အသက္ ၂၁ ႏွစ္သာ ရွိေသးေပမဲ့ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲေတြမွာ ေရႊတံဆိပ္ ၆ ခုထိ ရထားၿပီး နိုင္င့ံဂုဏ္ေဆာင္ထားသူကေတာ့ မိန္းမေခ်ာေလး သက္ထားသူဇာပဲ ျဖစ္ပါတယ္…အသက္ငယ္ေပမဲ့ သူမရဲ႕ ဇြဲ လံု႔လ ဝီရိယ နိုင္ငံအတြက္ဂုဏ္ရွိေအာင္ စြမ္းေဆာင္ႏိုင္မႈေၾကာင့္ ပရိသတ္ေတြ ခ်စ္ခင္အားေပးသူ တစ္ဦးလည္းျဖစ္ပါတယ္…
သူမေၾကာင့္ ျမန္မာ့ၾကက္ေတာင္ေလာကကို လူေတြ ပိုစိတ္ဝင္စားလာေစတယ္ဆိုရင္လည္း မမွားပါဘူး….. ကမာၻ႕အဆင့္ ၁၀၀ ထဲမွာ ရွိၿပီး ၿပီးခဲ့တဲ့ ျမန္မာႏိုင္ငံမွာ က်င္းပခဲ့တဲ့ Myanmar International Series ၾကက္ေတာင္ၿပိဳင္ပြဲမွာလည္း ပထမ မရခဲ့ေပမဲ့လည္း တတိယဆုရယူၿပီး ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံရဲ႕ တစ္ဦးတည္းေသာ ဆုရသူျဖစ္ခဲ့ပါတယ္…. ပထမဆုထိ ေမွ်ာ္မွန္းထားခဲ့ေသာ္လည္း တတိယဆုသာရတဲ့အေပၚ စိတ္ဓာတ္မက်ဖို႔ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြကလည္း အားေပးစကားေတြေျပာၾကားခဲ့ပါတယ္…
လတ္တေလာယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲအၿပီးမွာေတာ့ သက္ထားသူဇာဟာ ေနာက္ထပ္ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲတစ္ခုကိုလည္း သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနပါတယ္…
အဲဒီၿပိဳင္ပြဲကေတာ့ စက္တင္ဘာလ ၁၇ ရက္ကေန ၂၂ ရက္ေန႔အထိက်င္းပသြားမယ့္ Maldives International Future Series 2019 ၿပိဳင္ပြဲပဲ ျဖစ္ပါတယ္.. ဒါ့အျပင္ ဆက္တိုက္ဆိုသလို ၂၄ ရက္ေန႔ကေန ၂၉ ရက္ေန႔ထိ က်င္းပမဲ့ Maldives International Challenge ၿပိဳင္ပြဲကို လည္း ဆက္လက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္….အဲဒီၿပိဳင္ပြဲမွာေတာ့ သက္ထားသူဇာဟာ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲ သာမက အမ်ိဳးသမီး နွစ္ေယာက္တြဲၿပိဳင္ပြဲမွာပါ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္….. နွစ္ေယာက္တြဲၿပိဳင္ပြဲမွာေတာ့ ျမန္မာ့ၾကက္ေတာင္မယ္ တစ္ဦးျဖစ္တဲ့ လိႈင္မြန္ၾကဴ နဲ႔ တြဲဖက္ ကစားသြားမယ္လို႔ သိရပါတယ္။
အဆိုပါၿပိဳင္ပြဲမွာ သက္ထားသူဇာဟာ ကမာၻ႕အဆင့္သတ္မွတ္ခ်က္ အျမင့္ဆံုးကစားသမား ျဖစ္ပါတယ္.. ဒါ့ေၾကာင့္ ဗိုလ္ဆြဲဖို႔ ေရပန္းစားေနၿပီး ၿပိဳင္ပြဲကိုလည္း ဒုတိယအဆင့္ကေန ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္….. အဲဒီပြဲမွာ ႏိုင္ရင္ ကြာတား၊ ဆီမီး၊ ဖိုင္နယ္ စသျဖင့္ တစ္ဆင့္ခ်င္း ယွဥ္ၿပိဳင္သြားရမွာပဲ ျဖစ္ပါတယ္…ဗိုလ္စြဲဖို႔ အတြက္ သက္ထားသူဇာဟာ ၄ ပြဲသာ ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕ ေရပန္းအစားဆံုး ကစားသမားျဖစ္တာေၾကာင့္ ဒီၿပိဳင္ပြဲမွာ ႏိုင္ငံ့ဂုဏ္ကိုထပ္ေဆာင္ႏိုင္မလားဆိုတာ က်ေနာ္တို႔ ေစာင့္ၾကည့္အားေပးရမွာပါ….. သက္ထားသူဇာတစ္ေယာက္ ထပ္မံေအာင္ျမင္ပါေစလို႔လည္း က်ေနာ္တို႔ ဆုေတာင္းေပးၾကရေအာင္ေနာ္…
Writer – HW (Shwe Yaung Lan)
Source : THET HTAR Thuzar
Unicode Version
