You are here
Home > အနုပညာ > အသက် (၃၂)နှစ်ပြည့်မွေးနေ့ရက်လေးကို တစ်ယောက်တည်းဖြတ်သန်းခဲ့တဲ့ နန်းဆု

အသက် (၃၂)နှစ်ပြည့်မွေးနေ့ရက်လေးကို တစ်ယောက်တည်းဖြတ်သန်းခဲ့တဲ့ နန်းဆု

နန်းဆုရတီစိုးကတော့ (၂၀၀၄)ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော် အနေနဲ့ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

အဆိုတော် G-Fattနဲ့ သူမရဲ့ အချစ်ရေးဟာလည်း (၂)နှစ်ကျော်အထိ သက်တမ်းရှိလာခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ပြဿနာလေးတွေအနည်းငယ်ရှိနေတာကြောင့် သူတို့ စုံတွဲလေးကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကတော့ ပြန်လည် အဆင်ပြေဖို့ကို တောင်းဆိုမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာလ (၁၈)ရက်နေ့လေးကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုနဲ့ အသက် (၃၂)နှစ်ပြည့်မြောက်မွေးနေ့ရက်မြတ်လေးပါ။မွေးနေ့မတိုင်ခင်ကတည်းက နန်းဆုက သူမရဲ့ ပရိသတ်တွေနဲ့ မွေးနေ့အကြိုပွဲလေးကို အိမ်မှာကျင်းပပြုလုပ်ခဲ့ပါသေးတယ်။မွေးနေ့တွေမှာ ချစ်သူဖြစ်တဲ့ အဆိုတော် G-Fattနဲ့ အတူတူ ကုသိုလ်ကောင်းမှုလေးတွေကို အတူတူပြုလုပ်လေ့ရှိတာဖြစ်ပြီး ဒီနှစ်မွေးနေ့လေးမှာတော့ တစ်ယောက်တည်းသာပြုလုပ်နေတာကြောင့် နန်းဆုရဲ့ ပရိသတ်တွေနဲ့ သူတို့ နှစ်သူနှစ်ဦးစလုံးကို အားပေးတဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပါ။

ဒီနေ့မွေးနေ့လေးမှာတော့ နန်းဆုဟာ ဘုရားမှာ ရွှေသင်္ကန်းကပ် ပန်းရေချမ်းကပ်လှူပူဇော် ခိုစာကျွေး ငါးစာကျွေး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ အကြောင်း “မွေးနေ့မှာ ဘုရားတက် ရွှေသင်္ကန်းကပ် ပန်းရေချမ်းကပ်လှူပူဇော် ခိုစာကျွေး ငါးစာကျွေး ကုသိုလ်ယူခဲ့ပါတယ်။ပြုပြုသမျှ ကုသိုလ်များကို အားလုံးကို အမျှဝေပါတယ်။အားလုံး ကျန်းမာ စိတ်ချမ်းသာပြီး သာယာပျော်ရွှင်ကြပါစေလို့ တောင်းဆုပြုပါတယ်ရှင့်။”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သူမရဲ့ ပုံလေးတွေနဲ့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ နန်းဆုရဲ့ မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေပြောခဲ့ပေးပါဦးနော်။

Top
//waufooke.com/4/3018672