“သီတင္းမကြၽတ္ခင္မွာပဲ တစ္႐ြာလုံးက သက္ႀကီး႐ြယ္အိုေတြကို မုန႔္ေတြနဲ႔လိုက္ကန္ေတာ့ေနတဲ့ ျဖဴျဖဴေထြး”

” သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနားႏိုင္ ” ဆိုတဲ့ စကားပုံေလးလိုပါပဲ ျဖဴျဖဴေထြးတစ္ေယာက္ ေအာင္ျမင္သြားတဲ့အခ်ိန္အခါမွာ သူမရဲ႕မိသားစုတင္မကပဲ သူမရဲ႕ရပ္႐ြာထဲက လိုအပ္ေနသူေတြကိုပါ ေထာက္ပံ့တတ္တဲ့ခ်စ္ဖို႔ေကာင္းတဲ့ စာနာကူညီတတ္တဲ့ စိတ္ထား ေလးဟာ တကယ့္ကို ေလးစား အတုယူခ်င္စရာပါ။ မၾကာခင္မွာေရာက္လာေတာ့မယ့္ သီတင္းကြၽတ္အခါသမယအတြက္ သူမရဲ႕ ရပ္႐ြာ ထဲက သက္ႀကီး႐ြယ္အိုေတြကို မုန႔္နဲ႔လိုက္ၿပီးကန္ေတာ့ေနတဲ့ Video ေလးကို လူမႈကြန္ယက္မွာ တင္ထားတာပဲျဖစ္ပါတယ္။

ကိုယ့္ကိုအသိအမွတ္ျပဳၿပီး လာကန္ေတာ့တာေၾကာင့္ ကန္ေတာ့ခံဘိုးဘြားေတြဟာ ပီတိေတြနဲ႔ ေပ်ာ္႐ႊင္ေနပုံက တကယ့္ကိုၾကည္ႏူး စရာပါ။ သူမကိုယ္တိုင္လည္း ပီတိအၿပဳံးေတြနဲ႔ အရမ္းကို ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။ ဆုေတြတသီႀကီးေပးေနတဲ့ အေမအိုႀကီးရဲ႕စကားလုံး ေတြဟာလည္း ၾကည့္ရႈသူတိုင္းရဲ႕ႏွလုံးသားကို ေႏြးေထြးသြားေစခဲ့ပါတယ္။ အၿမဲလိုလို ႐ြာထဲမွာလိုက္လႉေနတတ္တဲ့ သူမဟာ ထုံးစံ အတိုင္းပဲ ခ်စ္စရာေကာင္းတဲ့အလႉဒါနေလးေတြနဲ႔ မစိမ္းသူပါ။

သူမရဲ႕ၾကည္ႏူးစရာ Video ေလးကို ” ျပန္ၾကည့္တိုင္းပီတိမ်က္ရည္က်မိတယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ရြာထဲက က်န္းမာေရး ခ်ိဳ႕တဲ့သူသက္ၾကီးရြယ္အိုေတြကို လိုက္လွဴျပီး လူၾကီးေတြကိုလည္းေပ်ာ္ရႊင္ေအာင္ အရႊန္းေဖာက္တတ္တဲ့ ခ်စ္ဖို႔ေကာင္းတဲ့ေက်းေတာသူ ေလး ျဖဴျဖဴေထြးရဲ႕ ျဖဴစင္လြန္းတဲ့စိတ္ဓာတ္နဲ႔အျပဳအမူေလးေတြကို Video ေလးနဲ႔ တင္ဆက္ေပးလိုက္ပါတယ္။

Video / Photo – Phyu Phyu Htwe
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” သီတင်းမကျွတ်ခင်မှာပဲ တစ်ရွာလုံးက သက်ကြီးရွယ်အိုတွေကို မုန့်တွေနဲ့လိုက်ကန်တော့နေတဲ့ ဖြူဖြူထွေး ”

” သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် ” ဆိုတဲ့ စကားပုံလေးလိုပါပဲ ဖြူဖြူထွေးတစ်ယောက် အောင်မြင်သွားတဲ့အချိန်အခါမှာ သူမရဲ့မိသားစုတင်မကပဲ သူမရဲ့ရပ်ရွာထဲက လိုအပ်နေသူတွေကိုပါ ထောက်ပံ့တတ်တဲ့ချစ်ဖို့ကောင်းတဲ့ စာနာကူညီတတ်တဲ့ စိတ်ထားလေးဟာ တကယ့်ကို လေးစား အတုယူချင်စရာပါ။ မကြာခင်မှာရောက်လာတော့မယ့် သီတင်းကျွတ်အခါသမယအတွက် သူမရဲ့ ရပ်ရွာထဲက သက်ကြီးရွယ်အိုတွေကို မုန့်နဲ့လိုက်ပြီးကန်တော့နေတဲ့ Video လေးကို လူမှုကွန်ယက်မှာ တင်ထားတာပဲဖြစ်ပါတယ်။

ကိုယ့်ကိုအသိအမှတ်ပြုပြီး လာကန်တော့တာကြောင့် ကန်တော့ခံဘိုးဘွားတွေဟာ ပီတိတွေနဲ့ ပျော်ရွှင်နေပုံက တကယ့်ကိုကြည်နူးစရာပါ။ သူမကိုယ်တိုင်လည်း ပီတိအပြုံးတွေနဲ့ အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။ ဆုတွေတသီကြီးပေးနေတဲ့ အမေအိုကြီးရဲ့စကားလုံးတွေဟာလည်း ကြည့်ရှုသူတိုင်းရဲ့နှလုံးသားကို နွေးထွေးသွားစေခဲ့ပါတယ်။ အမြဲလိုလို ရွာထဲမှာလိုက်လှူနေတတ်တဲ့ သူမဟာ ထုံးစံအတိုင်းပဲ ချစ်စရာကောင်းတဲ့အလှူဒါနလေးတွေနဲ့ မစိမ်းသူပါ။

သူမရဲ့ကြည်နူးစရာ Video လေးကို ” ပြန်ကြည့်တိုင်းပီတိမျက်ရည်ကျမိတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရွာထဲက ကျန်းမာရေးချို့တဲ့သူသက်ကြီးရွယ်အိုတွေကို လိုက်လှူပြီး လူကြီးတွေကိုလည်းပျော်ရွှင်အောင် အရွှန်းဖောက်တတ်တဲ့ ချစ်ဖို့ကောင်းတဲ့ကျေးတောသူလေး ဖြူဖြူထွေးရဲ့ ဖြူစင်လွန်းတဲ့စိတ်ဓာတ်နဲ့အပြုအမူလေးတွေကို Video လေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

Video / Photo – Phyu Phyu Htwe
Happy – Cele Gabar