You are here
Home > Facebook သတင္းစံု > ေမာ္လ္ဒိုက္ႏုိင္ငံတြင္က်င္းပမည့္ႏုိင္ငံတကာၿပိဳင္ပြဲ(၂)ခုသို႔ သက္ထားသူဇာ သြားေရာက္ယွဥ္ၿပိဳင္

ေမာ္လ္ဒိုက္ႏုိင္ငံတြင္က်င္းပမည့္ႏုိင္ငံတကာၿပိဳင္ပြဲ(၂)ခုသို႔ သက္ထားသူဇာ သြားေရာက္ယွဥ္ၿပိဳင္

ျမန္မာ့လက္ေရြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာသည္ ႏုိင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲ(၂)ခုကိုယွဥ္ၿပိဳင္ရန္ စက္တင္ဘာလ(၁၆)ရက္၌ ေမာ္လ္ဒိုက္ႏိုင္ငံသို႔ ထြက္ခြာသြားေၾကာင္းသိရသည္။

အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ သက္ထားသူဇာ၏ ဖခင္ျဖစ္သူ ဦးထြန္းထြန္းေဇာ္က ေျဖၾကားေပးျခင္းျဖစ္သည္။“ ၿပိဳင္ပြဲကေတာ့(၂)ခုပါ။ ဒီေန႔ပဲသြားပါၿပီ။ အမ်ားႀကီးေတာ့ေမွ်ာ္မွန္းမထားပါဘူး။ ကစားသမားေကာင္းေတြလည္း ပါလာမွာဆိုေတာ့ဒီလိုပဲႀကိဳးစားရမွာေပါ့။ ၿပီးသြားတဲ့ၿပိဳင္ပြဲကေန အမွတ္ ၁၇၅၀ ရသြားပါတယ္။ မနက္ျဖန္ Ranking တစ္ဆင့္အေျပာင္းအလဲျဖစ္မယ္။ အခုၿပိဳင္ပြဲ(၂)ခုကေနလည္း အိုလံပစ္ၿပိဳင္ပြဲ၀င္ေရာက္ႏုိင္ေရး အေထာက္အကူျပဳႏုိင္မွာပါ။”ဟု ဦးထြန္းထြန္းေဇာ္ကေျပာသည္။

ယင္းၿပိဳင္ပြဲႏွစ္ခုမွာ International Seriesႏွင့္ Future Series ၿပိဳင္ပြဲျဖစ္ၿပီး စက္တင္ဘာလ(၁၇)ရက္မွ ၂၉ရက္အထိ ေမာ္လ္ဒိုက္ႏုိင္ငံတြင္က်င္းပသြားမည္ ျဖစ္သည္။သက္ထားသူဇာသည္ စက္တင္ဘာလ(၁၀)ရက္မွ (၁၅)ရက္အထိ္ ျမန္မာႏုိင္ငံကအိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ေသာ ႏိုင္ငံတကာစီးရီးၿပိဳင္ပြဲတြင္ တတိယဆုရရွိခဲ့သည္။

သက္ထားသူဇာသည္ ၂၀၂၀ အိုလံပစ္ၿပိဳင္ပြဲဝင္ရန္ရည္မွန္းကာ ဒိန္းမတ္ႏုိင္ငံတြင္ ေလ့က်င့္ေရးဆင္းၿပီး တစ္ဖက္တြင္လည္း ႏုိင္ငံတကာစီးရီးပြဲမ်ားဝင္ေရာက္ယွဥ္ၿပဳိင္၍ ေရႊတံဆိပ္မ်ားရယူေနသူျဖစ္သည္။

Credit-အကုန္သိ

Unicode Version ဖြင့် ဖတ်ပါ
★★★

မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ(၂)ခုကိုယှဉ်ပြိုင်ရန် စက်တင်ဘာလ(၁၆)ရက်၌ မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။

အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဖြေကြားပေးခြင်းဖြစ်သည်။“ ပြိုင်ပွဲကတော့(၂)ခုပါ။ ဒီနေ့ပဲသွားပါပြီ။ အများကြီးတော့မျှော်မှန်းမထားပါဘူး။ ကစားသမားကောင်းတွေလည်း ပါလာမှာဆိုတော့ဒီလိုပဲကြိုးစားရမှာပေါ့။ ပြီးသွားတဲ့ပြိုင်ပွဲကနေ အမှတ် ၁၇၅၀ ရသွားပါတယ်။ မနက်ဖြန် Ranking တစ်ဆင့်အပြောင်းအလဲဖြစ်မယ်။ အခုပြိုင်ပွဲ(၂)ခုကနေလည်း အိုလံပစ်ပြိုင်ပွဲဝင်ရောက်နိုင်ရေး အထောက်အကူပြုနိုင်မှာပါ။”ဟု ဦးထွန်းထွန်းဇော်ကပြောသည်။

ယင်းပြိုင်ပွဲနှစ်ခုမှာ International Seriesနှင့် Future Series ပြိုင်ပွဲဖြစ်ပြီး စက်တင်ဘာလ(၁၇)ရက်မှ ၂၉ရက်အထိ မော်လ်ဒိုက်နိုင်ငံတွင်ကျင်းပသွားမည် ဖြစ်သည်။သက်ထားသူဇာသည် စက်တင်ဘာလ(၁၀)ရက်မှ (၁၅)ရက်အထိ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော နိုင်ငံတကာစီးရီးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။

သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ရန်ရည်မှန်းကာ ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရေးဆင်းပြီး တစ်ဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများဝင်ရောက်ယှဉ်ပြိုင်၍ ရွှေတံဆိပ်များရယူနေသူဖြစ်သည်။

Credit-အကုန်သိ

Top
//thefacux.com/4/3018672