You are here
Home > အနုပညာ > ရှုတင် တစ်ဖက်၊ စားမေးပွဲ တစ်ဖက် နဲ့ ဆေးသွင်းရတဲ့ အထိ အားပြတ်သွားတဲ့ နေခြည်ရွှန်းလက်

ရှုတင် တစ်ဖက်၊ စားမေးပွဲ တစ်ဖက် နဲ့ ဆေးသွင်းရတဲ့ အထိ အားပြတ်သွားတဲ့ နေခြည်ရွှန်းလက်

ချစ်စရာကောင်းတဲ့ အပြုံးတွေ နဲ့ ပရိသတ်တွေ ကို အေးချမ်းစေသူလေး နေခြည်ရွှန်းလက်က MRTV 4 ဇာတ်လမ်းတွဲတွေ နဲ့ အောင်မြင်လာသူ တစ်ဦးဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က သရုပ်ဆောင် မလုပ်ခင် မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပေမယ့် သရုပ်ဆောင် အလုပ်လုပ်မှ ပိုပြီးအောင်မြင်လာတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်က လက်ရှိ မှာ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေ ကို လုပ်ပိုင်နေရင်း စာမေးပွဲအတွက် စာကလည်း တစ်ဖက် ကျက်နေရသေးတာ ဖြစ်ပါတယ်။ ရိုက်ကွင်းနားချိန် ခဏလေးတောင် စာကျက်နေရတာမို့ နားချိန်ရယ် လို့ မရှိတော့ပါဘူး။

နေခြည်ရွှန်းလက်က ရိုက်ကူးရေး နဲ့ စာမေးပွဲကြောင့် အားပြတ်ကာ အားဆေးသွင်း လိုက်ရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။နေခြည်ရွှန်းလက်ကတော့ သူမရဲ့ ပရိသတ်တွေကို မစိုးရိမ်ဖို့ပြောရင်း ဒီနေ့ဖြေဆိုမယ့် စာမေးပွဲကိုလည်း အကောင်းဆုံးကြိုးစားဖြေဆိုသွားမယ်လို့ ပြောထားပါတယ်။

နေခြည်ရွှန်းလက်လေး ဒီနေ့ဖြေဆိုရမယ့် စာမေးပွဲမှာ အခက်အခဲ မရှိ အားလုံးဖြေဆိုနိုင်ပြီး ကျန်းမာရေးလည်း အမြန်ဆုံးကောင်းမွန်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

CRD-Rowena,Source: Nay Chi Shoon Lak’s fb

Top
//whoursie.com/4/3018672