အရက္ေသာက္ျခင္းေၾကာင့္ရင္ဘတ္ေအာင့္ သည္ဆိုကာ ေသြးပါေရာ၍အန္ျခင္းမ်ိဳး လက္ေတြ႔ေပ်ာက္ဖူးပါတယ္

Zawgyi ျဖင့္ဖတ္၇န္

ကြ်ဲေက်ာင္းမင္ေဆး(ကြ်ဲေက်ာင္းမင္ေသ)

ေဆးပင္ကိုလူသိမ်ားပါသည္။အမည္ႏွင့္ေဆးပင္တဲြ၍ မသိၾကေသာ္လည္း ေနရာ အႏွ႔႔ံမိုးရာသီတြင ္ေပါမ်ားစြာ ေပါက္ေရာက္ေသာေဆးအသံုးၾကီးသည့္ သမားတစ္ဆူျဖစ္၏။ကြ်ဲေက်ာင္း သမားမ်ား အရုပ္ေရးရာတြင္ မင္ေဆးအျဖစ္အသံုးျပဳခဲ႔၍ ̏ ကြ်ဲေက်ာင္းမင္ေဆး ˝ဟုေခၚဟန္ရွိပါသည္။
ျမင္ဖူးေတြ႔ဖူးၾကသူလည္းမ်ားလွသည္။ရင္ဘတ္ေအာင့္ျခင္း၊ေသြးႏွင့္ေရာကာအန္ျခင္း

လမ္းလုပ္ငန္းခြင္တြင္ အလုပ္သမားတစ္ဦးအလုပ္ၾကမ္း လည္းလုပ္ အရက္ေသာက္ျခင္းေၾကာင့္ရင္ဘတ္ေအာင့္ သည္ဆိုကာ ေသြးပါေရာ၍အန္ျခင္းမ်ိဳးျဖစ္ရသည္။ သြားစရာျမိဳ႕/ရြာေဆးခန္းတို႔ႏွင့္ေ၀းကြာလွသည့္ ေၾကာက္မက္ဖြယ္ အေျခအေနမ်ိဳးတြင္ ယင္းေဆးပင္၏ ပဥၥ(၅)ပါးသတၱဳရည္ကို ဆားအနည္းငယ္သြင္းကာ တိုက္ေပးရန္ေဆးနည္းရ၍ ထိုအလုပ္သမား စိုးရိမ္ဖြယ္အေျခအေနမွ အသက္ခ်မ္းသာ ရခဲ႔ဖူးပါသည္။ ကေလး၀-ေမာ္လိုက္ကားလမ္းေဖါက္လုပ္စဥ္ ကျဖစ္ေလသည္။

အမည္အေခၚအေ၀ၚမ်ား

(၁)ရြက္ခြ်န္=ရြက္နီမ်ိဳးႏွင့္ ရြက္တံုး=အစိမ္းမ်ိဳးဟူ၍ျဖစ္သည္။
အခ်ိဳ႕ေဒသမ်ားတြင္̏ ၾကဗဟံုးပင္ ˝ဟုေခၚသည္။
ကေလးမ်ားအတြက္လြန္စြာအသံုး၀င္ျပီး ̏အၾကီးမ်ိဳး ˝ဟုလည္းေခၚသည္။

(၂) အေသးတစ္မ်ိဳးရွိေသးသည္။ အရြက္နီျပီး ေျမတြင္ကပ္၍ေပါက္ပါသည္။
̏ကြ်ဲေက်ာင္းမင္ေဆးငယ္˝ဟုေဆးက်မ္းတို႔တြင္ ္ေခၚၾကသည္။ ျမန္မာတို႔ကား ̏ျခေသၤ႔နို႔ရည္ ˝ဟု ေခၚၾကသည္။
ေဆးအသံုးမ်ား

(၁) ကေလးမ်ားသလိပ္ကပ္
အရြက္ကိုညွစ္ျပီး ေရက်က္ေအးႏွင့္ေရာတိုက္က သက္သာေပ်ာက္ကင္း၏။
(၂) ပန္းနာေရာဂါ
ပဥၥ(၅)ပါးသတၱဳရည္(ညွစ္ရည္)ကို တိုက္ေပးပါကေမာပန္းမွဳေပ်ာက္ ကင္းသည္။

(၃)အပူလြန္၀မ္းကိုက္ျခင္း
အရြက္ကို လက္သုပ္ လုပ္စားက ေပ်ာက္ကင္းသည္။ သၾကားႏွင့္ျပဳတ္က်ိဳေသာက္ေပးပါက ေသြးပါေသာ ၀မ္းကိုက္ေရာဂါကိုေပ်ာက္ကင္းေစသည္။
(၄)ေပြး၊၀ဲ၊ယားနာ

