
ဘာလာလာ ရုပ်ရှင်ကားကြီးကတော့ မနက်ဖြန်မှာပဲ ရုံတင်ပြသတော့မှာဖြစ်ပါတယ် ။ သရုပ်ဆောင် မြင့်မြတ် ၊ ကျော်ကျော်ဗိုလ် ၊ ရဲလေးနဲ့ သက်မွန်မြင့် တို့အပြင် ဟာသ သရုပ်ဆောင်တွေများစွာနဲ့အတူ ရိုက်ကူးထားတဲ့ ဟာသကားလေးတစ်ကားလဲ ဖြစ်ပါတယ် ။
Official Trailer နဲ့တင် ပရိတ်သတ် စိတ်ဝင်စားမှု အပြည့်အဝရရှိထားတဲ့ ဟာသကားလေးတစ်ကားပါ ။ ဒီကားလေးရဲ့ တစ်နေရာမှာတော့ သက်မွန်မြင့်က မြင့်မြတ်ကို ချီထားရတဲ့ အခန်းတစ်ခန်းပါပါတယ် ။ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လဲ မြင့်မြတ်ကို နိုင်နိုင်နင်းနင်း ချီထားတာကို တွေ့ရပါတယ် ။
အဆိုပါဇာတ်ကားရိုက်နေတုန်းက သူမက ဝ နေတဲ့အချိန်ဖြစ်သလို မြင့်မြတ်က ပိန်ပြီး အရိုးပဲရှိတာကြောင့် အေးဆေးချီနိုင်တာပါလို့ ပြောပြထားပါတယ် ။ ကဲ ပရိတ်သတ်ကြီးရေ ဟာသဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ ဘာလာလာ ရုပ်ရှင်ကားကြီးကို မနက်ဖြန်ကျ သွားရောက်အားပေးလိုက်ကြပါအုံး
လတ်တလောမှာတော့ ပရိသတ်တွေအကြိုက် ဘ၀အမောပြေစမည့် ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်အချစ်တော် နိုင်ငံကျော်မင်းသမီးချော အကယ်ဒမီ သက်မွန်မြင့်နဲ့ နိုင်ငံကျော် မင်းသားချော အကယ်ဒမီ မြင့်မြတ်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဟာသတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရုပ်တည်ကြီးနဲ့ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ အမြဲလုပ်တတ်တဲ့ ကိုကြံ့(ကျော်ကျော်ဗိုလ်) ကတော့ အောက်ပိုင်းသေနေပေမဲ့ သီချင်းသံကြားရင် မကပဲမနေနိုင်အောင် အနုပညာပိုးကြီးပြီး
မော်ဒယ်မလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဘီးကြဲ အဖြစ်အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။နိုင်ငံကျော် အဆိုတော်ရဲလေးကလည်း ၀ါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြိုင် ဘယ်လိုတွေဂဠုန်ဆန်ပြီးအကြီးကြီးဝုန်းထားတယ် ဆိုတာကတော့ ရုံတင်တဲ့ရက် မှာ သွားကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးမှာလည်း တတ်သစ်စသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ ဟန်နီ ကတော့ တတ်သစ်စတစ်ယောက်လို့ မထင်ရလောက်အောင် သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေချပြထားတာလည်းဖြစ်ပါတယ်။
“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်အချစ်တော် သက်မွန်မြင့်ကတော့ တခါမမြင်ဖူးတဲ့ နောက်လည်းမြင်ရခဲမည့် ၀၀တုတ်တုတ် ဇီဇာကြောင်အပျိုကြီးအဖြစ် ပါဝင်ပြီး အစအနောက်သန်တဲ့ ငယ်သူငယ်ချင်းကြီး မြင့်မြတ်နဲ့ ဆုံမိရာကစကာ နှစ်ယောက်လုံးရဲ့ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ အစအနောက်၊ အချေအတင်ပုံစံလေးတွေကို စိတ်ဝင်စားစရာမြင်တွေရမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မြင့်မြတ်နဲ့ ချစ်သက်တို့ရဲ့ ပါးစပ်မစေ့နိုင်အောင် ရယ်ရမည့် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ရုံတင်ပြတော့မျာမို့ သွားရောက်အားပေးကြမို့ တိုက်တွန်းလိုက်ပါတယ်နော်။
Source: ဘာလာလာ ရုပ်ရှင်ဇာတ်ကားကြီး
DarDar-CeleGabar