အသက် ၂၁ နှစ်သာ ရှိသေးပေမဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၆ ခုထိ ရထားပြီး နိုင်ငံ့ဂုဏ်ဆောင်ထားသူကတော့ မိန်းမချောလေး သက်ထားသူဇာပဲ ဖြစ်ပါတယ်…အသက်ငယ်ပေမဲ့ သူမရဲ့ ဇွဲ လုံ့လ ဝီရိယ နိုင်ငံအတွက်ဂုဏ်ရှိအောင် စွမ်းဆောင်နိုင်မှုကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးသူ တစ်ဦးလည်းဖြစ်ပါတယ်…
သူမကြောင့် မြန်မာ့ကြက်တောင်လောကကို လူတွေ ပိုစိတ်ဝင်စားလာစေတယ်ဆိုရင်လည်း မမှားပါဘူး….. ကမ္ဘာ့အဆင့် ၁၀၀ ထဲမှာ ရှိပြီး ပြီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ Myanmar International Series ကြက်တောင်ပြိုင်ပွဲမှာလည်း ပထမ မရခဲ့ပေမဲ့လည်း တတိယဆုရယူပြီး ပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ဆုရသူဖြစ်ခဲ့ပါတယ်…. ပထမဆုထိ မျှော်မှန်းထားခဲ့သော်လည်း တတိယဆုသာရတဲ့အပေါ် စိတ်ဓာတ်မကျဖို့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အားပေးစကားတွေပြောကြားခဲ့ပါတယ်…
လတ်တလောယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအပြီးမှာတော့ သက်ထားသူဇာဟာ နောက်ထပ် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတစ်ခုကိုလည်း သွားရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်…
အဲဒီပြိုင်ပွဲကတော့ စက်တင်ဘာလ ၁၇ ရက်ကနေ ၂၂ ရက်နေ့အထိကျင်းပသွားမယ့် Maldives International Future Series 2019 ပြိုင်ပွဲပဲ ဖြစ်ပါတယ်.. ဒါ့အပြင် ဆက်တိုက်ဆိုသလို ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပမဲ့ Maldives International Challenge ပြိုင်ပွဲကို လည်း ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်….အဲဒီပြိုင်ပွဲမှာတော့ သက်ထားသူဇာဟာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ သာမက အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်….. နှစ်ယောက်တွဲပြိုင်ပွဲမှာတော့ မြန်မာ့ကြက်တောင်မယ် တစ်ဦးဖြစ်တဲ့ လှိုင်မွန်ကြူ နဲ့ တွဲဖက် ကစားသွားမယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲမှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံးကစားသမား ဖြစ်ပါတယ်.. ဒါ့ကြောင့် ဗိုလ်ဆွဲဖို့ ရေပန်းစားနေပြီး ပြိုင်ပွဲကိုလည်း ဒုတိယအဆင့်ကနေ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်….. အဲဒီပွဲမှာ နိုင်ရင် ကွာတား၊ ဆီမီး၊ ဖိုင်နယ် စသဖြင့် တစ်ဆင့်ချင်း ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်…ဗိုလ်စွဲဖို့ အတွက် သက်ထားသူဇာဟာ ၄ ပွဲသာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ကစားသမားဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ကိုထပ်ဆောင်နိုင်မလားဆိုတာ ကျနော်တို့ စောင့်ကြည့်အားပေးရမှာပါ….. သက်ထားသူဇာတစ်ယောက် ထပ်မံအောင်မြင်ပါစေလို့လည်း ကျနော်တို့ ဆုတောင်းပေးကြရအောင်နော်…
Writer – HW (Shwe Yaung Lan)
Source : THET HTAR Thuzar