You are here
Home > အနုပညာ > ဖြိုးမြတ်​​အောင်​ကို မြမြ ရုပ်​ရှင်​ဇာတ်ကားရဲ့ အဓိကမင်းသားအဖြစ်​ ​တရားဝင်​​ကြေငြာလိုက်ပြီ

ဖြိုးမြတ်​​အောင်​ကို မြမြ ရုပ်​ရှင်​ဇာတ်ကားရဲ့ အဓိကမင်းသားအဖြစ်​ ​တရားဝင်​​ကြေငြာလိုက်ပြီ

လူမှုကွန်​ယက်​မှာ အရမ်းကို နာမည်​ကြီး​နေတဲ့ ဒါရိုက်​တာ ညိုမင်းလွင်​ ရိုက်​ကူးသွားမယ့်​ မြမြရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ အဓိကမင်းသားက​တော့ တရားဝင်​ ထွက်​​ပေါ်လာခဲ့ပါပြီ။ အားလုံးက မထင်​မှတ်​ထားတဲ့ မြမြရုပ်​ရှင်​ရဲ့ အဓိက မင်းသားက​တော့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်​ ပရိသတ်​အချစ်​​တော်​ ​လေး ဖြိုးမြတ်​​အောင်​ပါတဲ့​နော်​။ အဆိုပါသတင်းကိုကြားကြားချင်း ပရိသတ်​​တွေအကုန်​လုံးက အရမ်းကို အံ့အားသင့်ခဲ့ကြရတာပါ​နော်​။

ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်​​အောင်​ကို “မြမြ” ရုပ်​ရှင်​ဇာတ်ကားရဲ့ အဓိကမင်းသားအဖြစ်​ ​တရားဝင်​​ကြေငြာခဲ့တဲ့ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတ​ယ်​​နော်​​။

မြမြ ရုပ်​ရှင်​က တာဝန်​ရှိသူတစ်​ဦးက​တော့ “မြမြ ရုပ်ရှင်ကားရဲ့မင်းသားပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသားတေးသံရှင်ဆုပိုင်ရှင်၊ Myanmar Idol 2018 Winner ဖြိုးမြတ်အောင် မနေ့ကပေးထားတဲ့သဲလွန်စများဒေါက်တာလူကြီးတစ်ဦး – စီးပွားရေးဒေါက်တာဘွဲ့ရ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် – ဦးဖြိုးမင်းသိန်း ရုပ်ရှင်မင်းသားတစ်ဦး – ဖြိုးငွေစိုး မင်းသမီးယောက်ျားတစ်ဦး – ဖြိုးကြီး မင်းသမီးရည်းစားတစ်ဦး – ဖြိုးလေးအဆိုတော်တစ်ဦး – ဖြိုးပြည့်စုံ၊ ၎င်းတို့၏နာမည်အစစာလုံးမှာတူနေတာကတော့ ဖြိုး ဖြစ်ပါတယ်၊ ဦးဖြိုးမင်းသိန်းအစား ဒေါက်တာဖြိုးသီဟ လို့သဲလွန်စကောက်ယူခဲ့ကြသူများကိုလည်း အမှန်ပေးထားပါတယ်

၊ဖြိုးမြတ်အောင် အဲဒီသဲလွန်စများအပြင် အောက်ဆုံးစာပိုဒ်မှာ ဖြိုးမြတ်အောင်ရဲ့ ထွက်ရှိတော့မယ့် Album သင့်အတွက်မနက်ဖြန် ကိုရည်ရွယ်ပြီး မနက်ဖြန်ကသင့်အတွက်ပါ လို့ထည့်ရေးပြထားပေးခဲ့ပါသေးတယ်၊လို့ဖြေခဲ့ကြတဲ့ပရိသတ်များဆယ်ဦးထက်ကျော်လွန်နေတဲ့အတွက် မေတ္တာတုံ့ပြန်သောအားဖြင့် နောက်ထပ်ငါးဦးထပ်မံတိုး၍ချီးမြှင့်ပေးလိုက်ပါတယ်၊အဖြေမှန်သူများထဲကဆယ့်ငါးဦးကို မဲနှိုက်ရွေးချယ်မှာဖြစ်ပြီး ၎င်းဆယ့်ငါးဦးဟာ မြမြ logo ပါ 45 အကောင်းစားမိုးကာဂျာကင်များကို 20 ရက်နေ့မှစတင်၍ ဖုန်းနံပါတ်ျီးမြှင့်ပေးသို့ဆက်သွယ်ထုတ်ယူနိုင်ကြမှာဖြစ်ပါတယ်။ဘယ်သူတွေကံထူးကြမလဲဆိုတာ မနက်ဖြန်ည 8:00 နာရီ မြမြ page မှာကြေငြာပေးမှာမို့လို့ မြမြ page မှာ အတူဆက်ပြီးရှိနေပေးကြပါဦး” ဆိုပြီး မြမြရုပ်​ရှင်​ထဲက အဓိကမင်းသားအဖြစ်​ ဖြိုးမြတ်​​အောင်​ကို ​ရွေးခြယ်​ဖြစ်​တဲ့အ​ကြောင်း ​ကြေငြာထားတာပါ။

ချစ်​ပရိသတ်​​တွေ​ရော အလန်းစားမင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​နဲ့ အတူတွဲဖက်​ပြီး မြမြရုပ်​ရှင်​ထဲမှာ မြင်​​တွေ့ရ​တော့မယ့်​ ဖြိုးမြတ်​​အောင်​ရဲ့ သတင်းကို ဘယ်​လိုမြင်​မိကြလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။

Source : momolay
Source:မြမြရုပ်​ရှင်​ဇာတ်​ကားကြီး

Top
//woafoame.net/4/3018672