
ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့အချစ်တွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကလည်း အပါအဝင်ပါပဲ..။
ဘေဘီလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ အနုပညာရှင်အဖြစ်ရပ်တည်နေသလို အဆိုတော်ချောလေး သားဂန်းနဲ့လည်း ကြည်နူးစရာအချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။
အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးဘေဘီမောင်ကိုတော့ အခုတစ်ခါမှာ တာဝန်ကျေပွန်တဲ့ ပြည်သူ့ရဲမေလေးတစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။
ဘေဘီလေးကတော့ ရဲမေတာဝန်တွေကျေပွန်အောင် ထမ်းဆောင်နေလို့ မတွေ့ဖြစ်နိုင်သေးတဲ့ ချစ်သူလေးကို တောင်းပန်စကားလေး ဆိုလိုက်ပြီး ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်..။
“တာဝန်ကျနေလို့ မောင်နဲ့မတွေ့နိုင်တာခွင့်လွတ်ပါ..” အမှတ်တရဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေေးတွကိုလည်း ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။
ရိုးရှင်းအေးချမ်းတဲ့ ပုံရိပ်လေးတွေနဲ့ အမြဲမြင်တွေ့ရတဲ့ ဘေဘီလေးကိုတော့ အခုလို ရဲမေဝတ်စုံလေးနဲ့ လိုက်ဖက်ညီစွာ မြင်တွေရတဲ့အတွက်လည်း ပရိသတ်တွေက သဘောကျနေကြတာဖြစ်ပြီး Comment လေးတွေမှာ ပြောထားကြပါတယ်..။
Photo Credit – Baby Maung’s Facebook