You are here
Home > အနုပညာ > ရှုတင် မှာပဲ အိချောပို၊ ကျော်ကျော်ဗို တို့နဲ့ အတူတူ မွေးနေ့ပွဲလေး ကျင်းပ ခဲ့တဲ့ ပိုင်တံခွန်

ရှုတင် မှာပဲ အိချောပို၊ ကျော်ကျော်ဗို တို့နဲ့ အတူတူ မွေးနေ့ပွဲလေး ကျင်းပ ခဲ့တဲ့ ပိုင်တံခွန်




CRD-Momolay

Unicode Version ဖြင့် ဖတ်ပါ
★★★

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော ပိုင်တံခွန်က အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ အနုပညာ လုပ်ငန်းတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ဒါရိုက်တာ ချိုဝတ်ရည် ရိုက်ကူးပုံဖော်တဲ့ “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ကျော်ကျော်ဗို၊ အိချောပိုတို့နဲ့ အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ ပိုင်တံခွန် ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့ မှာတော့ ပိုင်တံခွန်က ရှုတင်မှာပဲ ရုပ်ရှင်ရိုက်နေရတာဖြစ်ပြီး ဘာမှ ထွေထွေထူးထူး မလုပ်ကိုင်နိုင်ပါဘူး။ဒါပေမယ့် ပိုင်တံခွန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆန်းကစ်နဲ့ ပူးပေါင်းပြီး ရှုတင်မှာပဲ မွေးနေ့ပွဲ အသေးလေးကို လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပိုင်တံခွန် ရဲ့ မွေးနေ့ အမှတ်တရ ပုံရိပ်ေးလကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုသာမက အနုပညာရှင် အချင်းချင်း ကတောင် ချစ်ခြင်းတွေကို ခံထားရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ မွေးနေ့ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

CRD-Momolay

Top
//mordoops.com/4/3018672