အေစးႏွင့္ပြတ္ေပးပါက ေပ်ာက္ကင္းသည္။
(၅)နို႔ထြက္ေကာင္းမြန္ေစျခင္း
သားသည္မိခင္မ်ားအရြက္ကိုျပဳတ္တို႔စားျခင္း၊သုပ္ စားျခင္း၊ဟင္းခါးခ်က္ေသာက္ ေပးပါ ကနို႔ထြက္အားေကာင္းပါသည္။

(၆)၀မ္းကိုက္ေရာဂါ
အရိုးအရြက္ကို ေၾကာ္စားေပးျခင္း၊သုပ္စားေပးျခင္း ျပဳပါကသက္သာေပ်ာက္ကင္းသည္။ပဥၥ(၅)ပါးျပဳတ္က်ိဳ၍ေသာက္လည္းရသည္။
ေရအစား ေဆးျပဳတ္ရည္ေသာက္က ပိုေကာင္းသည္။အခ်ိဳ႕မင္ေသာ္ပင္၊ဆိတ္နို႔ပင္ဟုလည္းေခၚဆိုသည္မ်ိဳးရွိသည္။
(၇)ေရေႏြးပူေလာင္၊မီးပူေလာင္

အပင္၏ပဥၥ(၅)ပါးကို ျပာခ်ျပီး အုန္းဆီျဖင့္လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစသည္။

အရသာႏွင့္အက်ိဳးအသြား
အေစးသည္ခ်ိဳ၊ခါး၊စပ္၊ငန္ကာပူေသာသတၱိထူးရွိသည္။ကိုယ္၀န္ကိုတည္ေစတတ္သည္။ႏွာေစး၊ေခ်ာင္းဆိုး၊ အေအးပက္၊အပူ၀င္၊အပူငုတ္ျခင္းတို႔တြင္ လည္း ယင္းေဆးပင္သည္အက်ိဳးျပဳသည္။ရင္ဘတ္ ေအာင့္ျခင္းေသြးႏွင့္ ေရာအန္ျခင္းးတို႔ ေဆး၀ါးခက္ခဲသည့္ေနရာၾကံဳခဲ႔ပါက ကြ်ဲေက်ာင္းမင္ေဆးပင္ကို သတိတရရွိေနၾကပါရန္။
ရုကၡေဗဒအမည္ (Euphorbia hitta Linn)

က်မ္းကိုး
အရွင္နာသိန္ပံုျပအဘိဓာန္
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicodeဖြင့်ဖတ်ရန်

ကျွဲကျောင်းမင်ဆေး(ကျွဲကျောင်းမင်သေ)

ဆေးပင်ကိုလူသိများပါသည်။အမည်နှင့်ဆေးပင်တွဲ၍ မသိကြသော်လည်း နေရာ အနှ့့ံမိုးရာသီတွင ်ပေါများစွာ ပေါက်ရောက်သောဆေးအသုံးကြီးသည့် သမားတစ်ဆူဖြစ်၏။ကျွဲကျောင်း သမားများ အရုပ်ရေးရာတွင် မင်ဆေးအဖြစ်အသုံးပြုခဲ့၍ ̏ ကျွဲကျောင်းမင်ဆေး ˝ဟုခေါ်ဟန်ရှိပါသည်။

မြင်ဖူးတွေ့ဖူးကြသူလည်းများလှသည်။ရင်ဘတ်အောင့်ခြင်း၊သွေးနှင့်ရောကာအန်ခြင်း

လမ်းလုပ်ငန်းခွင်တွင် အလုပ်သမားတစ်ဦးအလုပ်ကြမ်း လည်းလုပ် အရက်သောက်ခြင်းကြောင့်ရင်ဘတ်အောင့် သည်ဆိုကာ သွေးပါရော၍အန်ခြင်းမျိုးဖြစ်ရသည်။ သွားစရာမြို့/ရွာဆေးခန်းတို့နှင့်ဝေးကွာလှသည့် ကြောက်မက်ဖွယ် အခြေအနေမျိုးတွင် ယင်းဆေးပင်၏ ပဥ္စ(၅)ပါးသတ္တုရည်ကို ဆားအနည်းငယ်သွင်းကာ တိုက်ပေးရန်ဆေးနည်းရ၍ ထိုအလုပ်သမား စိုးရိမ်ဖွယ်အခြေအနေမှ အသက်ချမ်းသာ ရခဲ့ဖူးပါသည်။ ကလေးဝ-မော်လိုက်ကားလမ်းဖေါက်လုပ်စဉ် ကဖြစ်လေသည်။

