You are here
Home > အနုပညာ > “သားသမီးလေးတွေရဲ့ ရှေးဘဝကံအကျိုးပေးကြောင့် မျှော်လင့်မထားဘဲ မိသားစုပရိဘောဂများစွာကို ရရှိခဲ့တဲ့ ခိုင်နှင်းဝေ”






Source: Khine Hnin Wai

NORA:CeleGabar

(Unicode ဖြင့်ဖတ်ရန်)

သားသမီးလေးတွေရဲ့ ရှေးဘဝကံအကျိုးပေးကြောင့် မျှော်လင့်မထားဘဲ မိသားစုပရိဘောဂများစွာကို ရရှိခဲ့တဲ့ ခိုင်နှင်းဝေ

ဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ရပေမယ့်လည်း ကိုယ့်သားကိုယ့်သမီးလိုသဘောထားပြီး မိဘမဲ့နေတဲ့ ကလေးတွေရဲ့ဘဝကို မိခင်မေတ္တာလေးပေးနိုင်အောင်ကြိုးစားနေတဲ့ ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေဆိုတာ ဖြူစင်တဲ့ ပရဟိတနှလုံးသားပိုင်ရှင်လေးပါပဲနော်။ သူမဟာ သားသမီးလေးတွေ ဘဝမှာအဆင်ပြေပြေနဲ့ ကြီးပြင်းသွားနိုင်ဖို့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားလျက်ရှိပါတယ်နော်။

သူမချစ်တဲ့ကလေးတွေရယ် ပရဟိတအလုပ်တွေရယ် ပြီးတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေရယ် စတာတွေကို ဇယ်ဆက်သလိုလုပ်နေရပေမယ့်လည်း မပင်မပန်း အပြုံးမပျက်တဲ့ မိခင်လေးတစ်ယောက်ပါပဲနော်။ ဒီလို သားသမီးတွေအပေါ်ကိုထားတဲ့ မေတ္တာတရားကစစ်မှန်တာကတစ်ကြောင်း ကလေးတွေရဲ့ရှေးဘဝက ကုသိုလ်ကအကျိုးပေးတာကတစ်ကြောင်းနဲ့ သူမတို့ရဲ့ ခိုင်မိသားစုအတွက်လိုအပ်နေတဲ့ အိမ်တွင်းပစ္စည်းပေါင်းများစွာကို အံ့သြဖို့ကောင်းစွာပဲ အလှူခံရရှိခဲ့ပါတယ်နော်။

” ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံင် ဂေဟာအတွက် စိန်နှင့်မြ မွေ့ယာ ပရိဘောဂမှ.. ရေမြုပ်ခေါင်းအုံး – ၁၀၀ လုံး၊ Foam B ( 6’*6.5’*2”) – ၂၅ ခု၊ Foam B ( 2.5’*6.5’*2”) – ၂၅ ခု၊ Pillow ( 22”*21”) – ၃၀ လုံး ၊Bouter (14”*16.5”) – ၃၀ ခု ၊Foam A (ချည်) (3’*6.5”*2”) -၁၅ ခု၊Foam A (ချည်) (27”*15”*2”) -၁ ခု၊Foam A (ချည်) (18”*32”*2”) -၁ ခု၊Foam A (ချည်) (36”*25”*2”) -၁ ခု၊

Foam A (ချည်) (39”*25”*2”) ၁ ခု၊ Foam B (ချည်) ( 42”*25”*2”) – ၁ ခု ၊ Foam A (ချည်) ( 2’*3’*2’ ) – ၃၀ ခု၊ Foam A (ချည်) (20”*30”*2”) -၁ ခုတို့ လက်ခံရရှိပါတယ်ရှင် ” ဆိုပြီးတော့ရရှိခဲ့တဲ့ အလှူပစ္စည်းလေးတွေကို နံပါတ်စဉ်လေးတွေသေချာတတ်ပြီးတော့ နတ်လူသာဓုခေါ်လို့ရအောင် ချစ်ပရိသတ်တွေကိုမျှဝေပေးထားတာတွေ့ရပါတယ်နော်။ ကဲ… မိခင်ကောင်းတစ်ယောက်ရဲ့ လက်ထဲမှာ ကုသိုလ်ကံကောင်းကောင်းနဲ့ ကြီးပြင်းလာတော့မယ် သားသမီးလေးတွေရဲ့ ကံကြမ္မာကတော့ ဘယ်လောက်တောင်လှပတောက်ပြောင်လာလိမ့်မလဲနော် ချစ်ပရိသတ်တို့ရေ…

Top
//doruffleton.com/4/3018672