာကြပြီဆိုတော့လေ။ ဒီဇာတ်ကားရိုက်တာ သိန်း ၂၀၀၀ ကျော်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရိုက်တဲ့ ကျန်စစ်မင်း ဇာတ်ကားကို မမီသေးဘူး။ အဲဒီတုန်းက ရုပ်ရှင်ကားတစ်ကား သိန်း ၅၀၀ ကုန်တဲ့အချိန်မှာ အစ်ကိုက သိန်း ၂၅၀၀ သုံးပြီးရိုက်ခဲ့တာပါ’’ လို့ သူကဆိုပါတယ်။

‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကိုတော့ အိန္ဒိယနိုင်ငံက ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာဆီက တိုက်ရိုက်ဝယ်ယူခဲ့တာလို့ သိရပါတယ်။ အိန္ဒိယ ဇာတ်ညွှန်းကို ရုပ်ရှင်ရိုက်ကူးရတဲ့အချိန်က ခံစားချက်ကိုလည်း လူမင်းကပြောပြလာပါတယ်။

‘’ဒီဇာတ်ကားဆိုရင်လည်း ဇာတ်လမ်းအမျိုးအစားက ဘာပြောရမှန်း မသိဘူးပေါ့နော်။ အက်ရှင်လား၊ ဒရာမာလား၊ ဖန်စီလားပေါ့။ အဓိက ကတော့ အိန္ဒိယ ဇာတ်ညွှန်းကို ဝယ်ရိုက်တယ်ဆိုတာ သူတို့ ဇာတ်ညွှန်းကို လေ့လာချင်လို့၊ အစ်ကို ဒါရိုက်တာအနေနဲ့ရိုက်ကြည့်ရင် ဘယ်လောက်ခက်မလဲပေါ့နော်။ ဘယ်လောက်ပညာရမလဲ၊ ပြီးတော့ အစ်ကိုရိုက်နေကြ ပုံစံလေးမဟုတ်တော့ ပရိသတ်အတွက် အမြင်ဆန်းမယ့် ရသလေး ရစေချင်တဲ့ စိတ်ကူးနဲ့ ဒီဇာတ်ညွှန်းလေးကို ဝယ်ရိုက်လိုက်တာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့က ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

အဲဒီနောက် ‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားထဲကနေ ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ချ်တွေကိုလည်း လူမင်းက ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ ဇာတ်ကားပုံစံကတော့ သဘာဝဇာတ်ကားလို့ပဲပြောရမှာပေါ့နော်။ ဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ၊ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ၊ မပြေလည်မှု စိတ်ညစ်စရာဆိုတာ လူတိုင်းမှာရှိတယ်။ စိတ်ညစ်တဲ့သူတွေကို တွေ့တဲ့အခါလည်း ပိုပြီးတော့ စိတ်ညစ်စရာတွေ တွေ့လာတတ်တယ်ပေ့ါနော်။ အဲဒီတော့ ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ်က လူတိုင်းမှာ ညစ်စရာတွေရှိတယ်၊ ကိုယ်ညစ်တာတွေကို တတ်နိုင်သလောက် သည်းခံရမယ်၊ ဇွတ်တွန်းထုတ်မယ်ဆိုရင်တော့ ပိုဆိုးတဲ့ အရာတွေ ဖြစ်လာနိုင်တယ်’’ လို့ ဆိုပါတယ်။

လူမင်းဟာ ကျန်စစ်မင်းရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ဒါရိုက်တာအဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့သူဖြစ်ပါတယ်။ သူက ကျန်စစ်မင်းရုပ်ရှင်ဇာတ်ကား၊ Anubis ရုပ်ရှင်ဇာတ်ကား၊ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကား နဲ့ ညစ်တွန်း ရုပ်ရှင်ဇာတ်ကားတို့ကို ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သူပါ။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

CRD-CELE YATKWAT

Top
//nossairt.net/4/3018672