အမည်အခေါ်အဝေါ်များ
(၁)ရွက်ချွန်=ရွက်နီမျိုးနှင့် ရွက်တုံး=အစိမ်းမျိုးဟူ၍ဖြစ်သည်။
အချို့ဒေသများတွင်̏ ကြဗဟုံးပင် ˝ဟုခေါ်သည်။

ကလေးများအတွက်လွန်စွာအသုံးဝင်ပြီး ̏အကြီးမျိုး ˝ဟုလည်းခေါ်သည်။
(၂) အသေးတစ်မျိုးရှိသေးသည်။ အရွက်နီပြီး မြေတွင်ကပ်၍ပေါက်ပါသည်။
̏ကျွဲကျောင်းမင်ဆေးငယ်˝ဟုဆေးကျမ်းတို့တွင် ်ခေါ်ကြသည်။ မြန်မာတို့ကား ̏ခြင်္သေ့နို့ရည် ˝ဟု ခေါ်ကြသည်။

ဆေးအသုံးများ
(၁) ကလေးများသလိပ်ကပ်
အရွက်ကိုညှစ်ပြီး ရေကျက်အေးနှင့်ရောတိုက်က သက်သာပျောက်ကင်း၏။
(၂) ပန်းနာရောဂါ
ပဥ္စ(၅)ပါးသတ္တုရည်(ညှစ်ရည်)ကို တိုက်ပေးပါကမောပန်းမှုပျောက် ကင်းသည်။

(၃)အပူလွန်ဝမ်းကိုက်ခြင်း
အရွက်ကို လက်သုပ် လုပ်စားက ပျောက်ကင်းသည်။ သကြားနှင့်ပြုတ်ကျိုသောက်ပေးပါက သွေးပါသော ၀မ်းကိုက်ရောဂါကိုပျောက်ကင်းစေသည်။
(၄)ပွေး၊၀ဲ၊ယားနာ
အစေးနှင့်ပွတ်ပေးပါက ပျောက်ကင်းသည်။

(၅)နို့ထွက်ကောင်းမွန်စေခြင်း
သားသည်မိခင်များအရွက်ကိုပြုတ်တို့စားခြင်း၊သုပ် စားခြင်း၊ဟင်းခါးချက်သောက် ပေးပါ ကနို့ထွက်အားကောင်းပါသည်။
(၆)၀မ်းကိုက်ရောဂါ
အရိုးအရွက်ကို ကြော်စားပေးခြင်း၊သုပ်စားပေးခြင်း ပြုပါကသက်သာပျောက်ကင်းသည်။ပဥ္စ(၅)ပါးပြုတ်ကျို၍သောက်လည်းရသည်။
ရေအစား ဆေးပြုတ်ရည်သောက်က ပိုကောင်းသည်။အချို့မင်သော်ပင်၊ဆိတ်နို့ပင်ဟုလည်းခေါ်ဆိုသည်မျိုးရှိသည်။
(၇)ရေနွေးပူလောင်၊မီးပူလောင်

အပင်၏ပဥ္စ(၅)ပါးကို ပြာချပြီး အုန်းဆီဖြင့်လိမ်းပေးပါက သက်သာပျောက်ကင်းစေသည်။
အရသာနှင့်အကျိုးအသွား
အစေးသည်ချို၊ခါး၊စပ်၊ငန်ကာပူသောသတ္တိထူးရှိသည်။ကိုယ်ဝန်ကိုတည်စေတတ်သည်။နှာစေး၊ချောင်းဆိုး၊ အအေးပက်၊အပူဝင်၊အပူငုတ်ခြင်းတို့တွင် လည်း ယင်းဆေးပင်သည်အကျိုးပြုသည်။ရင်ဘတ် အောင့်ခြင်းသွေးနှင့် ရောအန်ခြင်းးတို့ ဆေးဝါးခက်ခဲသည့်နေရာကြုံခဲ့ပါက ကျွဲကျောင်းမင်ဆေးပင်ကို သတိတရရှိနေကြပါရန်။

ရုက္ခဗေဒအမည် (Euphorbia hitta Linn)
ကျမ်းကိုး
အရှင်နာသိန်ပုံပြအဘိဓာန်
ရဲမျိုးသူ(ဗောဓိမြိုင်)