You are here
Home > အနုပညာ > “ဇော်” ဇာတ်ကောင် အပေါ် သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်ပေးပါ ဆိုတဲ့ ရှင်မွေလ

“ဇော်” ဇာတ်ကောင် အပေါ် သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်ပေးပါ ဆိုတဲ့ ရှင်မွေလ

ပရိသတ်တွေ အရမ်းကို ကြိုက်တဲ့ နှင်းဆီ ဇာတ်လမ်းတွဲကြီးကတော့ အခုဆိုရင်ပြီးသွားခဲ့ပါပြီ။ ပြသ နေတဲ့ အချိန် တောက် လျောက်မှာလည်း အပိုင်း (၁)က စပြီး နောက်ဆုံး ဇာတ်သိမ်း အထိ ပရိသတ်တွေ ကို ဆွဲဆောင် သွားနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ၀တ္ထု နှင်းဆီကို ပုံဖော် ထားတာပါ။ မိန်းကလေး တစ်ယောက်ရဲ့ တုံ့ပြန်လက်စားချေ၊ အဆိပ်ပြင်းတဲ့ စိတ်ကို လှလှပပပုံဖော်သွားတာပါ။ နှင်းဆီ ဇာတ်လမ်းတွဲကို ဇော် ဆိုတဲ့ ဇာတ်ကောင်နဲ့ ပံ့ပိုးပေးခဲ့တဲ့ ရှင်မွေ လကတော့ သူ့ရဲ့ Fb မှာ Post တင်ထားပါတယ်။

သူသရုပ်ဆောင်တဲ့ ဇော်ဆိုတဲ့ ဇာတ်ကောင် ကပီပြင်မှု ရှိလား၊ ဇော် ဇာတ်ကောင် အပေါ် သူ့ရဲ့ သရုပ်ဆောင်ချက်တွေ ကို ပရိသတ်တွေ အနေနဲ့ ဘယ်လို မြင်ကြလဲ ဝေဖန် ပေးကြပါအုံးဆိုပြီး ရှင်မွေလက တောင်းဆိုထားပါတယ်။“နှင်းဆီလေးရယ် ပါဝင်ထားတဲ့သရုပ်ဆောင်အနေနဲ့ မဟုတ်ဘဲ ပရိတ်သတ်အနေနဲ့  ပဲပြောပါရစေ ကျွန်တော် အရမ်းကိုကြိုက်တဲ့ ဇာတ်လမ်းတွဲ လေးပါ မပြီးစေ ချင် သေး တာ အမှန်ပါပြီးတော့ …..ဇော် ဆို တဲ့ ကာရိုက်တာ အပေါ်မှာရော ကျွန်တော်….တာဝန်ကြေရဲ့ လားလို့  ကျွန်တော် သိ ချင် မိ တယ် ကျေးဇူးပြု၍ဝေဖန်ပေးကြပါနော်……” ဆိုပြီး တင်ထားပါတယ်။

နှင်းဆီဆိုတဲ့ ဇာတ်ကားထဲက အဓိက သရုပ်ဆောင်တွေ ကတော့ ခေးဆက်သွင်နဲ့ စည်သူဝင်း ပါ။ ဒါရိုက်တာကတော့ ပြည်သစ်နိုင်ပါ။ ဒီဇာတ်ကားထဲမှာတော့ ရဲအောင် ၊ခေးဆက်သွင်၊ စည်သူဝင်း၊ ရှင်မွေလ ၊ဝေလာရီ…အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ရှင်မွေလကတော့ ရဲအောင်ရဲ့ သား ၊ဝေလာရီ နဲ့ အမြွှာ မောင်နှမ ဇော်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။

Source:Shin Mwe La,CRD-Auntymay

Top
//meenetiy.com/4/3018672