“ခ်စ္သူေကာင္မေလးကို အဆံုးရႈံးမခံနိုင္ေလာက္ေအာင္ ခ်စ္ေနပါျပီလို႕ ဖြင့္ဟ၀န္ခံလိုက္တဲ့ ထြန္းထြန္း”

အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္အားေပးမႈကို စတင္ရရွိခဲ့တဲ့ ထြန္းထြန္းကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သဲသဲလႈပ္ဝန္းရံတာကို ခံေနရတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ေနာက္ပိုင္းမွာေတာ့ ထြန္းထြန္းဟာ ဗီဒီယိုဇာတ္ကားေတြမွာသာမက ႐ုပ္ရွင္မင္းသားတစ္ေယာက္အေနနဲ႔ပါ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အေကာင္းဆုံးအကယ္ဒမီဆုကို “အုတ္ၾကားျမက္ေပါက္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ထိုက္တန္စြာခ်ီးျမင့္ ခံခဲ့ရတာျဖစ္ပါတယ္။

လတ္တေလာမွာလည္း” ႏိုင္ငံႀကီးသား”႐ုပ္ရွင္ဇာတ္ကားမွာ အဓိကသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ရဲအုပ္သူရေဇာ္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ဒီဇာတ္ကားဟာ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ခဲ့ပါတယ္။ ထြန္းထြန္းကေတာ့ မၾကာခင္မွာ ရံုတင္ျပသေတာ့ မယ့္ “တန္ဖိုး” ရုပ္ရွင္ဇာတ္ကားမွာလည္း ေအးျမတ္သူနဲ႕အတူ ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ျပီး ရံုမတင္ခင္ကတည္းက ပရိသတ္အားေပးမႈကို ရရွိထားတဲ့ ဇာတ္ကားတစ္ကားလို႕ ဆိုရမွာပါ။ လူပ်ိဳႀကီးထြန္းထြန္းဟာ မၾကာေသးခင္ကမွ ခ်စ္သူရွိေၾကာင္း ပရိသတ္ေတြကို ဖြင့္ဟေျပာျပခဲ့တာျဖစ္ျပီး ခ်စ္သူေကာင္မေလးက ဘယ္သူဘယ္၀ါဆိုတာကိုေတာ့ မေျပာျပခဲ့ပါဘူး။

ဒါေပမယ့္ ထြန္းထြန္းအတြက္ကေတာ့ သ၀န္တို၊စိတ္မခ်ျဖစ္စရာေတြ ေခါင္းထဲေရာက္မလာေအာင္ထားေပးတဲ့ ခ်စ္သူကို ပိုင္ဆိုင္ထားတာျဖစ္ျပီး သူမေၾကာင့္ ဘ၀မွာ တစ္ခါမွ မရဘူးတဲ့ စိတ္ခ်မ္းသာမႈမ်ိဳးေတြရခဲ့တယ္လို႕ ရင္ဖြင့္ေျပာျပထားပါတယ္။ ဆက္ျပီးေတာ့လည္း သူမကို အဆံုးရွႈံးမခံနိုင္ေလာက္ေအာင္ ခ်စ္ေနပါျပီ ဆိုတဲ့ အေၾကာင္းကို ကိုလည္း ဆက္ျပီးေတာ့ ေျပာျပထားပါေသးတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးေရ ထြန္းထြန္းကေတာ့ သူ႕ရဲ႕ ခ်စ္သူေကာင္မေလးကို အရမ္းေတြခ်စ္ေနပါျပီ။လူပ်ိဳႀကီးထြန္းထြန္းရဲ႕ မဂၤလာသတင္းကိုေတာ့ မၾကာခင္ၾကားရေတာ့မယ္ထင္တယ္ေနာ္….။

Source: Htin Aung Tun
ခ်စ္သဲေမ – CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“ချစ်သူကောင်မလေးကို အဆုံးရှုံးမခံနိုင်လောက်အောင် ချစ်နေပါပြီလို့ ဖွင့်ဟဝန်ခံလိုက်တဲ့ ထွန်းထွန်း”

အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ ထွန်းထွန်းကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်ဝန်းရံတာကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ ဗီဒီယိုဇာတ်ကားတွေမှာသာမက ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ပါ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအကယ်ဒမီဆုကို “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားနဲ့ ထိုက်တန်စွာချီးမြင့် ခံခဲ့ရတာဖြစ်ပါတယ်။

လတ်တလောမှာလည်း” နိုင်ငံကြီးသား”ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲအုပ်သူရဇော်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်ကားဟာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ထွန်းထွန်းကတော့ မကြာခင်မှာ ရုံတင်ပြသတော့ မယ့် “တန်ဖိုး” ရုပ်ရှင်ဇာတ်ကားမှာလည်း အေးမြတ်သူနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ရုံမတင်ခင်ကတည်းက ပရိသတ်အားပေးမှုကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။ လူပျိုကြီးထွန်းထွန်းဟာ မကြာသေးခင်ကမှ ချစ်သူရှိကြောင်း ပရိသတ်တွေကို ဖွင့်ဟပြောပြခဲ့တာဖြစ်ပြီး ချစ်သူကောင်မလေးက ဘယ်သူဘယ်ဝါဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

ဒါပေမယ့် ထွန်းထွန်းအတွက်ကတော့ သဝန်တို၊စိတ်မချဖြစ်စရာတွေ ခေါင်းထဲရောက်မလာအောင်ထားပေးတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူမကြောင့် ဘဝမှာ တစ်ခါမှ မရဘူးတဲ့ စိတ်ချမ်းသာမှုမျိုးတွေရခဲ့တယ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။ ဆက်ပြီးတော့လည်း သူမကို အဆုံးရှှုံးမခံနိုင်လောက်အောင် ချစ်နေပါပြီ ဆိုတဲ့ အကြောင်းကို ကိုလည်း ဆက်ပြီးတော့ ပြောပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ထွန်းထွန်းကတော့ သူ့ရဲ့ ချစ်သူကောင်မလေးကို အရမ်းတွေချစ်နေပါပြီ။လူပျိုကြီးထွန်းထွန်းရဲ့ မင်္ဂလာသတင်းကိုတော့ မကြာခင်ကြားရတော့မယ်ထင်တယ်နော်….။

Source: Htin Aung Tun
ချစ်သဲမေ – CeleGabar