You are here
Home > အနုပညာ > “တစ်ဦးတည်းသောဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆုံတွေ့ကြမယ့် ဝတ်မှုံရွှေရည်၊ ဟိန်းဝေယံနဲ့ ရွှေထူး

“တစ်ဦးတည်းသောဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆုံတွေ့ကြမယ့် ဝတ်မှုံရွှေရည်၊ ဟိန်းဝေယံနဲ့ ရွှေထူး

ပရိသတ်တွေ ချစ်ကြတဲ့ ဟိန်းဝေယံ၊ ဝတ်မှုံရွှေရည်နဲ့ ရွှေထူးတို့ကို အတူတကွ တွေ့မြင်နိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်အချိန်အတွင်းမှာ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီါ် အမြင်ကတော့ “တစ်ဦးတည်းသောဣတ္ထိယ” လို့ အမည်ရပါတယ်။

“တစ်ဦးတည်းသောဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး) က ရိုက်ကူးပုံဖော်မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟိန်းဝေယံ၊ ဝတ်မှုံရွှေရည် နဲ့ ရွှေထူးတို့ကို ရုပ်ရှင်တစ်ကားတည်းမှာ အတူတူ တွေ့မြင်ရမှာ သဘောကျကြမယ် ထင်ပါတယ်။

မနေ့က စက်တင်ဘာလ (၁၇) ရက်နေ့မှာတော့ “တစ်ဦးတည်းသောဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီး အကြိုတွေ့ဆုံပွဲကို ဟိန်းဝေယံ၊ ဝတ်မှုံရွှေရည် နဲ့ ရွှေထူးတို့ သုံးယောက်စလုံး တက်ရောက်လာတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးလည်း ဒိတ်ဒိတ်ကြဲ သုံးယောက် အတူတူ သရုပ်ဆောင်မယ့် “တစ်ဦးတည်းသောဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုဖို့ မစောင့်နိုင်ကြတော့ဘူး ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wai Minn Maung’s fb

Top
//atservineor.com/4/3018672