You are here
Home > KNOWLEDGE > အမေ့အတွက် ဈေးဖိုးထောက်ပံ့ချင်လို့ ပန်းချီဆွဲနေတဲ့ ဗီယက်နမ်ကမသန်စွမ်းအမျိုးသမီး
အမေ့အတွက် ဈေးဖိုးထောက်ပံ့ချင်လို့ ပန်းချီဆွဲနေတဲ့ ဗီယက်နမ်ကမသန်စွမ်းအမျိုးသမီး
Unicode
ဘယ်အရာက အိမ်မက်ထဲမှာ ကျန်မနေခဲ့ပါ ။ ကမ္ဘာကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ် ။ ဒါပေမယ့် အိမ်မက်တွေကိုတော့ မပြောင်းလဲနိုင်ပါဘူး ။ မှတ်ဉာဏ်တွေထဲကနေလည်း ဖျက်ဆီးနိုင်စွမ်းမရှိပါဘူး ။ အဲ့ဒီစာစုလေးလိုပဲ ကျနော်တို့ဟာ ကျနော်တို့ ရဲ့ အိမ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်နိုင်ဖို့ကတော့ ဘယ်အရမှ ဖျက်စီးနိုင်စွမ်းမရှိသလို အနှောင့်ယှက်လဲ မပေးနိုင်ပါဘူး ။
လူတွေဟာ လုံလောက်တဲ့ ဇွဲ၊ လုံ့လ ၊ ဝီရိယ မရှိဘဲနဲ့ အလုပ်တစ်ခုကိုအောင် မြင်ချင်ကြပါတယ် ။ ထိုက်တန်တဲ့ အားထုတ်မှုမရှိဘဲ အိမ်မက်တွေကို အကောင်ထည် ဖော်ဖို့ကြိုးစားကြတဲ့သူတွေများပါ ။ အဲ့ဒီအချိန်မှာ ရှုံးနိမ့်မှုတွေ စပြီး ရင်ဆိုင်ရချိန်မှာတော့ လောကကြီးက မတရားဘူးဆိုတဲ့ စကားကို လွယ်လွယ်နဲ့ ပြစ်တင်ပြောဆိုကြပါတော့တယ်။ တကယ်ေ ရာ လောကကြီးကတရားခဲ့ရဲ့လား ဆိုတာကတော့ ကျနော်တို့ မေးခွန်းထုတ်သင့်နေတဲ့ အချက်ပါပဲ။
လောကကြီးကတော့ လူတိုင်းနီးပါးအတွက်တော့ တရားသဖြင့်ပါပဲ ။ တကယ်လို့သာကျနော်တို့ဟာ မွေးရာပါ အားနည်းချက်ရှိနေခဲ့မယ်ဆိုရင်တော့ လောကကြီးကတရားချင်မှ တရားပါလိမ့်မယ် ။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံရဲ့ တောင်ထူထပ်တဲ့ ဒေသတစ်ခုမှာနေထိုင်တဲ့ အသက်၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ သူရဲ့ ကိုယ်လက်အင်္ဂါတွေက မွေးဖွားစဉ်ကာလကတည်း ချို့ယွင်းနေခဲ့ပါတယ် ။ဒါပေမယ့်သူက လောက ကြီးကို အလျော့ပေးပြီး နေထိုင်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး ။မွေးဖွားလာစဉ်အချိန်တုန်းကတော့ အမွှာဖြစ်ပေမယ့်လို့ သူရဲ့အမွာတစ်ယောက်ကတော့ လောကကြီးထဲကနေ နှုတ်ဆက် ထွက်ခွာသွားခဲ့ပါပြီ ။ သူက သူရဲ့ခြေထောက်တွေကို အသုံးပြုပြီး နေ့စဉ် ပုံတွေကို ဆွဲနေတတ်ပါတယ် ။
သူအဲ့ဒီလို ပုံဆွဲနေရတဲ့ ရည်ရွယ်ချက်ကတော့ သူရဲ့ ၆၇နှစ်အရွယ် အမေ ကြီးကို စားစရိတ်နဲ့ နေ့စဉ်အသုံးစားရိတ်တွေကို ကူညီထောက်ပံ့ နိုင်ဖို့အတွက်ရည်ရွယ်ပြီး ပန်းချီကိုရေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ် ။ နေ့စဉ် သူ့ကိုဂရုစိုက်စောင့်ရှောက်နေရတဲ့ အမေကြီးကို သနားသက်ဝင်စိတ်ဖြစ်နေတဲ့ သူရဲ့ လှပတဲ့ အိမ်မက်လေးကတော့ သူရေးဆွဲထားတဲ့ပုံတွေကို ရောင်းချနိုင်ဖို့ပဲဖြစ်ပါတယ် ။ သူရဲ့နောင်လာမယ့် အနာဂတ်ဘဝလမ်းဟာထင်သလောက် ဖြောင့်ဖြူးပါ့မလား နောက်ပြီး အသက်ရွယ်တဖြည်းဖြည်းကြီးရင့်လာမယ့် သူမိခင်ဟာလည်း သူရဲ့ ကိစ္စတွေကို ဘယ်အချိန်ထိဂရုတစိုက်လုပ်ပေးနိုင်မှာလဲဆိုတာကတော့ ကျနော်တို့တွေးကြည့်လိုက်ရင် စိတ်မကောင်းဖြစ်စရာတွေပါပဲ ။ အဲ့ဒီအမျိုးသမီးရဲ့ ဘဝမှာ ကံကောင်းခြင်းများစွာက တစ်ရက်တော့ ဝင်ရောက်လာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Top
//grunoaph.net/4/3018672