You are here
Home > အနုပညာ > (၄)မိနစ္စာပဲရွိေပမယ့္ (၄)လေလာက္ စိတ္ဖိစီးမႈမ်ားစြာနဲ႕ ဖန္တီးပံုေဖာ္ခဲ့ရတဲ့ ေမရဲ႕ သီခ်င္းသစ္ေလး

(၄)မိနစ္စာပဲရွိေပမယ့္ (၄)လေလာက္ စိတ္ဖိစီးမႈမ်ားစြာနဲ႕ ဖန္တီးပံုေဖာ္ခဲ့ရတဲ့ ေမရဲ႕ သီခ်င္းသစ္ေလး

ေမကေတာ့ မိန္းကေလးေတြအားက်ရတဲ့ အဆီမရွိတဲ့ သြယ္လ်တဲ့ ေဘာ္ဒီကို ပိုင္ဆိုင္ထားတဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ျဖစ္ပါတယ္။ ေမာ္ဒယ္လ္သ႐ုပ္ေဆာင္အျဖစ္ အႏုပညာေလာကတြင္ ရပ္တည္ေနသူျဖစ္ၿပီး ပရိသတ္အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ေမကေတာ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ပိုင္းသာမက အဆိုပိုင္းမွာပါ ကြၽမ္းက်င္တဲ့ ပါရမီရွိသူျဖစ္ၿပီး ငယ္စဥ္ကတည္း အဆိုပိုင္းကိုဝါသနာပါသူလို႔လည္းသိရပါတယ္။

ထို႔ျပင္ သူမဟာ ပရိသတ္ေတြကို Live လႊင့္ကာ သီခ်င္းေတြသီဆိုျပေလ့ရွိသူျဖစ္ၿပီး သီခ်င္းနဲ႔ပတ္သက္ၿပီး “Marry Me” ဆိုတဲ့ သီခ်င္းအယ္လ္ဘမ္ထြက္ရွိထားပါေသးတယ္။ ႏိုင္ငံေက်ာ္မင္းသားႀကီး ေဒြးရဲ႕ “မင္းေလးကိုခ်စ္လို႔” သီခ်င္းကို ပုံစံေျပာင္းၿပီး ျပန္ဆိုထားတဲ့ သီခ်င္းေလးကလည္း ပရိသတ္ေတြပါးပ္ဖ်ားဒမွာ ေရပန္းစားခဲ့တာပဲ ျဖစ္ပါတယ္။

ေမကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာလည္း အားစိုက္လုပ္ေဆာင္တတ္တဲ့ သူျဖစ္ၿပီး “သတို႔သမီး” ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးမွာ မတရားအသတ္ခံရၿပီး အၿငိဳးအေတးႀကီးတဲ့ သရဲမေလး အျဖစ္ အေကာင္ဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ရဲ႕ ခ်ီးက်ဴး အားေပးမႈမ်ားစြာရရွိခဲ့ပါတယ္။

မၾကာမီထြက္ရွိမည့္ သည္းထိတ္ရင္ဖို႔ ဇာတ္ကားႀကီး တစ္ကားျဖစ္တဲ့ “Memories Of Tomorrow” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ အကယ္ဒမီေက်ာ္ေက်ာ္ဗိုလ္၊သ႐ုပ္ေဆာင္ ႏွင့္ ေတးသံရွင္ စိုင္းဆိုင္လႈိင္း တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။လတ္တေလာမွာလည္း သ႐ုပ္ေဆာင္ ေအာင္ရဲထိုက္၊ေအာင္ျမင့္ျမတ္ တို ႔နဲ ႔အတူ ႐ိုက္ကူးေနတဲ့ သည္းထိပ္ရင္ဖို ဒရာမာပုံစံ “ကတိ-Promise” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ေန႔ေရာညပါ မနားတမ္း႐ိုက္ကူးခဲ့တယ္လို႕ သိရပါတယ္။

လက္ရွိမွာလည္း သူမရဲ့သီခ်င္းသစ္ေလးကို လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝမၽွ်ခဲ့တာျဖစ္ပါတယ္။ သီခ်င္းနာမည္ေလးကေတာ့ ” LOST ” ျဖစ္ၿပီး ေတးေရးဆရာကေတာ့ Marshall (WhyphY)ပဲ ျဖစ္ပါတယ္။ ” LOST “သီခ်င္းေလးကေတာ့ ေခါင္းစဥ္ေလးအတိုင္းပဲ ခ်စ္သူႏွစ္ဦးရဲ႕ အမွတ္တရေတြက အရာရာ ေပ်ာက္ဆံုးသြားသလို ျဖစ္ကာ လုပ္ေနက်အရာေတြကို မလုပ္ျဖစ္ေတာ့ပဲ တစ္ေယာက္ထဲေယာင္ခ်ာခ်ာ ျဖစ္ေနရတဲ့ မိန္းကေလးတစ္ဦးအေၾကာင္းေရးဖြဲံထားတာပဲ ျဖစ္ပါတယ္။

