
အရုပ္မေလးလို ခ်စ္စရာေကာင္းလြန္းလို႔ ပရိသတ္ေတြ အရမ္းခ်စ္ၾကတဲ့ အဆိုေတာ္ မင္းသမီးေခ်ာေလး နန္းဆုရတီစုိးကေတာ့ ပရိသတ္ေတြကိုလည္း တန္ဖိုးထားတာေၾကာင့္ We Love ေတြရဲ႕အခ်စ္ကို အျပည့္အဝရရွိထားတာပါ။ လတ္တေလာမွာေတာ့ နန္းဆုေလးက သူမရဲ႕ေမြးေန႔မွာ ပရိသတ္ေတြကို အိမ္အထိဖိတ္ျပီး သူမကိုယ္တိုင္ အသုပ္စံု သုပ္ေက်ြးခဲ့တာ ေတြ႔ရပါတယ္။ အခ်စ္ေရး အဆင္မေျပတဲ့ စိတ္ထိခိုက္ေနတဲ့ အေျခအေနမွာေတာင္ သူမပရိသတ္ေတြအတြက္ သာမာန္ ေတြ႔ဆံုမႈထက္ ပိုျပီး မိသားစုဆန္လွတဲ့ နန္းဆုရဲ႕ေႏြးေထြးမႈကေတာ့ ပရိသတ္ေတြအကုန္လံုးကို စိတ္လႈပ္ရွားေစခဲ့တာပါ။
ခ်စ္ပရိသတ္ေတြအတြက္ သူမကိုယ္တိုင္ကိုယ္က် အသုပ္စံုကို နယ္ဖတ္ျပီး ပရိသတ္ေတြကို ေက်ြးေမြးေနတဲ့ နန္းဆုရတီစိုးရဲ႕ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
အဆိုပါဗီဒီယိုေလးကိုေတာ့ နန္းဆုရတီစိုးရဲ႕ပရိသတ္တစ္ဦးက လူမႈကြန္ယက္မွာ ေဝမွ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ နန္းဆုရတီစိုးရဲ႕ေမြးေန႔ အမွတ္တရပြဲေလးကိုေတာ့ မေန႔က စက္တင္ဘာလ (၁၅) ရက္ေန႔က သူမရဲ႕ပရိသတ္ေတြနဲ႔ ေနအိမ္မွာ ေပ်ာ္ေပ်ာ္ပါးပါး က်င္းပခဲ့တာပါ။ နန္းဆုရတီစိုးရဲ႕ေမြးေန႔ပြဲေလးမွာေတာ့ We Love အဖြဲ႔ဝင္ေတြနဲ႔ မုန္႔ေတြအတူစား၊ လက္ေဆာင္ေတြေပးခဲ့တာလည္း ေတြ႔ရပါတယ္။
နန္းဆုကိုယ္တိုင္ အသုပ္စံုသုပ္ေနတဲ့ ခ်စ္စရာဗီဒီယိုေလး
ပရိသတ္ေတြက နန္းဆုရဲ႕အခ်စ္ေရးကို အရမ္းစိတ္ပူေနၾကေပမယ့္ သူမကေတာ့ အတည္ျငိမ္ဆံုးနဲ႔ အရင့္က်က္ဆံုး ေျဖရွင္းေနတယ္လို႔လည္း သိရပါတယ္။ လက္ရွိမွာေတာ့ နန္းဆုက သီခ်င္းအသစ္ေတြ ဖန္တီးျဖစ္ေနျပီး ပရိသတ္ေတြကို ပိုျပီး အခ်ိန္ေပးျဖစ္ေနတာလည္း ေတြ႔ရပါတယ္။ခ်စ္ပရိသတ္ေတြလည္း ပရိသတ္ေတြကို အရမ္းခ်စ္တတ္လြန္းတဲ့ နန္းဆုေလးကို ခ်စ္ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။
Video;Moe Thandar Kyi,CRD-MOMOLAY
UNICODE
အရုပ်မလေးလို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ပရိသတ်တွေကိုလည်း တန်ဖိုးထားတာကြောင့် We Love တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ နန်းဆုလေးက သူမရဲ့မွေးနေ့မှာ ပရိသတ်တွေကို အိမ်အထိဖိတ်ပြီး သူမကိုယ်တိုင် အသုပ်စုံ သုပ်ကျွေးခဲ့တာ တွေ့ရပါတယ်။ အချစ်ရေး အဆင်မပြေတဲ့ စိတ်ထိခိုက်နေတဲ့ အခြေအနေမှာတောင် သူမပရိသတ်တွေအတွက် သာမာန် တွေ့ဆုံမှုထက် ပိုပြီး မိသားစုဆန်လှတဲ့ နန်းဆုရဲ့နွေးထွေးမှုကတော့ ပရိသတ်တွေအကုန်လုံးကို စိတ်လှုပ်ရှားစေခဲ့တာပါ။
ချစ်ပရိသတ်တွေအတွက် သူမကိုယ်တိုင်ကိုယ်ကျ အသုပ်စုံကို နယ်ဖတ်ပြီး ပရိသတ်တွေကို ကျွေးမွေးနေတဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုပါဗီဒီယိုလေးကိုတော့ နန်းဆုရတီစိုးရဲ့ပရိသတ်တစ်ဦးက လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးရဲ့မွေးနေ့ အမှတ်တရပွဲလေးကိုတော့ မနေ့က စက်တင်ဘာလ (၁၅) ရက်နေ့က သူမရဲ့ပရိသတ်တွေနဲ့ နေအိမ်မှာ ပျော်ပျော်ပါးပါး ကျင်းပခဲ့တာပါ။ နန်းဆုရတီစိုးရဲ့မွေးနေ့ပွဲလေးမှာတော့ We Love အဖွဲ့ဝင်တွေနဲ့ မုန့်တွေအတူစား၊ လက်ဆောင်တွေပေးခဲ့တာလည်း တွေ့ရပါတယ်။
နန်းဆုကိုယ်တိုင် အသုပ်စုံသုပ်နေတဲ့ ချစ်စရာဗီဒီယိုလေး
ပရိသတ်တွေက နန်းဆုရဲ့အချစ်ရေးကို အရမ်းစိတ်ပူနေကြပေမယ့် သူမကတော့ အတည်ငြိမ်ဆုံးနဲ့ အရင့်ကျက်ဆုံး ဖြေရှင်းနေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ နန်းဆုက သီချင်းအသစ်တွေ ဖန်တီးဖြစ်နေပြီး ပရိသတ်တွေကို ပိုပြီး အချိန်ပေးဖြစ်နေတာလည်း တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း ပရိသတ်တွေကို အရမ်းချစ်တတ်လွန်းတဲ့ နန်းဆုလေးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Video;Moe Thandar Kyi,CRD-MOMOLAY