You are here
Home > Facebook သတင္းစံု > အိမ္အကူကို အက္ဆစ္ျဖင့္ေလာင္းကာ ရက္ရက္စက္စက္ ႏွိပ္စက္ခဲ့သည့္ အမ်ိဳးသမီး ၂ ဦးအလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္ က်

အိမ္အကူကို အက္ဆစ္ျဖင့္ေလာင္းကာ ရက္ရက္စက္စက္ ႏွိပ္စက္ခဲ့သည့္ အမ်ိဳးသမီး ၂ ဦးအလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္ က်

အက္ဆစ္ျဖင့္ေလာင္းကာ အိမ္အကူအား ရက္ရက္စက္စက္ ႏွိပ္စက္ခဲ့သည့္အမ်ိဳးသမီး ၂ ဦးအားအလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္ က်ခံရန္ အမိန္႔ခ်
Monday, September 16, 2019

အိမ္အကူအျဖစ္ အလုပ္ကိုင္သည့္ အမ်ိဳးသမီးငယ္တစ္ဦးကို မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္ရွိ ေနအိမ္တစ္ခုအတြင္း အက္ဆစ္ျဖင့္ေလာင္းျခင္း၊ မ်က္စိကြယ္ေအာင္လုပ္ျခင္း တို႔ကို က်ဴးလြန္ခဲ့သည့္အမ်ိဳးသမီးနွင့္ ပါဝင္ပတ္သက္သူကို ယေန႕မႏၲေလးခရိုင္တရားရံုးတြင္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္ က်ခံရန္ အမိန္႔ခ်ခဲ့သည္ ။

ျပစ္မွဳက်ဴးလြန္သူမ်ားျဖစ္သည့္ ေဒၚနီနီႏုႏြယ္ နွင့္ ေဒၚမိုးမိုးတုိ႔တြင္ ေဒၚနီနီႏုႏြယ္ မွာ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ ေထာင္ဒဏ္ (၇) ႏွစ္ က်ခံေနရသည့္အတြက္ ခ်ဳပ္ရက္ ခံစားခြင့္မရွိဘဲ ေဒၚမိုးမိုး မွာ ခ်ဳပ္ရက္ ခံစားခြင့္ရွိေၾကာင္း တရားရံုး က အမိန္႔ခ်ခဲ့သည္ ။

အက္စစ္နွင့္ အပတ္ခံရသည့္ မိန္းကေလးမွာ ရွမ္းျပည္နယ္ေတာင္ပိုင္း ရြာငံၿမိဳ႕နယ္ နဘမ္းႀကီးေက်းရြာတြင္ေနထိုင္သည့္ မနန္းေမဇင္ဦးျဖစ္ၿပီး ၂၀၀၉ ခုႏွစ္ကတည္းက အက္ဆစ္ျဖင့္ ေလာင္းခဲ့ျခင္းျဖစ္ကာ ၂၀၁၈ ခုနွစ္ မတ္လ (၁) ေန႔က ထြက္ေျပးလြတ္ေျမာက္လာခဲ့ေၾကာင္းသိရရွိသည္။

Unicode ျဖင့္ဖတ္ရန္

Credit-Myanmar_Online_News

အက်ဆစ်ဖြင့်လောင်းကာ အိမ်အကူအား ရက်ရက်စက်စက် နှိပ်စက်ခဲ့သည့်အမျိုးသမီး ၂ ဦးအားအလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချ
Monday, September 16, 2019

အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင်လုပ်ခြင်း တို့ကို ကျူးလွန်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင်ပတ်သက်သူကို ယနေ့မန္တလေးခရိုင်တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချခဲ့သည် ။

ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဒေါ်နီနီနုနွယ် နှင့် ဒေါ်မိုးမိုးတို့တွင် ဒေါ်နီနီနုနွယ် မှာ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် ထောင်ဒဏ် (၇) နှစ် ကျခံနေရသည့်အတွက် ချုပ်ရက် ခံစားခွင့်မရှိဘဲ ဒေါ်မိုးမိုး မှာ ချုပ်ရက် ခံစားခွင့်ရှိကြောင်း တရားရုံး က အမိန့်ချခဲ့သည် ။

အက်စစ်နှင့် အပတ်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် မတ်လ (၁) နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းသိရရှိသည်။

 

Top
//whoursie.com/4/3018672