ထိုသီခ်င္းသစ္ေလးကေလးမိနစ္စာပဲရွိေပမယ့္ ေမ ကေတာ့ (၄)လေလာက္ စိတ္ဖိစီးမႈမ်ားစြာနဲ႕ ဖန္တီးပံုေဖာ္ခဲ့ရတဲ့သီခ်င္းေလး ျဖစ္တယ္လို႕ သိရပါတယ္။ တင္ၿပီးနာရီပိုင္းတြင္းမွာပဲ ေသာင္းခ်ီခဲ့တဲ့ သီခ်င္းေလးတစ္ပုဒ္ပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ေမရဲ႕ သီခ်င္းသစ္ေလးကိုနားဆင္ၿပီး ရသတစ္ခုခုျဖစ္ျဖစ္ ခံစားခ်က္တစ္ခုခုျဖစ္ က်န္ခဲ့ရင္ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : May
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” (၄)မိနစ်စာပဲရှိပေမယ့် (၄)လလောက် စိတ်ဖိစီးမှုများစွာနဲ့ ဖန်တီးပုံဖော်ခဲ့ရတဲ့ မေရဲ့ သီချင်းသစ်လေး ”

မေကတော့ မိန်းကလေးတွေအားကျရတဲ့ အဆီမရှိတဲ့ သွယ်လျတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်ဖြစ်ပါတယ်။ မော်ဒယ်လ်သရုပ်ဆောင်အဖြစ် အနုပညာလောကတွင် ရပ်တည်နေသူဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

မေကတော့ မော်ဒယ် သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းမှာပါ ကျွမ်းကျင်တဲ့ ပါရမီရှိသူဖြစ်ပြီး ငယ်စဉ်ကတည်း အဆိုပိုင်းကိုဝါသနာပါသူလို့လည်းသိရပါတယ်။ ထို့ပြင် သူမဟာ ပရိသတ်တွေကို Live လွှင့်ကာ သီချင်းတွေသီဆိုပြလေ့ရှိသူဖြစ်ပြီး သီချင်းနဲ့ပတ်သက်ပြီး “Marry Me” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ထွက်ရှိထားပါသေးတယ်။ နိုင်ငံကျော်မင်းသားကြီး ဒွေးရဲ့ “မင်းလေးကိုချစ်လို့” သီချင်းကို ပုံစံပြောင်းပြီး ပြန်ဆိုထားတဲ့ သီချင်းလေးကလည်း ပရိသတ်တွေပါးပ်ဖျားဒမှာ ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။

မေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း အားစိုက်လုပ်ဆောင်တတ်တဲ့ သူဖြစ်ပြီး “သတို့သမီး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မတရားအသတ်ခံရပြီး အငြိုးအတေးကြီးတဲ့ သရဲမလေး အဖြစ် အကောင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်ရဲ့ ချီးကျူး အားပေးမှုများစွာရရှိခဲ့ပါတယ်။

မကြာမီထွက်ရှိမည့် သည်းထိတ်ရင်ဖို့ ဇာတ်ကားကြီး တစ်ကားဖြစ်တဲ့ “Memories Of Tomorrow” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်၊သရုပ်ဆောင် နှင့် တေးသံရှင် စိုင်းဆိုင်လှိုင်း တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။လတ်တလောမှာလည်း သရုပ်ဆောင် အောင်ရဲထိုက်၊အောင်မြင့်မြတ် တို့နဲ့အတူ ရိုက်ကူးနေတဲ့ သည်းထိပ်ရင်ဖို ဒရာမာပုံစံ “ကတိ-Promise” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း နေ့ရောညပါ မနားတမ်းရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း သူမရဲ့သီချင်းသစ်လေးကို လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျျှခဲ့တာဖြစ်ပါတယ်။ သီချင်းနာမည်လေးကတော့ ” LOST ” ဖြစ်ပြီး တေးရေးဆရာကတော့ Marshall (WhyphY)ပဲ ဖြစ်ပါတယ်။ ” LOST “သီချင်းလေးကတော့ ခေါင်းစဉ်လေးအတိုင်းပဲ ချစ်သူနှစ်ဦးရဲ့ အမှတ်တရတွေက အရာရာ ပျောက်ဆုံးသွားသလို ဖြစ်ကာ လုပ်နေကျအရာတွေကို မလုပ်ဖြစ်တော့ပဲ တစ်ယောက်ထဲယောင်ချာချာ ဖြစ်နေရတဲ့ မိန်းကလေးတစ်ဦးအကြောင်းရေးဖွဲံထားတာပဲ ဖြစ်ပါတယ်။

ထိုသီချင်းသစ်လေးကလေးမိနစ်စာပဲရှိပေမယ့် မေ ကတော့ (၄)လလောက် စိတ်ဖိစီးမှုများစွာနဲ့ ဖန်တီးပုံဖော်ခဲ့ရတဲ့သီချင်းလေး ဖြစ်တယ်လို့ သိရပါတယ်။ တင်ပြီးနာရီပိုင်းတွင်းမှာပဲ သောင်းချီခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မေရဲ့ သီချင်းသစ်လေးကိုနားဆင်ပြီး ရသတစ်ခုခုဖြစ်ဖြစ် ခံစားချက်တစ်ခုခုဖြစ် ကျန်ခဲ့ရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : May
Shwe Poe – CeleGabar

Top
//thaudray.com/4/3018672