You are here
Home > Facebook သတင်းစုံ > လွင်မိုး ကြော်ငြာပေးလိုက်လို့ အရမ်းရောင်းကောင်းနေတဲ့ စမူဆာသုတ် ဆိုင်လေး
လွင်မိုး ကြော်ငြာပေးလိုက်လို့ အရမ်းရောင်းကောင်းနေတဲ့ စမူဆာသုတ် ဆိုင်လေး
Unicode Version
ရုပ်ရှင် နှင့် ဗွီဒီယိုသရုပ်ဆောင် လွင်မိုးဟာ ဆိုရင် ဝါရင့် အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကိုလည်း ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင်ရိုးရှင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို ၊ စိတ်သဘောထားလည်း အင်မတန်မှကို ဖြူစင်တဲ့ သရုပ်ဆောင်အဖြစ် နာမည်ကျော်လှသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ လူတွေကိုကူညီတတ်တဲ့ အကျင့်ကြောင့် ပရိသတ်က ပိုမိုချစ်ခင်ရသူ တစ်ဦးလည်းဖြစ်ပါတယ်။
သရုပ်ဆောင် လွင်မိုးက သူသွားစားနေကြ စမူဆာသုတ် ဆိုင်လေး စားကောင်းကြောင်းကို သူ့ လူမှုကွန်ရက်ကနေ အသိပေးပြီး စမူဆာသုတ် ဆိုင်လေးကို ရောင်းအားမြင့်တက်
စေရေး ကူညီပေးခဲ့တဲ့အကြောင်း အားလုံး သိပြီး ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေဟာ များသောအားဖြင့် ဆိုင်ကောင်း ဆိုင်ကြီးတွေမှာသာ စားတတ်ကြပေမယ့် သရုပ်ဆောင်
လွင်မိုးကတော့ လမ်းဘေးဆိုင်လေးကို ညွှန်းတာကြောင့် သူချစ်တဲ့ ပရိသတ်ကလည်း ပရိသတ်နဲ့ တစ်သားတည်းရှိတဲ့ မင်းသား အဖြစ် အခုထိ ချစ်ခင်နေတုန်းပါပဲ။
သရုပ်ဆောင် လွင်မိုး ကြေငြာပေးတဲ့ ကောင်းမှုကြောင့် အခုဆို စမူဆာသုတ်ဆိုင်လေးဟာဆိုရင် ကြိတ်ကြိတ်တိုးစည်ကားပြီး ရောင်းအားတွေလည်း အင်မတန်တက်လာခဲ့တာကိုတွေ့ရပါတယ်။ သရုပ်ဆောင် လွင်မိုးကိုယ်တိုင်တောင်မှ ကိုယ်ကြေငြာပေးလိုက်ပြီး ကိုယ်ပြန်တိုးစားရမယ့် အဖြစ်လေးကို ခပ်နောက်နောက်နဲ့.. ညီလေးရေ အကိုတောင်လာစားဖို့ မလွယ်တော့ဘူးကွာ လို့ စနောက်ထားပါသေးတယ်..။
အခုလို သရုပ်ဆောင် လွင်မိုးရဲ့ ကူညီတတ်တဲ့ အကျင့်လေးကြောင့် သူတစ်ပါးမှာ အင်မတန်မှ အကျိုးဖြစ်ထွန်းစေခဲ့တာကြောင့် သရုပ်ဆောင် လွင်မိုးရဲ့ လုပ်ရပ်ကို ပရိသတ်က ချီးမွမ်း
နေကြပါတယ်။ ပရိသတ်ကြီးလည်း လမ်းကြုံရင် သရုပ်ဆောင် လွင်မိုး ညွှန်းတဲ့ ဆိုင်လေးကို လူပါးချိန်နဲ့ ကြုံတဲ့အခါ ဝင်ရောက်မြည်းစမ်းကြည့်လိုက်ပါဦးနော်..။
Writer- SMT(Shwe Yaung Lan)
Top
//thefacux.com/4/3018672