You are here
Home > အနုပညာ > အဖေနဲ့အမေအတွက် အိမ်အသစ်လေးကိုအရင်ဝယ်ပေးပြီးမှ သူလိုချင်တဲ့ကားလေးကိုရအောင်ဝယ်လိုက်တဲ့ တိုင်ရွန်

အဖေနဲ့အမေအတွက် အိမ်အသစ်လေးကိုအရင်ဝယ်ပေးပြီးမှ သူလိုချင်တဲ့ကားလေးကိုရအောင်ဝယ်လိုက်တဲ့ တိုင်ရွန်




credit – myanmarload
Unicode

ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်ဟာဆိုရင် နှုတ်ခမ်းနီမလေးတွေ တစ်ခဲနက်အားပေးဝန်းရံကြတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။ခန့်ညားတဲ့ရုပ်ရည်နဲ့အမိုက်စား Tatoo ကြီးတွေက အရမ်းဆွဲဆောင်မှုရှိပြီး ယောကျာ်းပီသတဲ့တိုင်ရွန်က ပျိုမဒီလေးတွေရဲ့ အသည်းစွဲပါပဲနော်။မင်းသားချောလေး တိုင်ရွန်ကအနုပညာခြေလှမ်းတွေလည်းအရမ်းစိပ်လာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်နော်။

တိုင်ရွန်ကတော့ လက်တလောမှာ ပွဲအခမ်းအနားတွေတက်ရောက်ပြီး ကြော်ငြာတွေရိုက်ကူးနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးကြပြီး စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။မိဘနှစ်ပါးကိုလည်း သူ့ရဲ့အနုပညာကြေးလေးတွေနဲ့ လိုလေသေးမရှိအောင်ထားပေးပြီး သေသေချာချာဂရုစိုက်ပေးကာ အိမ်သစ်တစ်လုံးကိုလည်း ဝယ်ပေးထားတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ တိုင်ရွန်က”အဖေ အမေ ဆန္ဒအိမ်လေးလဲပြည့်သွားပြီ မယူဖြစ်လိုက်တဲ့ကားလေး အခု ကျွန်တော့် ဆန္ဒလေးလဲပြည့်သွားပြီဗျာအလုပ်တွေ ပေးတဲ့ အလုပ်ရှင်တွေအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ် ပရိတ်သတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်”ဆိုပြီး ရေးသားထားကာ မိဘဆန္ဒကိုအရင်ဦးစားပေးလိုက်ရပြီး ကားအသစ်တစ်စီးလည်းပိုင်ဆိုင်လာလို့ အရမ်းပျော်ရွှင်နေပါတယ်နော်။

Top
//thaudray.com/4/3018672