You are here
Home > အနုပညာ > ည (၁၂)နာရီ တိတိမှာ မွေးနေ့ ဆုတောင်းပေးတဲ့ G Fatt ကြောင့် ကြည်နူးပျော်ရွှင်နေတဲ့ နန်းဆုရတီစိုး

ည (၁၂)နာရီ တိတိမှာ မွေးနေ့ ဆုတောင်းပေးတဲ့ G Fatt ကြောင့် ကြည်နူးပျော်ရွှင်နေတဲ့ နန်းဆုရတီစိုး

ပရိသတ်တွေက ချစ်စရာ အရုပ်မလေးလို့တောင် တင်စားခေါ်ဝေါ်ကြရတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ပရိသတ်တွေကို ခံစားချက်အပြည့်နဲ့ သီချင်းတွေသီဆိုပြီး ချပြလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ နန်းဆုလေးက ဒီနေ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မနက်ခင်းလေး မှာ ဘုရားတက် ခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ နန်းဆု ဟာ ဘုရားကို တစ်ယောက်ထဲသွားကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ်။

နန်းဆု နဲ G Fatt တို့ရဲ့ အချစ်ရေး ကတော့ ပရိသတ်တွေကစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ အချစ်လွန်ပြီး ပြသနာလေးတွေတက်နေတဲ့ သူတို့နှစ်ဦးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုလေးကိုခံနေရတာပဲဖြစ်ပါတယ်။ ဒီကနေ့ နန်းဆုရဲ့ မွေးနေ့မှာတော့ ချစ်သူ G Fatt က မွေးနေ့ဆုတောင်းပေး ခဲ့ပါတယ်။ နန်းဆုကလဲ G Fatt ရဲ့ မွေးနေ့ဆုတောင်းကြောင့် ကြည်နူးပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

နန်းဆုက ” ဆယ်နှစ်နာရီ တစ်မိနစ်လောက် မှာ ဖုန်းဝင်လာပြီး တော့ Happy birhtay မွေးနေ့မှာပျော်ရွှင်ပါစေ ဆိုပြီး Birthday wish ကိုသတိတရနဲ့လုပ်ပေးပါတယ်။ ဒီလိုအခြေအနေမှာလဲ နန်းဆုကိုသတိတရ နဲ့ မွေးနေ့ရက်မှာ ပျော်ရွှင်စေချင်တဲ့ ဆန္ဒနဲ့ ဒီလိုမျိုး ညသန်းခေါင် 12 နာရီ တိတိမှာ Birthday wish လုပ်တာဆိုတော့ ရင်ထဲမှာတော့ စိတ်ထဲမှာတော့ အော် အဲ့လိုမျိုးလေးသတိရပြီးတော့ ပျော်ရွှင်စေချင်ပါလားဆိုပြီးတော့ အဲ့လိုမျိုးဖြစ်မိပါတယ်။ ကျေးဇူးလဲ တင်ပါတယ်”ဆိုပြီး ကြည်နူးနေတဲ့မျက်နှာ လေးနဲ့ ပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးလဲ G Fatt တို့စုံတွဲလေး မြန်မြန်အဆင်ပြေအောင် ဆုတောင်းပေး ခဲ့ကြပါဦးနော်။

Video;Popular,CRD-Swelsonenews

Top
//waufooke.com/4/3018672