You are here
Home > အနုပညာ > မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာသည့် သံဃာတော်များကို မိသားစုနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့တဲ့နန်းဆု
မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာသည့် သံဃာတော်များကို မိသားစုနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့တဲ့နန်းဆု
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
နန်းဆုရတီစိုးကတော့ (၂၀၀၄)ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော် အနေနဲ့ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော် G-Fattနဲ့ သူမရဲ့ အချစ်ရေးဟာလည်း (၂)နှစ်ကျော်အထိ သက်တမ်းရှိလာခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ပြဿနာလေးတွေအနည်းငယ်ရှိနေတာကြောင့် သူတို့ စုံတွဲလေးကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကတော့ ပြန်လည် အဆင်ပြေဖို့ကို တောင်းဆိုမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။
ဒီနေ့ စက်တင်ဘာလ (၁၈)ရက်နေ့လေးကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုနဲ့ အသက် (၃၂)နှစ်ပြည့်မြောက်မွေးနေ့ရက်မြတ်လေးပါ။မွေးနေ့မတိုင်ခင်ကတည်းက နန်းဆုက သူမရဲ့ ပရိသတ်တွေနဲ့ မွေးနေ့အကြိုပွဲလေးကို အိမ်မှာကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ နန်းဆုက မွေးနေ့မနက်ပိုင်းမှာ ဘုရားသွားကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ပါသေးတယ်။ မိသားစုနဲ့ အတူလဲ ကုသိုလ်ပြုခဲ့တဲ့ နန်းဆုက ေ”မွးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာသည့် သံဃာတော်များကို မိသားစုနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော် ” ဆိုပြီး မွေးနေ့အလှူပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီး အတွက် နန်းဆုရဲ့ မွေးနေ့အလှူပုံရိပ်တွေကိုလဲဖော်ပြပေးလိုက်ပါတယ်နော်။ ကွီး G Fatt ကလဲ နန်းဆုရဲ့ မွေးနေ့မှာ ည ၁၂ နာရီတိတိမှာ မွေးနေ့ဆုတောင်း ပေးခဲ့တာကြောင့် နန်းဆုလေးကပျော်ရွှင်နေပါတယ်။ နန်းဆုတို့ စုံတွဲလေး မြန်မြနိပြန်အဆင်ပြေကြပါစေနော်။
Top
//whoursie.com/4/3018672