
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“ပရိသတ်တွေရဲ့ ဝေဖန်မှုကိုအကြီးအကျယ် ခံနေရတဲ့ မအေးသောင်း”
ပရိသတ်တွေရဲ့ စိုးရိမ်တကြီး စောင့်ကြည့်ခံနေရတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးနဲ့ အဆိုတော် G Fatt တို့စုံတွဲလေးရဲ့ အချစ်ရေးကတော့ ဒီရက်ပိုင်းမှ အက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။နန်းဆုနဲ့ G Fatt တို့ကတော့ ချစ်သူသက်တမ်း (၂)နှစ်ကျော်သည့်အထိ နားလည်မှု ယုံကြည်မှုတွေနဲ့ လက်တွဲလာခဲ့ကြပြီး လက်ရှိမှာတော့ ပြဿနာနည်းနည်းရှိလာတာကြောင့် ပရိသတ်တွေက စိတ်ပူနေကြတာလည်းဖြစ်ပါတယ်။
အနုပညာညီအစ်မ၊လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပရိသတ်အချစ်တော် မအေးသောင်းကတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နာမှ G Fatt နဲ့ဆုံတုန်းလေးရိုက်ကူးထားတဲ့ ပုံရိပ်လေးနဲ့အတူ “ဆရာစံမြေးလေးနဲ့တွေ့တုန်း အသဲကွဲသီချင်းလေးတွေမျှော်နေမယ်နော်။ ကိုယ်က အသဲကွဲတဲ့ ဖီလင်ကြိုက်လို့ ပါ။” လို့ တင်ခဲ့တဲ့အပေါ် နန်းဆုနဲ့G Fatt တို့စုံတွဲလေးကိုချစ်တဲ့ ပရိသတ်တွေကတော့ ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။နန်းဆုဘက်ကလည်း” ပရိသတ် မဟုတ်ဘဲ ကိုယ်နဲ့လည်း ခင်နေလျက်သားနဲ့ ဝမ်းသာအားရပြတာမျိုး စနောက်တာမျိုး ကျတော့ ဒေါသထွက်မိတယ် ။ သူများနှလုံးသားတွေနဲ့ ရင်းနှီးထားရတဲ့အရာကို ဘယ်တော့မှ စနောက်တာ ပျက်ရယ်ပြုတာကို စိတ်မကောင်းဖြစ်မိတယ် ။ ကိုယ်သာဆိုရင်တော့ ဘယ်တော့မှ အခုလို လုပ်မှာမဟုတ်သလို သူများအတွဲတွေ အဆင်ပြေအောင်ရင် ကြားစေ့ပေးမိမှာပါ ။
အဲဒီPost ကို မြင်လိုက်ရချိန်မှာ ဒါ ငါဘယ်တော့မှ သူတစ်ပါးကို မလုပ်ရမယ့် အရာဆိုတာ သင်ခန်းစာ ရလိုက်တယ်”လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။နန်းဆုနဲ့ G Fatt တို့ စုံတွဲလေးကိုချစ်တဲ့ ပရိသတ်တွေကတော့ မအေးသောင်းအခုလို တင်ထားတဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေကြသဖြင့် မအေးသောင်းရဲ့ ပိုစ့်ကို Share ပြီး ဝေဖန်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နန်းဆုနဲ့ G Fatt တို့ အချစ်ရေးကတော့ ပြဿနာတွေနဲ့ပဲ ကြုံတွေ့နေရတာနော်။