You are here
Home > အနုပညာ > သူ့ကို အမူးတိုက်ပြီး ရွှေမှုံရတီက ဖျက်စီးမလို့ ကြံစည်နေပါတယ်ဆိုပြီး စနောက်လိုက်တဲ့ ရွှေထူး

သူ့ကို အမူးတိုက်ပြီး ရွှေမှုံရတီက ဖျက်စီးမလို့ ကြံစည်နေပါတယ်ဆိုပြီး စနောက်လိုက်တဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးက ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်တဲ့ တေးသီချင်းကောင်းတွေကို သီဆိုဖျော်ဖြေတတ်သူ တစ်ဦး ဖြစ်ပါတယ်။ ရွှေထူးက လက်ရှိအချိန်ထိလည်း အောင်မြင်မှုတွေ ရရှိနေပြီး ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ရွှေထူးက အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ဇနီးချောလေး ရွှေမှုံရတီနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက နှစ်ယောက်စလုံး အလုပ်နားချိန်မှာ တစ်ယောက်ကိုတစ်ယောက် အချိန်ပေး ဂရုစိုက်ကြတာ ဖြစ်ပါတယ်။ မနေ့ကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့က ရှုတင်နားချိန်လေးမှာ နှစ်ယောက်တည်း သွားလာစားသောက်ပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။


ရွှေထူးတစ်ယောက်ကတော့ သူ့ဘာသာ အရက်တွေသောက်တာတောင် “မူးအောင်တိုက်ပြီး ဖျက်ဆီးမလို့ထင်တယ်” ဆိုပြီး ချစ်ဇနီးလေး ရွှေမှုံရတီကို စနောက်ထားပါသေးတယ်။


ရွှေထူးတစ်ယောက် ဘယ်လောက်တောင် သောက်ထားလဲဆိုတော့ မနက်မိုးလင်းတော့ “ချာချာလည်မူး” ဆိုပြီးတော့တောင် တင်ထားတာကို သဘောကျစွာ တွေ့ရပါတယ်။


ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တကယ်ကို လိုက်လည်းလိုက်တယ်နော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
Credit Momo lay
Source: Htoo Khant’s fb

Top
//whoursie.com/4/3018672