Video ကြည့်ရန်
Unicode ဖြင့်ဖတ်ရန်
တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ဇနီးချောလေး ရွှေမှုံကို အရမ်းချစ်တဲ့ ရွှေထူးကတော့ လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်တစားဖြစ်ခဲ့ရတဲ့ ပိုစ့်တစ်ခုကို လူမှုကွန်ယက်မှာ တင်လိုက်တာ တွေ့ရပါတယ်။ ရွှေထူးကတော့ လတ်တလောမှာ ဇနီးချောလေးကို အရမ်းလွမ်းတဲ့အကြောင်း ပိုစ့်တစ်ခုတင်ထားပြီး အဆိုပါ ပိုစ့်အောက်မှာတော့ ရွှေမှုံလေးက ဗိုက်ထဲမှာ အသည်းလေးထည့်ထားတဲ့ Sticker လေး မန့်ခဲ့တာကြောင့် ပရိသတ်တွေက ရွှေပေါက်စလေးကို မြင်တွေ့ရတော့မလားဆိုပြီး အရမ်းသိချင်နေကြတာပါနော်။
အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ရွှေမောင်နှံကတော့ ကလေးယူဖို့ စောသေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုလေ့ရှိပေမယ့်လည်း ပရိသတ်တွေကတော့ ရွှေပေါက်စလေးကို အရမ်းမြင်ချင်နေကြပါပြီ။
ရွှေထူးတင်ထားတဲ့ “ရွှေထူးပေါက်စ” ဆိုတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ရွှေမှုံဘာပြောထားလဲ ကြည့်လိုက်နော်။ ပရိသတ်ကြီးအတွက် ရွှေမှုံရတီရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
Video Source : Cele Yatkwat