You are here
Home > အနုပညာ > Mytel ရဲ့ Brand Ambassador ခန့်အပ် ပွဲလေးကို နှစ်ယောက်သား အတွဲညီညီ နဲ့ တက်ရောက်ခဲ့ကြတဲ့ နေတိုး နဲ့ ရွှေကစ်

Mytel ရဲ့ Brand Ambassador ခန့်အပ် ပွဲလေးကို နှစ်ယောက်သား အတွဲညီညီ နဲ့ တက်ရောက်ခဲ့ကြတဲ့ နေတိုး နဲ့ ရွှေကစ်

ပြည်သူချစ် အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီနေတိုး နဲ့ အကယ်ဒမီဝတ်မှုံရွှေရည် တို့ အနုပညာမောင်နှမနှစ်ယောက် ကတော့ အနုပညာလောက မှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေကြတဲ့ သူတွေဖြစ်ပါတယ် ။နေတိုး နဲ့ရွှေကစ်တို့က ပရိသတ် အင်အားလည်းအများအပြားရှိပြီး အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားနေကြလို့ အောင်မြင်မှုတွေကတော့ မရပ်တန့်သွားပါဘူးနော်။

ရွှေကစ်လေး ကလည်း အသက်၃၁နှစ် အရွယ်ဆိုပေမယ့် နုနယ်ပျိုမျစ်ပြီး အရမ်းလှပတာပါနော်။ မင်းသားချောနေတိုးရဲ့ ခန့်ညားချောမောခြင်းတွေ ကလည်း နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်း ကိုပြုစားနိုင်စွမ်းရှိပြီး အမြဲတမ်းရှင်းသန့် တည်ကြည်နေတာပဲဖြစ်ပါတယ် ။နေတိုး နဲ့ရွှေကစ်တို့နှစ်ယောက်က အနုပညာ အလုပ်တွေကိုလည်း အတူတူတွဲပြီးလုပ်ကိုင်ပါတယ်နော်။

အခုဆိုရင်လည်း နေတိုးနဲ့ရွှေကစ် တို့နှစ်ယောက်က Mytelရဲ့ brand Ambassadorခန့်အပ်ပွဲအခမ်းအနားလေးကို နှစ်ယောက်သားအတွဲညီညီလေးတွေနဲ့တက်ရောက်လာကြပါတယ်။နှစ်ယောက်လုံးက လိမ္မော်ရောင်ဝတ်စုံလေးတွေနဲ့ အရမ်းလှပြီးချောနေကြကာ ပရိသတ်တွေနဲ့ တရင်းတနှီးဆက်ဆံခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေး လိုက်ပါရစေနော်။

crd : myanmarload

Top
//sotchoum.com/4/3018672